ယနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့အမှုတွေထဲက အချို့သော အမှုနဲ့ပတ်သက်ပြီး အပြီးသတ်အမိန့်ချမှတ်ခဲ့ချိန်မှာ ပြစ်မှု ထင်ရှားကြောင်း သတ်မှတ်ခဲ့ပြီး ထိုက်တန်တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ရင်လည်း ကိုယ်တွေအတွက်တော့ သိပ်ပြီး ထူးဆန်းတဲ့ အကြောင်းအရာမဟုတ်တော့ပါဘူး ။ 😇😇😇
ဒီလို ဖြစ်စဉ်၊ ဖြစ်ရပ်မျိုးတွေနဲ့ ပတ်သက်ပြီး သမ္မတဟောင်း ဦးဝင်းမြင့်လက်ထက်မှာ နိုင်ငံရေး မကျေလည်မှုဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ နိုင်ငံတော်သစ္စာဖောက်မှုဆိုတဲ့ ပုဒ်မတချို့ရယ်၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဆိုတာတွေနဲ့ ရခိုင်လွှတ်တော် အမတ် ဒေါက်တာ အေးမောင်နဲ့ စာရေးစာရာ ဝေဟင်ဆိုတဲ့သူတွေကို စွဲချက်တင် အမိန့်ချမှတ်ခဲ့ဖူးတာပဲ ။
ဒါတင် ကသေးလို့လားဆိုတော့ မဟုတ်သေးဘူး။ ဆရာတော် ဦးဝီရသူ၊ စစ်တွေက ကျောင်းသား(၄)ယောက်ကိစ္စ၊ ဘူးလက်လှဆွေနဲ့ ဦးဌေးအောင် တို့တောင် သမ္မတ က ခေါင်းညိတ်မှ တရားစွဲဆိုခွင့်ရှိတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဆိုတဲ့ ပုဒ်မကို တပ်ပြီး တရားစွဲဆိုခဲ့သေးတယ် ။ ပြန်လွှတ်ခြင်းမလွှတ်ခြင်းက နောက်ထား၊ အရင်ဆုံးတော့ လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ နိုင်ငံသားများရဲ့ ရပိုင်ခွင့်ဥပဒေတွေကို ကျော်ပြီး ဒီမိုကရေစီအစိုးရက ဒီလူတွေကို ထောင်ထဲ ပို့ခဲ့သေးတာပါပဲ။ ကုန်ကုန်ပြောရရင် ရွေးကောက်ပွဲအနီးကာလမှာ အလှူမင်္ဂလာလုပ်ခဲ့တဲ့ သူတွေနဲ့ တပ်မတော်ထောက်ခံကြောင်းကျင်းပတဲ့သူတွေကိုတောင် ကိုဗစ်ရောဂါအကြောင်းပြပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မတွေတပ်ပြီး အရေးယူခဲ့ကြသေးတယ် ။ 😉😉😉
ခက်တာက အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေကိုယ်တိုင်က ကိုယ်ထုတ်ပြန်ထားတဲ့ ဥပဒေကို လိုက်နာလားဆိုတော့မဟုတ်ပြန်ဘူး။ ဥပမာ ကိုဗစ်ကာလမှာ ပြည်နယ်နဲ့တိုင်း(၄)ခုလောက်ကို တရားဝင်မဲဆွယ်ခွင့်ရှိနေတဲ့ NLD ပါတီအောင်နိုင်ရေးကားကိစ္စ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ရေမျောပွဲ ကိစ္စ၊ KTV သွားခဲ့တဲ့ အရည်ကြိုကိစ္စတွေနဲ့ နေပြည်တော်မှာ ကားအစီးရာကျော် လှည့်လည် အင်အားပြခဲ့တဲ့ကိစ္စတွေမှာ သိသိသာသာ ဖောက်ဖျက်ခဲ့ကြတယ် ။
သဘာဝစီမံဘေးပုဒ်မနဲ့ အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဆိုတာတွေရဲ့ အမြင့်ဆုံး ပြစ်ဒဏ်က ထောင်ဒဏ် (၂)နှစ်ဆိုပေမဲ့ သက်ညှာမှုရှိရင်တော့ နှစ်မှုပေါင်း ၂ နှစ်လောက်တော့ ကျခံရနိုင်ပါတယ် ။ ကိုယ် "တူ" ဖြစ်ခဲ့ချိန်တုန်းက ရက်ရက်စက်စက် ထုခဲ့ပြီးပြီးပဲ။ ခုချိန်မှာတော့ သံသရာ တပတ်လည်လို့ "သံ"ဖြစ်ချိန် ရောက်ပြီလို့သာ သဘောထားဖို့ ကျန်တော့တယ်။ ခုချိန်မှ ငါတို့အစိုးရဖြစ်ချိန်မှာ အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ဘယ်ပြည်သူတစ်ဦးတစ်ယောက်ကိုမှ တရားမဆွဲခဲ့ပါဘူးလို့ ဘူးခံငြင်းလို့မှ မရဘဲ။ ကံကောင်းကြပါစေပေါ့ ။
( ဖိုးစီ )
Post a Comment