နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားအုပ်စု ၈ ခုတို့ကို လုပ်ကိုင်ရန် အဆိုပြုလာသူ မြန်မာနိုင်ငံသားပင်ဖြစ်စေ၊ နိုင်ငံခြားသား ရင်းနှီးမြှုတ်နှံသူပင်ဖြစ်စေ မည်သူမဆို ဦးစားပေးခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။
အဆိုပါ လုပ်ငန်း ၈ ခုမှာ လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဓာတ်မြေဩဇာထုတ်လုပ်သည့် လုပ်ငန်းများ၊ ဘိလပ်မြေထုတ်လုပ်သည့်လုပ်ငန်းများ၊ သံမဏိထုတ်လုပ်သည့်လုပ်ငန်းများ၊ စိုက်ပျိုးရေး/ မွေးမြူရေး လုပ်ငန်းများနှင့်
ဆက်စပ်လုပ်ငန်းများ၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။
ဖော်ပြပါ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် အဆိုပြုလွှာတင် သွင်းကြရန် ဖိတ်ခေါ်ထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များကပါ လိုအပ်သည်များ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews
Post a Comment