နိုင်ငံရေးကင်းရှင်းတဲ့ ပရဟိတ ကားတွေကို အသင်းမှတ်ပုံတင် ယာဥ်မှတ်ပုံတင်လေး သေချာ ပြုလုပ်ခိုင်းပြီး ပြန်လည်ခွင့်ပြုပေးသင့်

နိုင်ငံရေးကင်းရှင်းတဲ့ ပရဟိတ ကားတွေကို အသင်းမှတ်ပုံတင် ယာဥ်မှတ်ပုံတင်လေး သေချာ ပြုလုပ်ခိုင်းပြီး ပြန်လည်ခွင့်ပြုပေးသင့်ပါတယ် အဘတို့...
တချို့ ပရဟိတ အသင်းကားတွေ ယာဥ်လိုင်စင် အခက်ခဲကြောင့် ရပ်နားလိုက်ပြီလို့ သိရတယ်...
ကိုဗစ်ကာလ တလျှောက်လုံး ပရဟိတ ကားတွေပဲ အားကိုးနေရတာပါ...
ကိုဗစ် စတုတ္ထလှိုင်း ဝင်လာရင် ပိုပီး ခက်ခဲသွားနိုင်ပါတယ်...
ဖြစ်လာမှ ဝုန်းခနဲ့ထလုပ် မနိုင်မနင်းဖြစ်မှ ပြန်လုပ်ဖို့ ခွင့်ပြုရတာမျိုးဆိုရင် သူများလှောင်စရာဖြစ်နိုင်ပါတယ်....
ပရဟိတသမားတွေက မလုပ်ရလို့ ထိုင်နေလည်း သူတို့အတွက် ပြသနာမရှိပေမယ့် ပြည်သူပဲထိမယ့် အရေးပါ...
ပြည်သူတွေ ထိရင် အစိုးရရဲ့ ပုံရိပ်ကိုလည်း ထိနိုင်ပါတယ်...
အလိုလိုမှ စစ်တပ်ဘာလုပ်လုပ် အပြစ်မြင်နေသူတွေက
ပိုပီး လက်ညိုးထိုးလာနိုင်ပါတယ်....
ကိုဗစ်ဒဏ်ကြောင့် စီးပွားရေး အဆင်မပြေတဲ့ ခုလိုကာလကြီးမှာ လိုင်စင်ကားတွေ အသုံးပြုလို့ ဘယ်လိုမှ မတတ်နိုင်သေးတဲ့ အချိန်ကာလလေးမှာ 
နိုင်ငံရေးကင်းရှင်းတဲ့ ပရဟိတ အသင်းကားတွေကို မှတ်ပုံတင်လေး သေချာပြုလုပ်ပြီး ခွင့်ပြုပေးသင့်ကြောင်း အကြံပြုပါတယ် အဘတို့....

ပရဟိတဗန်းပြပြီး နိုင်ငံရေးလုပ်နေတဲ့ အသင်းတွေကိုတော့ ရာသက်ပန်ချိတ်ပိတ်အရေးယူသင့်ပါတယ်....

#HNO

Post a Comment

Previous Post Next Post