" စာတွေဖတ်ပြီး စာတွေတတ်ထားကြဖို့ လိုပါ့မယ် "

နိုင်ငံရေးသမားတွေဟာ သိပ်ပြီး ကြောက်ဖို့ ကောင်းတယ်...

သူတို့နေရာ၊ သူတို့အစွမ်းပြချင်တာနဲ့ -

" ပြည်သူကို သူတို့လိုချင်တဲ့ဘက်ကို ဆွဲပြီး ဦးလှည့်ပေးတတ်လို့ "........

ဥပမာ -

- ချာချီက ဒုတိယကမ္ဘာစစ်ပြီးတော့ သူ့မှာ အစွမ်းဆက်ပြီး ပြစရာစရာ မရှိဘူး.......
- ဒီတော့ စစ်ရှုံးသွားပြီတဲ့ ဖြစ်တဲ့ ဂျာမဏီကို ဟစ်တလာကို ဖယ်ရှားပြီးဖြစ်လို့ ပြန်ပြီး လက်နက်တပ်ဆင်ပေးရမယ်.....

- လက်နက်တပ်ဆင်ပေးလိုက်ရင် တပ်မ(၁၇)မ ရလာမယ်....

- ရလာတဲ့ တပ်မတွေနဲ့ အင်္ဂလိပ်၊ အမေရိကန်တပ်တွေနဲ့ ပေါင်းမယ်.....

- အခု အနောက်ကမ္ဘာရဲ့ လတ်တလောအလုပ်သည် -

" ကွန်မြူနစ်စနစ်ကို တိုက်ဖျက်ရေး ".......

ဒီတော့ -

" ဆိုဗီယက်ကို ဆက်တိုက်ရမယ် "........

လို့ အဆိုပြုခဲ့ဘူးတယ်......

အခြားနိုင်ငံတွေက သဘောမတူလို့ ဆိုဗီယက်ကို မတိုက်ဖြစ်ကြတာ.......
ဒီလိုပါဘဲ.......

အာဏာရှင်ဟစ်တလာကိုလဲ -

- ထိုက်သင့်တဲ့ နယ်မြေအကန့်အသတ်နဲ့ ကျေနပ်ပါ .....

- ဆက်ပြီး နယ်မြေချဲ့ထွင်ရေးတွေလုပ်နေရင် ရန်သူများလာပြီး ဂျာမဏီပြည် ပျက်စီးသွားမယ် .......

လို့ .......

" ဂျာမန်တပ်မတော် စစ်ဦးချုပ် General Von Beck ကကန့်ကွက်ခဲ့ဘူးတယ် "......

ပြောစကားနားမထောင်ဘဲ အစွမ်းတွေပြချင်တော့ ဟစ်တလာဟာ -

- သူ့အသက်ဆုံးရှုံးရုံမျှမက.......

- ဂျာမန်စစ်သည်တွေ သေကြေခဲ့ရသလို.......

- ဂျာမဏီပြည်ဟာလဲ ထောင်းလမောင်းကျေခဲ့ရတယ်.......

ဒါကြောင့် -

" နိုင်ငံရေးသမားတွေက လိုချင်တဲ့ ဂွင်ထဲကို ဆွဲသွင်းမသွားနိုင်စေဖို့ "..........

လူထုက -

- ဉာဏ်ပညာရှိနေဖို့.......

- ဉာဏ်ပညာရင့်ကျက်နေဖို့ .......

- ဆင်ခြင်တုံတရားတွေ ရှိနေဖို့.......

လိုပါ့မယ်......

နိုင်ငံရေးကို ကိုယ်နဲ့ မဆိုင်ဘူးလို့ ပစ်ပယ်မထားဘဲ -

" ရင့်ကျက်တဲ့ အသိပညာနဲ့ မျက်ခြေမပြတ် သုံးသပ်နေဖို့ လိုအပ်ပါတယ် ".....

ကမ္ဘာ့သမိုင်းတစ်လျှောက်မှာလဲ -

- လူထုကို အသုံးချ......

- စစ်ပွဲတွေ ဖန်တီးခဲ့တာတွေလဲ ရှိပါတယ် .......

" မလိုအပ်သောစစ်ပွဲများ - Unnecessary Wars "......တဲ့...

" ဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ် "........ခင်ဗျာ......

ဉာဏ်ရှိသလို စဉ်းစားသုံးသပ်နိုင်ကြစေဖို့ပါ.......

အပြုသဘောပါ........ခင်ဗျာ.......

Post a Comment

Previous Post Next Post