လူကြမ်းတွေ လဲရင်ကြိုက်လား.?

နစက ကို လာတွေ့တဲ့ 
နီပွန်ဖောင်ဒေးရှင်း ဥက္ကဌဟာ 

မနှစ်က
ဒီလို အချိန်မှာ ဒေါ်စုနဲ့တွေ့ပြီး 
ရွေးကောက်ပွဲ မပြုလုပ်လိုက်ရတဲ့ 
ရခိုင်ဒေသတွေအတွက် 

ကြားဖြတ်ရွေးကောက်ပွဲတွေ 
လုပ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ပုဂ္ဂိုလ်ပေါ့။

ဒါပေမယ့်လည်း 
သူ့ရဲ့ တောင်းဆိုမှုကို 
ဒေါ်စုက ဘာမျှပြန်မပြောခဲ့ဘူး တဲ့။

ခုဆို ဂျပန်က လည်း
နစက စစ်အစိုးရ ရဲ့ သံတမန် ၅ ဦးကို 
တရားဝင် လက်ခံလိုက်ပြီ တဲ့...။ 

အကြောင်းပြချက်ကတော့
မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဂျပန်လူမျိုးတွေကို
ကာကွယ် စောင့်ရှောက် နိုင်ဖို့ ဆိုပဲ။ 

နောက်ဆုံးကျတော့
ရိုးရိုး ရှင်းရှင်းလေးပါပဲ လေ ..
ကိုယ့်နိုင်ငံသားတွေရဲ့အကျိုးထက်
ဘယ်သူကမှ အရေးမကြီးဘူး ဆိုတာ
ဒီအချက်က သက်သေပါပဲ လေ…။

အာဆီယံကလည်း 
မအလ ကိုသာ သွေးတိုးစမ်း
အစည်းဝေး မတက်ခိုင်းတာ ပါ ။

မြန်မာက ခပ်တင်းတင်း 
ပြန်လည် တုန့်ပြန်ထားတဲ့ အခါမှာတော့
ရူးချင်ယောင်ဆောင်နေပြီးနေလေရဲ့… 

ကြည့်လိုက်လေ
အကြီးအကဲကိုတောင် တက်ခွင့်မပြုတာပဲ
ကျန် ဝန်ကြီးတွေကိုလည်း ခွင့်မပြုနဲ့ပေါ့ ။

ခုတော့
ရူးနှမ်းနှမ်း ပေါချာချာ
ဘယ်လောက်နိုင်လိုက်လဲ.?

အကြီးဆုံးတော့ မတက်ရ
ကျန်တဲ့ ဝန်ကြီးအဆင့်စည်းဝေးတွေ
ကျရင်တော့ မြန်မာကို ပုံမှန်ဖိတ်ခေါ်ပြီး 
တက်ခွင့်ပေး ပြုလုပ်နေတဲ့..!။

မြန်မာကို 
အရေးယူမယ်လို့ 
နင်လားငါလား ကြုံးဝါးနေတဲ့
ကုလကြီးရဲ့တံခါးပိတ်ကြီးကလည်း
လေသံတွေ လျော့ချလာရပြန်လေရဲ့,!

ဘာတဲ့ ..!
အင်းအား အလွန်အကျွံသုံး 
မလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ် တဲ့ …!

အရှက်ပြေ လေး
ဖင်ခေါင်း ကျယ်သယောင်စကားလေးနဲ့ 
အဆုံးသတ်သွားရပါလေရောလား…

အဓိပ္ပါယ် ကတော့ 
အကြမ်းဖက်က ဘယ်သူဆိုတာ
အဖြူ အမဲ သဲကွဲ သွားပါပြီ တဲ့ ..!
ခင်ဗျားတို့ အချင်းချင်း
ချနေတာတွေ ရပ်ပါတော့ ..
အရပ်သားတွေ ဒုက္ခရောက်လှပြီ တဲ့။

တော်တော် တတ်နိုင်တဲ့ 
လူ့အခွင့်အရေး လျှာဖျားမှာပဲ ထားတဲ့ 
တကယ့် ဘရုပ်သုတ်ခ ဒလက်နိုင်ငံတွေ..

ဥပဒေ ဘောင်ထဲက
လုပ်နေတဲ့ နစက က အဖြစ်က ေ

မင်းသားရွှေဘ 
လူကြမ်းတွေ ဆီမှာ 
ပထမ မှာ အလူးအလဲ ခံနေရပေမဲ့ 
နောက်ဆုံးမှာတော့ ရွှေဘ ကပဲ 
ပြန်နိုင်သလိုပေါ့ ဗျ ာ…

အခု အခါမှာတော့
အစကနဦးက ခံနေရတဲ့
နစက ရွှေဘကြီး ပြန်နိုင်မဲ့ အလှည့်ကို 
ကျရောက်လို့ လာပါပြီ ဖြစ်ပြီး…
လူကြမ်းတွေ ပြန်လဲဖို့ အချိန်လည်း 
ကျရောက်လို့ လာပါပြီ ဖြစ်ပါကြောင်း …

မျိုးချစ် ပရိသတ်ကြီးလည်း
လူကြမ်းတွေ လဲရင်ကြိုက်မယ် ထင်ပါရဲ့…
…………………………
20211115:Thuya

Post a Comment

Previous Post Next Post