ကျောင်းတွေပြန်ဖွင့်ဖို့ ကြေငြာလိုက်တယ် ။ ထုံးစံအတိုင်း ဝေဖန်မှုတွေ နဲ့ မကျေနပ်မှုတွေ အသံထွက်လာပါတယ် ။
ဖွင့်တာကို မနှစ်သက်တဲ့ လူတွေထဲမှာ နီပိတ်တွေကိုတော့ ဘေးမဲ့ ပေးထားလိုက်ပါမယ် ။ တရားပွဲ ပဌာန်းပွဲတောင် ဗုံးခွဲနေတဲ့ လူ့တိရိစ္ဆာန်တွေကိုး ဗျ ။
နီပိတ်မဟုတ်တဲ့ ကြားနေပြည်သူတွေ ဝေဖန်ကြတာ အဓိက လုံခြုံရေး နဲ့ ကိုဗစ် အကြောင်းပြပါတယ် ။ ကိုဗစ်ကတော့ ကာကွယ်ဆေးထိုးပေးထားလို့ ပြောပလောက်အောင် အန္တရာယ် မရှိနိုင်ပါဘူး ။ ဘက်စ်ကားတွေနဲ့ စျေးတွေ စင်တာတွေပဲ ကြည့်ပါ လူစည်နေပါပြီ ။ ပိုးကူးစက်မှု မတွေ့ရသလောက်ပါပဲ ။
နောက် အကြမ်းဖက်ခံရမှု အန္တရာယ်ကတော့ အရင်တခါ ဖွင့်စဥ်ကလည်း ရှိခဲ့တာပါပဲ သို့သော် ကျောင်းသူ ကျောင်းသားတွေ အသက်အန္တရာယ် ဖြစ်အောင် အကြမ်းဖက် မခံခဲ့ရပါဘူး ။ ယခုအချိန်မှာ ဖမ်းဆီးရမိထားတဲ့ PDF အများအပြားကြောင့် ယခင်ကလောက် အန္တရာယ်မများတော့ဖူးလို့ ယူဆမိပါတယ် ။
ကျောင်းတွေ နှစ်ရှည်ပိတ်ထားခြင်းဖြင့် ယခုဆိုရင် ၈ ၊ ၉ ၊ ၁၀ ကျောင်းသားများ ကျောင်းသားစိတ် ကုန်သလောက်ဖြစ်နေပါပြီ ။
လုပ်ငန်းခွင်ဝင်သူများ နဲ့ အားတိုင်း fb ကြည့်ပြီး လင်ယူ သားမွေးတွေ အဆမတန် များသွားပါပြီ ။ ဒါတွေ အမြစ်ဖြတ်နိုင်ဖို့ ကျောင်းမြန်မြန် ဖွင့်ပေးဖို့ လိုအပ်နေတာလည်း အရှိတရားပါပဲ ။
အထက်တန်းအဆင့် ကျောင်းသားတဦး ဖြစ်လာစေရန် အစိုးရရော မိဘကော အရင်းအနှီးများစွာ ပေးဆပ်ခဲ့ကြရတာ အားလုံးအသိပါပဲ ။ အဲဒါတွေ အားလုံးဟာ မြန်မာ့ပညာရေးစနစ်အရ ဆယ်တန်းမှ မအောင်ရင် အဟောသိကံ ဖြစ်ကုန်ရတာပါပဲ ။
ဒီကိစ္စအပေါ် ဖွင့်သင့်တယ် မဖွင့်ဖူး အပြင်းအထန် ငြင်းစရာတော့ မလိုပါဘူး ။ မဖွင့်သင့်ဖူး ထင်ရင် မိမိသားသမီးအား ကျောင်းမထားနဲ့လို့ပဲ အကြံပြုရမှာပါ ။
ကျောင်းလုံခြုံရေး ဝေဖန်နေမှုများ အပေါ် ပြောရမယ် ဆိုရင် ကမ္ဘာ့အင်အားအကြီးဆုံး နံပါတ် ၁ အမေရိကန်မှာလည်း ကျောင်းတွင်း အကြမ်းဖက်မှုတွေ ခံနေရတာပါပဲ ။
အဲဒီတော့လည်း ငါ့သားသမီး ကျောင်းမတက်သလို အခြားသူတွေလည်း အတန်း မတက်စေချင်ဘူး ဆိုတဲ့ အတ္တရှိနေရင်တော့ဖြင့် ကိုယ့်ဒေါသ နဲ့ ကိုယ် အကုသိုလ် ယူကြရုံပဲ ရှိပါလိမ့်မယ် ။
Post a Comment