" NLD မဲမသမာမှု လုပ်မလုပ်ဆိုတာထက်
မဲမသမာမှု စွပ်စွဲချက်ကို NLD က ဖြေရှင်းမသွားဘူး။
ပြည်သူလူထုသိအောင် သက်သေပြ မသွားဘူး။
သက်သေပြချင်ရင် ပြလို့ရရဲ့သားနဲ့ ပြမသွားဘူး။
အဲ့ဒီတော့ ကျတော်တို့ ကြိုက်သည်ဖြစ်စေ.. မကြိုက်သည်ဖြစ်စေ.. သမိုင်းထဲမှာတော့ မဲစာရင်းပြသနာကို မရှင်းခဲ့ဘူးဆိုတာကို ရှင်းခဲ့ပါတယ်လို့တော့ လိမ်ညာပြီးရေးလို့ မရပါဘူး။
နိုင်ငံအခုလိုဖြစ်လိမ့်မယ်နော်... ကိုယ့်ဘက်ကမှန်နေရင်...
- စုစုပေါင်းမဲပေးခွင့်ရှိသူများစာရင်း၊
- ကြိုတင်မဲပေးသူများစာရင်းနဲ့
- ရွေးကောက်ပွဲနေ့ မဲပေးသူများစာရင်း ဆိုတဲ့
မဲစာရင်း၃ခုကို ပြည်သူသိအောင်ချရှင်းလိုက်ပါလို့ စိုးရိမ်သူတွေက ဝိုင်းပြီး တောင်းပန်နေတဲ့ကြားက NLDဟာ နောက်ဆုံးအချိန်ထိ ချပြမသွားခဲ့ဘူး။
စစ်တပ်က တောင်းဆိုတာတွေ၊ ညှိုနှိုင်းတာတွေ၊ အဆင်မပြေတာတွေက သူတို့ချင်းကိစ္စ။ ပြည်သူလူထုနဲ့ရော နိုင်ငံတော်နဲ့ရော မဆိုင်ဘူး။
အခုဟာက နိုင်ငံအခုလိုဖြစ်မှာကို စိုးရိမ်တဲ့ပြည်သူတွေက တောင်းဆိုတဲ့ အမှန်တရားကို ပြည်သူသိအောင် ချပြလို့ရရဲ့သားနဲ့ ချမပြခဲ့ဘူး။ အဲ့ဒီ မဲစာရင်း အမှန်တရားကို ပြည်သူသိအောင် ချမပြရဘူးလို့လည်း အခြေခံဥပဒေထဲမှာ ကန့်သတ်မထားခဲ့ဘဲနဲ့ ချမပြခဲ့ဘူး။
နောက်ဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူနဲ့အတူ နိုင်ငံတော်ကို ချောက်ထဲဆွဲခေါ်သွားခဲ့တယ်။
ဖြေရှင်းလိုက်ရင် ကျသွားမယ့် သူ့နိုင်ငံရေးသိက္ခာနဲ့... နိုင်ငံတော်ကို အလဲအထပ် လုပ်သွားခဲ့တယ်။
အဲ့ဒီတော့ အားမနာတမ်းပြောရရင် မဲစာရင်းရဲ့အမှန်တရား မရရှိရာကနေ တက်တဲ့ပြသနာဖြစ်တယ်။
အမှန်တရားမရှိလို့ တက်ပါတယ်ဆိုမှ ငါတို့ဘက်မှာ အမှန်တရားရှိတယ်ဆိုတော့ မခက်ပေဘူးလား။
တကယ်လို့ NLD ကသာ အမှန်တရားကို ချပြခဲ့ရင် ဒီပြသနာ တက်မလား။
အဲ့ဒီတော့ မေးခွန်းက
အခု အရေးတော်ပုံဟာ အမှန်တရားကိုချပြလို့ ဖြစ်ပေါ်တာလား...
အမှန်တရားကိုဖုံးကွယ်လို့ ဖြစ်ပေါ်လာတာလား ဆိုတာပါပဲ။
လူပြိန်းတွေက မေးလိမ့်မယ်။
ကြံ့ခိုင်ရေးက NLDကို နိုင်စရာလားဆိုတဲ့မေးခွန်း။
အဖြေက ရှင်းတယ်။ နောက်ဆယ်နှစ်အထိ NLDကို ကြံ့ခိုင်ရေးက နိုင်စရာအကြောင်းမရှိဘူး။
ဒါဆိုဘာလို့ NLD က မဲခိုး မဲလိမ်ဖို့ လိုအပ်မှာလဲ။
ဒဲ့ပြောရရင် အခုနိုင်တာထက် ၁၂ရာခိုင်နှုန်း လျှော့ပြီးနိုင်မှာကို ကြောက်လို့ မဲလိမ် မဲခိုး လုပ်ရတာပဲ။
၁၂ ရာခိုင်နှုံးလျှော့ပြီး နိုင်ရင် ဘာဖြစ်မလဲ။
ကိုယ်တိုင်စိတ်ကြိုက်အစိုးရ မဖွဲ့နိုင်တော့ဘူး။
တိုင်းရင်းသားတွေနဲ့ညှိပြီး ညွှန့်ပေါင်းဖွဲ့ရတော့မယ်။
ဒါဆို တိုင်းရင်းသားတွေနဲ့ NLD အဆင်ပြေလား။
မပြေပါဘူး။ အဆင်မပြေရုံမက ပြသနာပါတက်နေတာ။
အဆိုးဆုံးက ရခိုင်တွေနဲ့ပြသနာတက်တယ်။ ရခိုင်မှာ မဲအများဆုံးရရှိတဲ့ ရခိုင်အမျိုးသားပါတီကို အနိုင်ကျင့်ပြီး ရခိုင်ဝန်ကြီးချုပ်ရာထူးကို NLD ပါတီဝင်ကို ခန့်လိုက်တယ်။ ရခိုင်ခေါင်းဆောင်ဒေါက်တာအေးမောင်ကို ထောင်နှစ်ကြီးချတယ်။ AAကိုအပြုတ်တိုက်လို့ပြောတယ်။လွှတ်တော်ထဲမှာ ရခိုင်အမတ်တွေတင်သမျ အဆိုတွေ မေးခွန်းတွေကို ပယ်ချတယ်။ ကိုဖီအာနန်ကော်မရှင်အပါအဝင် ရခိုင်နဲ့ပတ်သက်တဲ့ကော်မရှင်ကော်မတီအားလုံးရခိုင်အမတ်တွေကို အသိမပေးဘဲဖွဲ့တယ်။ NLD ဘယ်တုန်းကမှမနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒနယ် ၂၀ ကို ရွေးကောက်ပွဲ လုပ်မပေးခဲ့ဘူး။
ရခိုင်နဲ့ အဆင်မပြေတော့ ရှမ်းနဲ့ရောပြေလားဆိုတော့ ရှမ်းအင်အားကြီးပါတီ SNLD ကို မဟာမိတ်လုပ်စရာ အကြောင်းမရှိဘူးလို့ ပေါ်တင်ပြောလွှတ်လိုက်တယ်။
ဒါတင်ပဲလားဆိုတော့ ချောင်းဆုံတံတားကို အကြောင်းပြုပြီး မွန်တွေနဲ့ရန်ဖြစ်တယ်။ အဆိုးဆုံးက ကိုယ့်ပြည်နယ်ဝန်ကြီးချုပ်တွေကို ကိုယ့်ဖာသာခန့်လို့ရမယ့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို NLD က ပယ်ချလိုက်တယ်။
အဲ့လောက်အနိုင်ကျင့်ထားမှတော့ တိုင်းရင်းသားတွေနဲ့ ညွှန်းပေါင်းဖွဲ့ဖို့ NLD အနေနဲ့ ယုံကြည်မှုရှိပါဦးမလား။
သူအနိုင်ကျင့်ထားတဲ့ တိုင်းရင်းသားသုံးမျိုးကလည်း မြန်မာနိုင်ငံမှာအဖက်ဖက်က အင်အားကြီးတဲ့လူမျိုးတွေ။
ပိုဆိုးတာက အစိုးရသက်တမ်း ၅ နှစ်အတွင်းမှာ အချက်အလက်အရဆိုရင် စီးပွားရေးရော ငြိမ်းချမ်းရေးရော မတိုးတက်တဲ့အပြင် ဆုတ်ယုတ်နေခဲ့တယ်။
ဒီကြားထဲ no vote လှိုင်းက တေစ္ဆခြောက်တယ်။
ဒါပေမယ့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကြောင့် NLDဟာ မဲအများဆုံးရတဲ့ ပါတီဖြစ်မှာသေချာပေမယ့် ၂၀၁၅တုန်းကလို တကိုယ်တော်အစိုးရဖွဲ့နိုင်ဖို့ကတော့ သေချာတဲ့ အနေအထားမှာ မရှိဘူး။
အံ့သြဖို့ကောင်းလွန်းတာက ၂၀၁၅ ထက်တောင်ပိုပြီး NLD ဟာ ၂၀၂၀မှာ ပိုပြီး မဲနိုင်သွားတယ်။ အဲ့ဒီမှာပဲ အံ့သြဘ ကမ္ဘောဇတွေ ဖြစ်ကုန်တော့တာပါပဲ။
ပထမအကြိမ်အနိုင်ရလဒ်ထက် ဒုတိယအကြိမ် အနိုင်ရလဒ်က ပိုသာတာ ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ NLD ဟာ ကမ္ဘာ့ပထမဆုံးပါတီဖြစ်နေလို့ပါ။ ဂျော့ဘုရှ်ရော အိုဘားမားရော လင်ကွန်းရော သူတို့ရဲ့ဒုတိယသက်တမ်းအတွက်အနိုင်ရတဲ့ မဲရလဒ်က ပထမအကြိမ်အနိုင်ရတဲ့ မဲရလဒ်ကို မမီခဲ့ကြပါဘူး။ NLDကတော့ စီးပွားရေးဆုတ်ယုတ်နေတဲ့အပြင် တိုင်းရင်းသားတွေနဲ့ပါ ရန်ဖြစ်နေတဲ့ကြားက ဒုတိယအကြိမ်မှာ ပိုပြီး နိုင်သွားခဲ့ပါတယ်။
ဒီနေရာမှာ သဘောရိုးနဲ့ မေးတဲ့သူတွေရှိပါတယ်။
မဲမသမာမှုဖြစ်နိုင်ခြေက ဆယ်သန်းကျော်ဆိုတော့
ပြည်သူဆယ်သန်းကျော်က မဲနှစ်ခါထည့်ခဲ့တာလား။
လုံးဝမဟုတ်ပါဘူး။
NLD ကို မဲနှစ်ခါ သုံးခါ၊ နှစ်နေရာ သုံးနေရာထည့်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။
ရှင်းအောင်ပြောရရင် ခများက NLDကို မဲထည့်တယ်ဆိုပါတော့၊
ဒီမဲဆန္ဒနယ်မှာ ခများက တစ်ခါပဲ ထည့်ခဲ့ပေမယ့် ခများနာမည်က တခြားမဲဆန္ဒနယ်ရဲ့ ကြိုတင်မဲပေးသူများ စာရင်းထဲမှာပါနေတာပါ။ အဲ့ဒီတော့ ခများက တစ်ကြိမ်ပဲ မဲထည့်ခဲ့ပေမယ့် ခများမဲက တစ်နေရာ နှစ်နေရာမက ပါနေနိုင်တာပါပဲ။ အဲ့လို ဟုတ်မဟုတ်က...
• စုစုပေါင်းမဲပေးခွင့်ရှိသူများရဲ့ အမည်စာရင်းရယ်
• ကြိုတင်မဲပေးသူများရဲ့ အမည်စာရင်းရယ်
• ရွေးကောက်ပွဲနေ့မှာ မဲပေးသူများရဲ့ အမည်စာရင်းရယ်ကို
၃ ခုပေါင်းပြီးတိုက်စစ်လိုက်ရင် ထင်ထင်ရှားရှားကြီးပေါ်လာမှာပါ။ ဘယ်ပါတီကိုမဲထည့်လဲဆိုတာ ပြစရာမလိုပါဘူး။
မဲပေးသူများအမည်စာရင်းကိုပြတာနဲ့ အမှန်တရားပေါ်ပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ အဲ့စာရင်း ၃ ခုကို
ပြည်သူသိအောင်ချပြဖို့ နောက်ဆုံးအချိန်ထိ ငြင်းဆိုသွားခဲ့တယ်။
ပြည်သူလူထုကို ပေးမသိသွားခဲ့ဘူး။
ဒီအကြောင်းတရားတွေကို အခုတော်လှန်နေတဲ့ လူကြီးလူငယ် အများစုက သတိမထားမိကြဘူး။
တဝမ်းပူ (Tun Lin Htet)
Post a Comment