စွဲဆိုထားသည့် အမှု၂မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆို

စွဲဆိုထားသည့် အမှု၂မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ စွဲဆိုထားတဲ့အမှု ၁မှုနဲ့ ပိုကုန်သွင်းကုန်အမှု ၁မှုတို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီကနေ့ ရုံးချိန်းမှာ သက်သေထွက်ဆိုခဲ့ပါတယ်။

အခုထွက်ဆိုချက်ဟာ စွပ်စွဲခံရသူ(တရားရုံးအခေါ်) ဘက်ကသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သက်သေထွက်ဆိုခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ပုဒ်မ၁၄၄ထုတ်ပြီး ဖြေဆိုခွင့် တားမြစ်ထားတာကြောင့် ဘာတွေ ထွက်ဆိုခဲ့လည်း ဆိုတာ အသေးစိတ်မသိရှိရပါဘူး။

ဖေဖော်ဝါရီ ၁ရက်နေ့ ကစပြီး ထိန်းသိမ်းဖမ်းဆီးခံထားရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အမှု၁၁မှုနဲ့ တရားစွဲဆိုထားတာပါ။

နေပြည်တော်အထူးတရားရုံး မှာ ဒီကနေ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ စွဲဆိုထားတဲ့အမှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ စွဲဆိုထားတဲ့အမှု ၁မှုနဲ့ ပို့ကုန်သွင်းကုန်အမှု ၁မှုတို့ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စွဲဆိုထားတဲ့ အမှုတွေအနက်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့အပေါ် ရာဇသတ် ကြီးဥပဒေပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲဆိုထားတဲ့အမှုကိုလည်း နိုဝင်ဘာလ ၃၀ ရက်မှာ အပြီးသတ်အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။

နောက်ပြီး စွဲဆိုထားတဲ့ အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မနဲ့ စပ်လျဉ်းတဲ့ အမှုကို ဒီဇင်ဘာ ၆ရက်နေ့မှာ အမိန့်ချဖို့ လည်း ရှိနေပါတယ်။

ဒီဇင်ဘာ ၆ရက်မှာ အမိန့်ချဖို့ရှိတဲ့ အမှုက အိမ်တော်အသီးသီးကနေ ထွက်ပြီး ရွေးကောက်ပွဲမဲဆွယ်ယာဉ်တန်းကို လက်ပြနှုတ်ဆက်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို သဘာဝဘေးအမှုနဲ့ စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။

Website တွေ ဖတ်ရှုရန် >> https://wp.me/paRxJm-gEo

Post a Comment

Previous Post Next Post