ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တပ်နီလူငယ်များသည်တစ်ချိန်က ၎င်းတို၏ ပစ္စည်းမဲ့တော်လှန်ရေး ကို “ငါတိုမုချနိုင်ရမည်”ဟု ယုံကြည်ကြွေးကြော်လေ့ ရှိသကဲ့သို ယခုအကြမ်းဖက် PDF အဖွဲနှင့် ဝန်းရံသူများသည် သူတို၏ နွေဦးတော်လှန်ရေးကို “ငါတို နိုင်မှာပါ” ဟု ယခုတိုင် ယုံကြည် ကြွေးကြော်လျက် ရှိကြသည်။
ဗမာပြည်ကွန်မြူနစ်ပါတီသည် တစ်ချိန်က ဝန်ကြီးချုပ် ဦးနုနှင့် နိုင်ငံ့ခေါင်းဆောင်များကို ပြည်သူလူထုက အမုန်းပွားလာစေရန် “အိမ်ရှင်မတွေအနေနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်သီး ထောင်းရင်း တောင်ငနုခေါင်း၊ ငနုခေါင်းလိုစိတ်ထဲမှာမှတ်ထင်ပြီး ထောင်းရမယ်” ဟူ၍ အမုန်းတရားများကို ဟောပြောရိုက်သွင်းပေးခဲ့ကြသလို လက်ရှိ PDF အကြမ်းဖက် အဖွဲနှင့် ဝန်းရံသူများသည် ပြည်သူနှင့်တပ်မတော် သွေးကွဲလာစေရန်၊ လက်ရှိနိုင်ငံ့ခေါင်းဆောင်များနှင့် တပ်မတော်အပေါ် အမုန်းပွားလာစေရန်လူမှုကွန်ရက် စာမျက်နှာနှင့် ဆန္ဒပြမှုဖြစ်စဉ်များတွင် အမုန်းတရားများကို တစိုက်မတ်မတ် ဟောပြောရေးသားလျက် ရှိကြသည်။
ဤသိုလျှင် အာရှဒေသ၏ အရှည်ကြာဆုံး ကွန်မြူနစ်ပုန်ကန်ထကြွမှုများထဲမှ တစ်ခုဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးသည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ညတွင် နိဂုံးကမ္ပတ် အဆုံးသတ်သွားသကဲ့သိုနှယ် ပါးစပ်က ဒီမိုကရေစီ ဝါဒကို ခရားရေလွှတ်ပြောရင်း အတိတ်ကဗမာပြည် ကွန်မြူနစ်ပါတီ၏သွေးခင်းသောလမ်းကို ဆက်လက် လျှောက်လှမ်း နေပါသော ခေတ်သစ်ကွန်မြူနစ် အကြမ်းဖက်အဖွဲအစည်းများဖြစ်ကြသည့် CRPH၊ NUG နှင့် PDF အဖွဲတိုသည်လည်း သမိုင်းတရားခံ များအဖြစ် သမိုင်းတွင် အရုပ်ဆိုးအကျည်းတန်စွာ မကြာမီချုပ်ငြိမ်းသွားကြမည်မှာ မလွဲဧကန်ဖြစ်ပေသည်။
#DGF21News3011A
Post a Comment