လက်ရှိလာရောက်တဲ့ရုရှားရေယာဉ်စုထဲမှာ ကီလိုအတန်းစားရေငုပ်သင်္ဘော၏နောက်ဆုံးမျိုးဆက်အဖြစ်သတ်မှတ်နိုင်တဲ့ Project 636.3 အမျိုးအစားနှစ်စီးပါဝင်သည်ဟုသိရပါတယ်
၎င်းနှစ်စီးစလုံးအနေဖြင့် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များအတွင်းအသီးသီးတပ်တော်ဝင်ခဲ့တာဖြစ်ပါတယ်
ရုရှားအနေဖြင့် Pacific fleet အတွက်မျိုးဆက်သစ်ရေယာဉ်များဖြည့်တင်းပေးနေခြင်းဟာ အာရှ-ပစိဖိတ်ဒေသအတွင်းဝင်ရောက်ရန်အတွက်ကြိုတင်ပြင်ဆင်နေခြင်းပဲလားဟုတွေးမိပါတယ်
လာအိုမှာလေတပ်အခြေစိုက်စခန်းဖွင့်လှစ်ခြင်းနှင့်အတူ အာရှ-ပစိဖိတ်ဒေသအတွက် ဝေဟင်စိုးမိုးရေးလမ်းကြောင်းကိုဖော်ဆောင်ထားခဲ့ပြီးပြီဖြစ်သလို ရေပြင်စိုးမိုးရေးအတွက်လည်း အင်တိုက်အားတိုက်ပြင်ဆင်နေပြီဟုသုံးသပ်မိပါတယ်
ရေပြင်စိုးမိုးရေးအတွက် ရေယာဉ်စုများအခြေစိုက်ရာနေရာတစ်ခုလိုအပ်နေခြင်းနှင့်အတူ အာရှ-ပစိဖိတ်ဒေသအတွင်းရှိ ရေခံမြေခံနိုင်ငံတစ်ခုမှာပူးတွဲအခြေစိုက်စခန်းထားရှိရေးအတွက်လုပ်ဆောင်နေပြီဟုယူဆနိုင်ပါတယ်
ဗီယက်နမ်ဟာအလားအလာအများဆုံးဖြစ်ပေမဲ့ တရုတ်နှင့်ရေပြင်ပိုင်နက်အငြင်းပွားမှုများဖြစ်နေတဲ့အတွက် ရုရှားအနေဖြင့်ရွေးချယ်ရန်အတော်ခက်ခက်ခဲခဲစဉ်းစားရနိုင်ပါတယ်
ဒီအတွက် ဒုတိယဦးစားပေးရွေးချယ်ထားမှုအဖြစ် များမကြာခင်သိလာရလိမ့်မည်ဟုထင်ပါတယ်
Post a Comment