ဓမ္မနဲ့ အဓမ္မအကြား စစ်ပွဲမှာ ဘယ်သူတွေနိုင်မလဲ ❓

ဓမ္မနဲ့ အဓမ္မအကြား စစ်ပွဲမှာ ဘယ်သူတွေနိုင်မလဲ ❓
================================

မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိတဲ့အထဲမှာ NLD ကို အမာခံထောက်ခံသူ ၄ သန်းကျော်ပဲ ရှိပါတယ်။ မဲခိုး NLD အစိုးရဖြုတ်ချခံရတဲ့နောက်ပိုင်း NLD ရဲ့ အကြီးဆုံး ဆူပူဆန္ဒပြပွဲဖြစ်တဲ့ 2.2.2021 နေ့ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်တဲ့လူဦးရေပမာဏ ၄.၂ သန်းပဲ ရှိတာပါ။ ဒါကို ပြည်သူတစ်ရပ်လုံးက NLD ကို ထောက်ခံတယ်လို့ ပြောနေတဲ့သူတွေ ရှက်သင့်ပါတယ်။ 

စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ အသုံးပြုသူ ၂၉ သန်း နီးပါးရှိတဲ့ Facebook ပေါ်မှာ NLD အမာခံတွေက Hashtag တွေ ဇွတ်အတင်းထည့်ခိုင်းပြီး အသည်းအသန် Campaign တွေ လုပ်ခဲ့တာတောင် CRPH ထောက်ခံသူက ၂ သန်းမပြည့်ခဲ့ပါဘူး။ NUG ထောက်ခံသူက ၂ သိန်းကျော်ပဲရှိသလို PDF ထောက်ခံသူ ၆ သောင်းကျော်ပဲ ရှိပါတယ်။

Facebook သုံးတဲ့ မြန်မာ ၂၉ သန်းထဲမှာ NLD အကြမ်းဖက်အဖွဲ့နဲ့ လက်အောက်ခံအဖွဲ့တွေကို ထောက်ခံသူ အလွန်ဆုံး ၂ သန်းလောက်ပဲ ရှိတာပါ။ ကျန်တဲ့ ၂၇ သန်းက NLD ကို စောက်ရေးတောင်မလုပ်ဘူးဆိုတာ Hashtag အရေအတွက်က သက်သေပါပဲ။

ခြုံငုံပြီးပြောရရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NLD / PDF အမာခံအကြမ်းဖက်အားပေး ၄ သန်းကျော်ကျော်ပဲ ရှိပါတယ်။ ကျန်တဲ့ သန်း ၅၀ သော ပြည်သူတွေထဲက အများစုဟာ ဗုဒ္ဓဘာသာဝင်များပီပီ ငြိမ်းချမ်းရေးလမ်းစဥ္ကို လက်ကိုင်ထားပြီး အေးရာအေးကြောင်း နေနေကြတာ ဖြစ်ပါတယ်။ ဒီအထဲကမှ ၁၀ သန်းလောက်ကတော့ NLD ဝါဒမှိုင်းမိပြီး ယောင်ဝါးဝါး ဖြစ်နေကြတာကို တွေ့ရပါတယ်။ 

ရွေးကောက်ပွဲမှာ NLD အမာခံတွေရဲ့ မူမမှန်တဲ့ စည်းရုံးသိမ်းသွင်းမှုတွေ၊ ငွေကြေးမက်လုံးတွေနဲ့ဖြားယောင်းမှုတွေ၊ ရန်လိုခြိမ်းခြောက်မှုတွေ၊ အခြားပါတီတွေအပေါ် နှောင့်ယှက်တိုက်ခိုက်မှုတွေအပြင် နည်းမျိုးစုံနဲ့ မဲခိုးခဲ့တာတွေကြောင့် မဲအရေအတွက် များနေခဲ့တာပါ။ နိုင်ငံရေးခံယူချက် တိတိကျကျမရှိဘဲ၊ သမိုင်းဖြစ်ရပ်တွေကို ဂဃနဏမသိဘဲ ဗိုလ်ချုပ်သမီးရဲ့ပါတီမို့ဆိုပြီး သူများယောင်လို့ ရောပြီးယောင်နေတဲ့ ပေါ်ပင်လိုက်နေတဲ့ပြည်သူတွေလည်း များပါတယ်။ 

အချုပ်ပြောရရင် NLD အကြမ်းဖက်အဖွဲ့ကို ထောက်ခံသူ ၄ သန်းကျော် မရှိတော့ရင် မြန်မာနိုင်ငံကြီး ငြိမ်းချမ်းလာမှာ အသေအချာပါပဲ။ PDF အကြမ်းဖက်သူပုန်ကလည်း တစ်နိုင်ငံလုံးမှ ၅ ထောင်လောက်ပဲ ကျန်ပါတော့တယ်။ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ ရဲတပ်ဖွဲ့၊ အထူးလုံခြုံရေးနဲ့ ထောက်လှမ်းရေးတပ်တွေ၊ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်ဌာနေတပ်တွေ၊ မဟာမိတ်တိုင်းရင်းသားတပ်တွေ ပေါင်းလိုက်ရင် အင်အား  ၈ သိန်းနီးပါးရှိပါတယ်။ ပြီးတော့ အရေးကြုံရင် စစ်မှုဝင်ထမ်းမယ့် အရန်ကာကွယ်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ အင်အားကလည်း မှန်းဆလို့မရအောင် ရှိနေပြီးသားပါ။ 

ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်နိုင်တဲ့ တပ်မတော်နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင် အင်အား ၈ သိန်းကျော်ကို ပစ်ပြေးအဆင့် တူမီးကိုင် PDF အကြမ်းဖက် ၅၀၀၀ လောက်က နိုင်မှာလား။ ❓😎

KIA တို့ KNU တို့ဆိုတာ သမိုင်းတစ်လျှောက် တပ်မတော်ကို ဘယ်တုန်းကမှ နိုင်အောင်မတိုက်နိုင်လို့ သူ့တို့ခြံထဲမှာသူတို့ ခြံစောင့်ခွေးအဆင့်လောက်နဲ့ ကျေနပ်နေကြရတာကိုရော သိပါသလား။ PDF ကို ကူညီသလိုလိုနဲ့ ရမလားလို့ နိုင်ငံရေးအမြတ်ထုတ်ချင်နေတဲ့ KIA, KNLA, KNDO, CNF/A, KA စတဲ့ လက်နက်ကိုင်သူပုန်အဖွဲ့တွေအားလုံးပေါင်းရင်တောင် အင်အား ၂ သောင်းမပြည့်ပါဘူး။ ပြည်ပက အကြမ်းဖက်အားပေး အဖွဲ့တွေအနေနဲ့လည်း အစိုးရရဲ့ တင်းကြပ်တဲ့လုံခြုံရေးကွန်ရက်ကိုကျော်လွန်ပြီး PDF သူပုန်ကို ထိထိရောက်ရောက် ထောက်ပံ့နိုင်မှာ မဟုတ်ပါဘူး။ သူတို့ကို အားကိုးပြီး တပ်မတော်ကို နိုင်အောင် တိုက်နိုင်မယ်ထင်နေတာလား။ ❓😎

NLD ရဲ့ ဝါဒမှိုင်းမိနေလို့ ယောင်ဝါးဝါးဖြစ်နေတဲ့ ပြည်သူ ၁၀ သန်းလောက်ကို ဘေးဖယ်ထားဦး။ အကြမ်းဖက်မှုကိုလုံးဝဆန့်ကျင်တဲ့ မျိးချစ်စိတ်အပြည့်ရှိတဲ့ ပြည်သူ သန်း ၄၀ ကျော်ကို NLD အကြမ်းဖက်အားပေး လက်ကျန်အမာခံ ၄ သန်းလောက်က အလုံးစုံအင်အားအရ ယှဥ္နိုင်မှာလား။ ❓😎

ခြုံငုံသုံးသပ်ရရင် ပြည်သူလူထုက လက်မခံတော့တဲ့ NLD နဲ့ လက်ဝေခံ အကြမ်းဖက်အဖွဲ့တွေအားလုံးဟာ အချိန်တန်ရင် ပြိုကွဲပျက်စီးပြီး မြန်မာ့မြေပေါ်ကနေ ချုပ်ငြိမ်းပျောက်ကွယ်သွားမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲနိုင်ပါ။

                         Sanay Aung Sann
                         မဟာလောကပါလ Admin
#crd copy 😊

Post a Comment

Previous Post Next Post