ထန်တလန်မြို့ဖြစ်စဉ်အမှန်



ထန်တလန်မြို့ မီးလောင်တဲ့ပုံတွေ
တက်လာပြီ၊ထန်တလန်မြို့ဟာ 
ဟားခါးကနေ မိုင် ၂၀ ပဲ ဝေးပါတယ်
အရမ်းသာယာတဲ့မြို့ပါ...

ထန်တလန်မြို့ကို ယခင်လက 
ချင်းPDF တွေသိမ်းပိုက်ထားခဲ့ပြီး 
မြို့သူမြို့သားတွေနဲ့ဝန်ထမ်းတွေကို 
မောင်းထုတ်ခဲ့ကြပါတယ်...

ထန်တလန်မှာ လုံခြုံရေးအနေနဲ့ 
မြို့မရဲစခန်းနဲ့ဘုန်းကြီးကျောင်းနား
က တပ်စခန်းရယ်ပဲကျန်ခဲ့ပြီး မြို့သူ
မြို့သားတွေအားလုံးထွက်ခွာသွားခဲ့
ကြတယ်...

ထန်တလန်မြို့နယ် လုံလဲစခန်းကို 
အင်အားအလုံးအရင်းနဲ့ ဝင်ရောက်
တိုက်ခိုက်ခဲ့ပြီးမိမိဘက်မှ စခန်းရှိ 
အရာရှိစစ်သည်များအားလုံး ကျဆုံး
သွားပြီး လက်နက်များရန်သူ့နောက်
ပါသွားခဲ့ပါတယ်...

လုံလဲ တောင်တန်းသာသနာပြု
ဘုန်းတော်ကြီးကျောင်းကိုလည်း 
မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်၊တောင်
တန်းသာသနာပြုဆရာတော်သည်
လည်း ကံကောင်းလို့ အ-တ်မခံရ
တာပါ၊ယခု ဆရာတော် ဟားခါးရှိ 
ဗဟိုကျောင်းသို့တိန်းရှောင်ရောက်ရှိ 
သတင်းသုံးနေရပါတယ်... 

၄င်းနောက် ထန်တလန်မြို့နယ် ဝေါင်သူးစခန်းဆုတ်ခွာပေးခဲ့ရပြီးချင်းPDF 
များမှ စခန်းအားမီးရှို့ခြင်း ဘက်ဟိုး
ကားဖြင့် ဖြိုချဖျက်ဆီးခဲ့ကြပါတယ်...

ပြီးခဲ့တဲ့အပတ်က ဟားခါး-ထန်တလန် 
လမ်းမပေါ်က သီးမစ်တံတားကိုချင်း
PDFနဲ့CNA CNFအဖွဲ့တွေကဖောက်ခွဲ
ပြီး ဟားခါးနဲ့ထန်တလန်မြို့ကိုဆက်
သွယ်ရေးလမ်းကြောင်းဖြတ်တောက်
ခဲ့ကြတယ်...

ယနေ့မှာတော့ ထန်တလန်မြို့
လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကြောင်း
ကို မြို့တွင်းလုံခြုံရေးဆောင်ရွက်နေ
တဲ့အချိန်မှာလမ်းမကြီး ဝဲယာရှိတိုက်
အိမ်များနှင့်ဘဏ်အဆောက်အဦများ
မှနေ၍ မြို့တွင်းပျောက်ကျားစစ်အ
သွင် တိုက်ခိုက်ခဲ့ကြတယ်...

မြို့တွင်းမှာလည်း PDF တွေဟာ 
ခံစစ်တွေပြင်ဆင်ထားပြီး အင် အား အခိုင်
အမာ ဆောင်ရွက်ထားကြတယ်...

မြို့တွင်းမှာ မည်သည့်ယာဉ်မှ
သွားလာလို့မရအောင် အဆင့်ဆင့်
ပိတ်ဆို့ထားလို့ မြို့ပျက်ကြီးသဖွယ်
ဖြစ်နေခဲ့တယ်....

PDF CNA CNF ပူးပေါင်းအဖွဲ့တွေ
ဟာ မြို့တွင်းမှာ လူမရှိတော့သည့် 
နေအိမ်များတွင်ခိုအောင်းလှုပ်ရှားနေ
ကြပြီး မိမိတပ်ဖွဲ့များအားလူနေတိုက်
အိမ်များကို အကာအကွယ်၍ တိုက်
ခိုက်လျှက်ရှိ....

ယနေ့ မြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့
ပြီးလူနေအိမ်အချို့ မီးလောင်မှုရှိခဲ့
ပါတယ်...

ထန်တလန်ဖြစ်စဉ်ကို ဓါတ်ပုံမြင်ကွင်းတွေကို ကြည့်ပါ။ ဒါလည်း ရေးရင် လူတွေ လိုချင် ဖြစ်စေချင်တာမဟုတ်တဲ့အတွက် မကြိုက်ကြဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် အမှန်သိသင့်တယ်ထင်လို့။
.
နည်းနည်းလေး အချိန်ပေးပီး Google မှာ ထန်တလန်လို့ ရှာလိုက်ရင် သတင်းတွေ၊ ဖေ့ဘွတ်ပို့စ်တွေမှာ လွန်ခဲ့တဲ့ ၂ ရက်ကတည်းက ထန်တလန်မှာ လူတွေမရှိတော့တာ၊ CNF နဲ့ အပေါင်းအပါတွေ ထိမ်းချုပ်ထားတာကို တွေ့ရပါလိမ့်မယ်။
.
တိုက်တွေ မီးလောင်တဲ့ ပုံသဏ္ဍန်ကို ကြည့်ရင် လက်နက်ကြီးကျလို့ လောင်တဲ့ ပုံသဏ္ဍန်မဟုတ်ပါဘူး။ ရိုးရိုးမီးလောင်ပီး ဘေးကို ပြန့်ကူးသွားတဲ့ အနေအထားပါ။ ဖြစ်စဉ်တွေလည်း သေခြာသိပေမယ့် ရေးလည်း မထူးလို့ အခြေခံ စဉ်းစားနိုင်အောင်သာ ဒရုန်းနဲ့ရိုက်မယ်ဆို ဘယ်လို အခြေအနေ ရှိတယ်ဆိုတာ ရှင်းပြခြင်းသာပါ။
.
နည်းပညာပိုင်းအရ လော့ဂျစ်နဲ့ သူ့အနေအထားကို ရှင်းပြခြင်းဖြစ်တဲ့အတွက် ကြားချင်၊ ဖတ်ချင်၊ ဖြစ်စေချင်သလိုနဲ့တော့ အတော်ကြီးကွဲလွဲပြီး နားခါးပါလိမ့်မယ်။
.
မြန်မာတွေ အီမိုးရှင်းမြင့်မှန်းသိလို့ ၈၈ မှာ ဌေးကြွယ်တိုနဲ့ ကျောင်းသူတစ်စု ပေါင်းပီး BBC မှာ လုံထိမ်းတွေ မုဒိမ်းကျင့်ခံရတယ်လို့ လိမ်ညာလွှင့်ခဲ့တာ အမှတ်ရကြဦးမယ်ထင်ပါတယ်။ ဌေးကြွယ်တို့က နောက်ပိုင်းမှာ လိမ်ပီး လွှင့်ခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့် သူတို့ Psywar မှာ ခံစားချက်နဲ့ လုပ်ခဲ့လို့ လူတွေ ဘယ်လောက် သေခဲ့ရသလဲ ပြန်စဉ်းစားကြည့်ကြပါ။
.
အဲ့ဒိခေတ်အနေနဲ့ တွေးမယ်ဆိုရင် ဒီအရွယ် တက္ကသိုလ်ကျောင်းသူလေးတွေဟာ သူတို့ကို မုဒိမ်းကျင့်ပါတယ်လို့ လိမ်ညာထွက်ဆိုရဲမှာလဲဆိုတဲ့ အတွေးက ဒီ အီမိုးရှင်းကို အမြင့်ဆုံး ဆွဲတင်သွားခဲ့တာပါပဲ။
.
Psywar ဆိုတာ ဒါပါပဲ။ လူတွေကို အမုန်းခံ ရှင်းမပြချင်တော့ပေမယ့် ကိုယ့်အကောင့်ထဲမှာတော့ စဉ်းစားချင်သူများတဲ့အတွက် လိုတဲ့ Possibilities တွေ ပေးခြင်းသာပါပဲ။ ကောင်းမွန်တဲ့ လူ့ပါတ်ဝန်းကျင်ဖြစ်ဖို့ IQ တင်မဟုတ် EQ ပါ မြင့်မှ ရမှာဖြစ်တယ်လို့ ခံယူထားတဲ့ အတွက်ကြောင့်ပါပဲ။



အေးချမ်းပါစေ....ထန်တလန်

Post a Comment

Previous Post Next Post