ကိုဗစ်(၁၉)ရောဂါမျိုးစိတ်သစ်ဖြစ်တဲ့ အိုမီခရွန် ဟာတခြားနိုင်ငံတွေမှာ လတ်တလောကူးစက်ပျံ့ပွားလျက်ရှိပါတယ်။
အခုလိုဖြစ်ပွားနေချိန် မြန်မာနိုင်ငံမှာလည်း ရောဂါဖြစ်ပွားလာခဲ့ရင် ရန်ကုန်-ရန်ကင်း ကိုဗစ်စင်တာကိုအခြေပြုပြီး လူမှုကူညီရေးတွေ လူနာသယ်ယူပို့ဆောင်ရေးတွေကိုလုပ်ဆောင်ပေးသွားမှာဖြစ်သလို လူနာတွေအတွက်လိုအပ်တဲ့ အောက်စီဂျင်ရရှိဖို့နဲ့ စင်တာမှာရောဂါကူးစက်ခံရတဲ့သူတွေကို ထားရှိကုသပေးနိုင်ဖို့အတွက် ကုတင် ၆၀၀ ကျော်ကိုလည်း အဆင်သင့်ပြင်ဆင်ထားတယ်လို့ ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းကပြောပါတယ်။
"လူနာတွေအတွက် ကုတင် ၆၀၀ ကျော်ကိုအဆင်သင့်ပြင်ဆင်ပေးထားသလို အောက်စီဂျင်ရအောင်လည်း အဆင်သင့်ပြင်ဆင်ထားတယ် လူနာသယ်ယူပို့ဆောင်ရေးအတွက် ရှင်သန်ရေးကူညီမှုအသင်းက လူနာတင်ယာဥ် ၂၆ စီးကိုလည်းအဆင်သင့်လုပ်ထားပါတယ်"လို့ ဥက္ကဋ္ဌဦးထွန်းထွန်းဦးကပြောပါတယ်။
လူနာတင်ယာဥ်တွေအပြင် မြို့တွင်းကအထပ်မြင့်တိုက်ခန်းတွေမှာနေထိုင်တဲ့သူတွေ အောက်စီဂျင်အရေးပေါ် လိုအပ်လာတဲ့အခါ သယ်ယူပို့ဆောင်ရေးတွေအတွက်လည်း Canter ကားကြီးနှစ်စီးကိုလည်းအသင့်ပြင်ဆင်ထားပါတယ်။
အိုမီခရွန် ကိုဗစ်(၁၉)ရောဂါမျိုးစိတ်သစ်မကူးစက်နိုင်စေဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ်(၁၉)ရောဂါစည်းမျဥ်းစည်းကမ်းတွေအတိုင်း သွားလာနေထိုင်ဖို့ကိုလည်း ဥက္ကဋ္ဌဦးထွန်းထွန်းဦးက တိုက်တွန်းအကြံပြုခဲ့ပါတယ်။
Post a Comment