အောင်ပြီဆို , နိုင်ပြီဆို


စစ်တပ်က ဝင်ရှင်းလို့ ထွက်ပြေးလာတဲ့
PDF ကလေးတွေကို လမ်းမှာတွေ့လို့
ထမင်းငတ်လာတယ်ဆိုတာနဲ့ 
အစာပြေဝယ်စားလို့ရအောင်ပိုက်ဆံ လေးပေးပြီး
သိချင်တာလေးတွေမေးလိုက်တယ်...

"မင်းတို့ဘာလို့ထွက်ပြေးလာတာလဲ.ညီလေးတို့ရာ..
ပြည်သူက ဒီလောက်အလှုငွေထောက်ပံ့ပေးနေတာ
လက်နက်ကောင်းတွေနဲ့အစားကောင်းကောင်းစားပြီး
စကစတပ်တွေကိုတိုက်နေကြတာ
အောင်မြင်ကာနီးပြီမဟုတ်ဘူးလား.."

"စောက်တစ်လွဲတွေပါအကိုရာ..
လက်နက်ကောင်းတွေရ/မရတော့မသိဘူး..
တစ်တောင့်တောင်ထွက်အောင်မနည်းပစ်နေရတဲ့
တူမီးနဲ့ ပြန်ပစ်လို့လည်းမရ..
စားရတော့ နီးစပ်ရာရွာတွေက တောင်းစားရတယ်..
ကြာတော့ရွာတွေက ငြိုငြင်လာကြပြီ..
ကြောက်လို့သာပါးစပ်က မပြောရဲပေမယ့်
သူတို့မျက်နှာတွေက
အမြင်မကြည်တော့ဘူး..
စစ်တပ်ကိုနိုင်ဘို့နေနေသာသာ
စစ်တပ်သတင်းကိုအမြဲစောင့်နားထောင်နေရတာ
ကောင်းကောင်းလည်းမအိပ်ရဘူး..
ဘယ်အချိန်ဝင်လာတိုက်မလဲလို့ စိုးရိမ်နေရတာက
အချိန်တိုင်းပဲ..
စစ်တပ်လာပြီးဆိုတာနဲ့ လက်နက်တွေ အကုန်ပစ်ပြီး
ထွက်ပြေးလာရတာ အကိုမြင်တဲ့အတိုင်းဘဲ.."

"အမ်..နို့.အကိုတို့အင်တာနက်မှာ ဖတ်နေရတာက
တနေ့ကို စစ်ခွေးတွေ ရာနဲ့ချီသေနေကြတာမဟုတ်လား..
PDF တွေက အသေအပျောက်မရှိဘဲ
စစ်ခွေးတွေသေတာမှနည်းလား...
ဒီနှုန်းအတိုင်းဆိုရင် ၃/၄ လလောက်ဆို
နိုင်ပြီဆို.."

"အမလေး...အကိုရာ မပိန်းတော့နဲ့ ကြားလား..
ကျနော်တို့လည်း အဲလို ပိန်းခဲ့လို့
PDF ထဲရောက်ခဲ့တာ..
အင်တာနက်မှာ တင်နေတာတွေအကုန်လုံး
မြေပြင်မှာဖြစ်ပျက်နေတာနဲ့
အကုန်တခြားစီဘဲ..စောက်တစ်လွဲတွေ..
မင်းသမီးမင်းသားတွေက 
တောထဲမှာကောင်းကောင်းနေရတယ်..
သေနတ်လေးကိုင်ပြီးဓာတ်ပုံရိုက်ပြလိုက်..
သူတို့ဘဲ စကစ ကိုဝင်တိုက်နေသလိုလို..
ပြီးတော့ အလှုခံရတဲ့ငွေတွေနဲ့ကောင်းကောင်းစားပြီး
ကျနော်တို့လူငယ်တွေကို ဝါဒမှိုင်းတိုက်နေတာ
အဲဒါတွေကြည့်ပြီး တကယ်မှတ်လို့ PDF ထဲဝင်တာ
ခုတော့ အကိုမြင်တဲ့အတိုင်းဘဲ..
မနည်းအသက်လုပြေးနေရတာ..
သွားပြီအကိုရေ..
ထမင်းတစ်နပ်အတွက်ကျေးဇူးပါဗျာ.."

"နေ..နေ.ပါဦး ညေးတို့ရာ..ဒါဆို..
GP တွေ Page တွေကတင်နေတဲ့
အကိုတို့ဖတ်နေရတဲ့
အင်တာနက်သတင်းတွေထဲကလို
စစ်ခွေးတွေသေတာ
တကယ်မဟုတ်ဘူးပေါ့..အောင်ပြီဆို..နိုင်ပြီဆို.."

"အဲဒီလိုအခြေအမြစ်မရှိတဲ့သတင်းတွေဖတ်ပြီး
ယုံခဲ့လို့ကျနော်တို့ ဘဝပျက်နေရတာ..
နိုင်မှတော့ အခုလိုပြေးနေမလားဗျ..
ဘာမှမနိုင်ဘူး..
စောက်တစ်လွဲတွေစိတ်ထင်တာရေးနေကြတာ..
ဆိုက်ကားသမား ဘိန်းစားလောက်က
စစ်ခွေးသေပြီလို့ ထရေးလဲ
စောက်ပေါတွေက ဝိုင်းယုံကြတာဘဲ..အကိုရေ..
အခုအိမ်ကိုပြန်မှာ အမေ့အိမ်ကိုပြန်တော့မှာ..
ဘာမှမနိုင်ဘူး.."
သေစမ်းဟ ..ဒင်းတို့ Post တွေဖတ်ပြီး
နွေဦးကနေ စိတ်ကူယဉ်ရူးလာတာ 
အကုန်ယီးတွေဖြစ်ကုန်ရောဘဲ...
Crd#

Post a Comment

Previous Post Next Post