တရုတ်ဖက် က ရုတ်တရက် ဖွင့်လှစ်ဖို့ အကြောင်းကြားလာတဲ့ တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေး......
တရုတ် ဖက်ကနေ ယနေ့ ကျင်စန်းကျော့ ပေါက် မှ ညနေ ၄ နာရီ( မြန်မာအချိန် ၂နာရီခွဲ)ကုန်သွယ်မူ့ စတင်မယ် ဆိုတာ ထုတ်ပြန်လာပါတယ်......
ကိုဗစ်ကာလ လပေါင်းများစွာ ပိတ်ထားရာ က ကြိုတင်ညှိနိူင်း ပြောဆို ထုတ်ပြန် ထားခြင်း လည်း မရှိသည်က တကြောင်း (၂၀.၁၁.၂၀၂၁) နေ့က နှစ်နိူင်ငံ နယ်စပ်တာဝန်ရှိ အကြီးအကဲများ အစည်းအဝေး တွင်လည်း ဖွင့်လှစ်ရန်အတွက် ပြောဆိုဆွေးနွေးခြင်းများ မရှိပါဘဲ ရုတ်တရက် အပူတပြင်း ဖွင့်သည့် စာ ထွက်ပေါ်ထုတ်ပြန် လာသည့် အပေါ် မြန်မာ ဖက်အခြမ်းမှ ကုန်သည်များ အလောတကြီး မဖြစ်စေရန် သတိချပ် သင့်သည်....
ကိုဗစ်ကာလ ပိုးသတ်ဆေးဖြန်းခြင်း အပါအဝင် တခြားအမှားအယွင်း နည်းနိူင်သမျှ နည်းအောင် အချိန် အနည်းငယ် ယူ၍ ပြင်ဆင်ပြီးမှ ကိုယ့်ဖက်သူ့ဖက် လိုအပ်ချက် များ ညှိနိူင်းပြီး အဆင်သင့် ဖြစ်မှ သာလျှင် ကုန်သွယ်မူ့ စတင် သင့်ပါသည်......ခေတ်အဆက်ဆက် မြန်မာဖက် အခြမ်းမှ အခံသက်သက် အဆင့် မှ ယခုလိုကာလ တွင် သာတူညီမျှ ကုန်သွယ်မူ့ ဖြစ်စေရန် အတွက်....
Crd
Post a Comment