'' အညာသားတွေ ညံ့သွားပြီလား''


ကွယ်လွန်သူ......
အညာသား ဆရာသမားက ပြောဖူးတာလေးပါ။
သူတို့ အညာသားတွေ ဘယ်လောက်ညံ့ညံ့.....အဲ့ဒီ
ညံ့ပါတယ် ဆိုတဲ့ ကောင်ကို ဧရာဝတီမြစ်ထဲ ကန်ချ
လိုက်..... မြစ်ဝကျွန်းပေါ်မှာ သွားပေါ် .....
ပေါ်တဲ့နေရာမှာ...အဲ့ဒီကောင် သူကြီးတော့ ဖြစ်သေးတယ် ဆိုပဲ။ 

ဆရာသမားက.....
သူတို့ အညာသားတွေ မညံ့တဲ့အကြောင်း လည်လည်ဝယ်ဝယ် ရှိတဲ့အကြောင်း ခပ်ကြွားကြွားလေး ပြောခဲ့တာပါ။ ဆရာသမား ပြောသလိုပါပဲ မြန်မာ့သမိုင်းမှာသီလဂုဏ် သမာဓိဂုဏ် လွန်စွာ ကြီးမားကြသည့်  ပညာရှိ ဆရာတော်ကြီးများ  အညာဒေသမှ   များစွာ  ပေါ် ထွန်းခဲ့ပါတယ်။  လူပညာရှိ   ကဝိ   အကျော်အမော် များလည်း အညာဒေသ  ထွက်ကုန်အဖြစ်   ထင်ရှားခဲ့တာတွေလည်း မနည်းလှပါ။

သို့ပါသော်လည်း....
ယနေ့ အချိန်အခါမှာ အညာဒေသ၌  အကြမ်းဖက်
လုပ်ရပ်များသည် မမြင်ချင် မကြားချင် အဆုံး ဖြစ်
နေကြပါ ပကောလား။ မွေးဌာနီ သီချင်းပါ လှည်းလမ်းကြောင်းတလျှောက် ဖုံလုံးကြီးတွေ တလိမ့်လိမ့်တက်ကာ မဟုတ်တော့ဘဲ ''မိုင်းလုံးကြီး''တွေ တလိမ့်လိမ့် တက်ကာဟု ပြောင်းဆို ရတော့မလို ဖြစ်နေပါပြီကော။ အညာသားတွေများ ညံ့သွားကြပြီလား။

KIA လို လက်နက်ကိုင် သောင်းကျန်းသူတွေ.....        ပေးတဲ့ပညာတွေ  အဖျက်လုပ်ငန်းတွေ  အကြမ်း ဖက်လုပ်ရပ်  နည်းနာတွေကို   သင်ယူနေကြရပြီလား။  အဆိုပါ   တိုင်းပြည်ပျက်မည့်    ပညာတွေနဲ့    ကိုယ့်ရပ်  ကိုယ့်ရွာ  ကိုယ့်ဒေသတွေကို     ဖျက်ဆီး ပစ်ရလောက်အောင်ထိ အသိပညာတွေ နည်းသွား
ကြပြီလား။    ကိုယ့်အချင်းချင်း           လက်စတုန်း ရလောက်သည်အထိ အတွေးအခေါ်တွေ ပိန်းပိတ်
သွားကြပြီလား။ တစ်ပါးသူ စေခိုင်းတဲ့အတိုင်း ကိုယ့်
ဒေသမှာ ကိုယ်တိုင် Proxy War (ကိုယ်စားပြုစစ်ပွဲ)
ဆင်နွှဲ  နေကြတာလား။  မိမိတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်  ဥစ္စာတွေ ပျက်စီး ဆုံးရှုံးခံပြီး ပြုမူ ဆောင် ရွက်ရလောက်အောင် သည်အထိ   ထိုက်တန်  ပါရဲ့လား။  ဘယ်သူ့အတွက်  ပြုမူ  ဆောင်ရွက်   နေကြ     ပါသလဲ။   အဲ့ဒီ   ပုဂ္ဂိုလ်ကရော  ဘာတွေများ  တိုင်း
ပြည်အတွက် အကျိုးပြု ထားတာတွေ ရှိလို့လဲ။

သူငယ်ချင်း.....
ခင်ဦး(မှဲ့ကြီး)ရေ..... တော်ပါတယ်....
လည်ပါတယ်ဆိုတဲ့.....မင်းတို့ အညာသားတွေ.....
ညံ့များ ညံ့ကုန်ကြပြီလား...ဟေ!

Post a Comment

Previous Post Next Post