ထန်တလန်မြို့တွင် အကြမ်းဖက်သမားများ၏ ၉ ကြိမ်မြောက် မီးရှို့ဖျက်စီးမှုကြောင့် ဘုရားကျောင်း ၄ ကျောင်းနှင့် လူနေအိမ် ၃၅၀ လုံး ပျက်စီးဆုံးရှုံး

ထန်တလန်မြို့၌ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းမှ ၂၈ ရက်နေ့ထိ အကြမ်းဖက် PDF များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဇုန်မွှန်ရပ်ကွက်ရှိ နေအိမ် ၄၁ လုံး၊ ၄၁ အိမ်၊ စိုက်ပျိုးရေးရပ်ကွက်ရှိ နေအိမ် ၃၉ လုံး၊ လုံတီရယ်ရပ်ကွက်ရှိ နေအိမ် ၁၆ လုံး၊ စိုက်ပျိုးရေးရပ်ကွက်ရှိ St. Nicolas Catholic ဘုရားကျောင်း အပါအဝင် စုစုပေါင်း ၉၆ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အကြမ်းဖက်သမားများ၏ ယခု မီးရှို့ဖျက်စီးမှုသည် ထန်တလန်မြို့တွင် ၉ ကြိမ်မြောက်ဖြစ်ကာ စက်တင်ဘာလ ၉ ရက် မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ အကြမ်းဖက် PDF များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ခရစ်ယာန် ဘုရားကျောင်း ၄ ကျောင်း အပါအဝင် လူနေအိမ် ၃၅၀ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
#mhtnews

Post a Comment

Previous Post Next Post