အရင် NLD အစိုးရလက်ထက်
မိုးပျံလမ်း မြေအောက်ရထား
စင်္ကာပူထက် ကျော်ရမယ် ဆိုတဲ့
စကားလုံးတွေကို ကျယ်ကျယ်လောင်လောင်
ဖောဖောသီသီသုံးခဲ့တာ အားလုံးအသိပါ
ဒါပေမဲ့..ဖြစ်မလာခဲ့ဘူး
ဟော...အခု
အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်က
လျှပ်စစ်ရထားကိစ္စပြောတော့
ဟာသသံတွေနှောလို့ ကဲ့ရဲ့လာကြတယ်
ပြောလည်းပြောချင်စရာကိုး....လို့
လျှပ်စစ်မီးတောင် လုံလုံလောက်လောက်မရှိတဲ့
တိုင်းပြည်က တစ်နိုင်ငံလုံးလျှပ်စစ်ရထား
ပြေးဆွဲမယ်ဆိုတော့..ပြောချင်စရာပဲပေါ့..
ဒါပေမဲ့...
အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ဟာ စစ်သားဆိုတာ
မေ့မထားကြဘို့လိုတယ်နော်
မဖြစ်နိုင်တာကို မပြောသလို
ပြောပြီးရင်လည်း ဖြစ်အောင်လုပ်တာ
စစ်သားတွေရဲ့ စိတ်ဓာတ်ပါပဲ...
အခုရက်ပိုင်းမှာ...
ရုရှား မြန်မာတွေ့ဆုံဆွေးနွေးပွဲတွေ
ခပ်စိတ်စိတ်လုပ်လာသလို
ရေရှည်ရင်းနှီးမြုပ်နှံမှုအတွက်
စာချုပ်တွေချုပ်ဆိုကြပြီးသွားပါပြီ
အဲဒီအထဲမှာ လျှပ်စစ်ကဏ္ဍပါတယ်ဆိုတာကို
မေ့မထားကြပါနဲ့ ။
Post a Comment