▪️အခုဆိုရင် ဗားကရာချောက်ကို
ခြောက်ခြားစေခဲ့သော ခိုးပစ်ပြီးတာနဲ့
ပြေးပြေးဟု အော်ပြေးသွားရှာသော
ရွှေလက်ပိုင်ရှင်ဟု အမည်ပေးထားသော
သူတို့ရဲ့ဟီးရိုးဟာဆိုရင် သေတယ် မသေဘူးနဲ့
တစ်ဖက်က အုပ်စုဒယ်လစ်နေတာမြင်တွေ့ရပါတယ်။🤣
▪️ဒီလိုလောင်မြိုက်မှုတွေကတော့
သူတို့ကြားမှာ အရင်ကလည်းဖြစ်နေဆဲ
အခုလည်းဖြစ်နေမြဲ နောင်လည်းဖြစ်နေဦးမယ့်
အနေအထားဖြစ်တာမို့ ကိုယ်တွေကတော့
သိပ်ပြီးအဖက်မလုပ်ချင်ပေမယ့်
မြင်တာလေးတစ်ခုရှိတာနဲ့ ဝင်ပြောလိုက်ပါဦးမယ်။
▪️ပြည်သူတွေကြားမှာဗုံးထောင်တဲ့
အကြမ်းဖက်လုပ်ရပ်တွေ။
ဒလန်ဆိုပြီး သတ်ဖြတ်ခံရမှုတွေကို
တစ်ဖက်ကကျူးလွန်ကြပါတယ်။
ဒီအခါမှာ စကစဟာ အမှုတွေရဲ့တရားခံတွေကို
စစ်ကြောရေးမှာ စစ်ဆေးဖော်ထုတ်ဖမ်းဆီးကြပါတယ်။
▪️ဒီလိုဖမ်းမိတဲ့ တရားခံတွေကို
လူထုကြားထဲသို့ ဖော်ထုတ်ပြသတဲ့အခါမှာ
တဖက်အုပ်စုက ဘာပြောသလဲဆိုရင်
ဒီလူတွေဟာ တရားခံအစစ်တွေမဟုတ်ပါဘူးတဲ့။
မတရားဖမ်းဆီးခြင်းခံရတဲ့သူတွေပါတဲ့။
▪️စစ်ကြောရေးမှာ ရက်စက်စွာရိုက်နှက်ပြီး
အတင်းဝန်ခံခိုင်းတဲ့ အပြစ်မဲ့ပြည်သူတွေပါလို့
သတင်းဖြန့်ကြပါတယ်။
ငြင်းမရအောင် သိသာတဲ့လူတွေကျတော့
ဒလန်ဆိုပြီး အပုပ်ချကြတယ်ပေါ့။
▪️ပထမသူတို့ပြောပုံအရဆိုရင်
စကစ အနေနဲ့ကတရားခံဖမ်းဖို့ဟာ
အရမ်းကြီးခက်ခဲမနေဘူးပဲ။
ဘယ်သူ့ကိုမဆို ဖမ်းဆီးသွားပြီး
အတင်းဝန်ခံခိုင်းကာ လူထုကြားနဲ့နိုင်ငံတကာကို
ထုတ်ပြလို့ရနေတာပဲမို့လား။
▪️အခု ပစ်ပြေးတဲ့ကောင်သေတယ်ဆိုတော့
ဝင်ဖြေရှင်းကြပြန်တယ်။
မသေပါဘူးတဲ့ တရားခံအစစ်ထွက်လာအောင်
စကစက မျှားခေါ်တာပါတဲ့လေ။
▪️စကစဟာ တရားခံအစစ်တွေကို
လိုက်ဖမ်းနေတယ်ဆိုတာ သူတို့သိနေတာပဲ။
ဘာလို့များ စကစဟာ
အပြစ်မဲ့ပြည်သူတွေကိုဖမ်းတယ်လို့
လိမ်ညာပြီးလျှောက်ပြောရတာလဲ။🙄
▪️စကားတွေက ရှေ့နောက်မညီတာကိုပြောတာပါ။
ဒါကိုလည်း သတိမထားမိကြတာလား
တမင်အလိမ်ခံတာလားဆိုတာကတော့
သူတို့ဘဲသိမှာပေါ့လေ။
▪️သူတို့ရဲ့တော်လှန်ရေးဆိုတာကြီးမှာ
အချင်းချင်းလိမ်ညာမှုတွေကို အစဆွဲထုတ်ပြတာ
ဒါကပါးပါးလေးပဲရှိပါသေးတယ်။
▪️စကစ အတွက်ကတော့ သေနတ်သမား
သေခြင်းမသေခြင်းဟာ အရေးကြီးမနေတာအမှန်ပါ။
ဘာလို့လဲဆိုတော့ စကစရဲ့အမှုဖော်ထုတ်ပုံဟာ
တစ်မှုကို တရားခံတစ်ယောက်တည်းမှ
မဟုတ်တာပဲ။ အတွဲလိုက်ဖော်တာလေ။😎
ဒီတော့ ပစ်ပြေးသူမရှိတော့ရင်လည်း
အခြားပါဝင်ပတ်သက်သူတွေကို ဆွဲမှာပါပဲ။
ဒီလူသေသေ မသေသေ အမှုကတော့လိုက်ရမှာပဲ
ပတ်သက်သူတွေကို ဖမ်းရမှာပါပဲ။
သေနတ်သမားသေလို့ အမှုကိုရပ်လိုက်မှာမှမဟုတ်တာ။
▪️ဒီလူသေမသေ အရေးကြီးနေတာက
ဒီလူ့ကိုဗန်းပြပြီး ငွေတောင်းရမ်းရမယ့်
တော်လှန်ရေးသူတောင်းစားအကြီးစားတွေအတွက်ပဲ
ဖြစ်ပါတယ်။
▪️မလိမ်ညာတတ်သော
အမှန်တရားဘက်တော်သားကြီးလို့
လူသိများထင်ရှားတဲ့ ဆယ်လီအချို့တောင်
အလိမ်အညာစကားတွေကို
ထမင်းစားရေသောက် ပြောတတ်နေပြီဆိုတော့
ကျန်တဲ့သူတွေဆိုရင် ဘယ်လိုတွေတောင်များ
အချင်းချင်းလိမ်ညာလှည့်ဖြားနေကြမလဲဆိုတာ
တွေးတောင်မတွေးရဲပါဘူး။
▪️ငါးပါးသီလမှာ မုသာဝါဒဆိုတာ
အပြစ်အကြီးဆုံးလို့ သိရှိနားလည်ထားပါတယ်။
ဝဋ်ကြွေးကြီးတဲ့ ဒီလိုအရာကို
ကြိုးစားပမ်းစား ထမင်းစားရေသောက်ပုံစံနဲ့
နေ့စဉ်ပြုမူဆောင်ရွက်နေတဲ့
တော်လှန်ရေးကြီးဟာဆိုရင် ဓမ္မတရားဆန်ဆန်
အနိုင်ရမတဲ့လား။
▪️စစ်တပ်က လိမ်တယ်ဆိုရင်
နင်တို့ကရော မလိမ်နေလို့လားလို့မေးရင်
ဘယ်လိုများဖြေကြမလဲဟင်။
▪️လိမ်ညာလှည့်စားပြီး တိုင်းပြည်ကိုဖျက်ဆီးကြလို့
အခုလောက်ထိ အပူတစ်သန်းနဲ့
မိတကွဲဖတကွဲ သားတကွဲ မယားတကွဲဖြစ်ကာ
အပူမီးကြွနေရတာတောင် အမှတ်ကမရှိကြသေးဘူး။
▪️မိုက်တွင်းကိုဆက်လက်တူးကာ
ဆင်းကြမယ်ဆိုရင်ဖြင့်
တွင်းအဆုံးမှာ ဘာများရှိမလဲလို့
သူတို့အစား ကိုယ့်မှာတွေးတွေးရင်း
ရင်ပူလိုက်တာနော်။😥
#SniperSu
Post a Comment