FB နဲ့ Social Civil War

FB နဲ့ Social Civil War
---
FB ဟာ ဒေါသထွက်မုန်းတီးတဲ့ posts တွေကို သန်ရာသန်ရာတွေဆီလိုရာဆွဲစုပြီးပို့ပေးနေတာကြောင့် လူတွေတဘက်စွန်းပိုရောက်ပြီး အမုန်းတွေပိုကြီးလာရတယ်..
--
ပိုလန်နိုင်ငံရေးမှာ FB ရဲ့ အဲဒီ Hate Algorithm စံနစ်ကြောင့် Social Civil war online လို့ခေါ်တဲ့ လူမှုအွန်လိုင်းပေါ်ကပြည်တွင်းစစ်ကြီးပေါက်ပွါးလာစေခဲ့တယ်လို့ဆိုကြတယ်..
--
FB ရဲ့အတွင်းသိဖေါ်ထုတ်သူ whistleblower "Frances Haugen" လူသိရှင်ကြားတင်ပြလိုက်တဲ့ FB Papers လို့ခေါ်တဲ့ FB အတွင်းသတင်းတွေနဲ့ ဇူကာဘတ်ရဲ့ဆုံးဖြတ်ချက်တွေအကြောင်းအစီရင်ခံစာမှာ ဒီအကြောင်းတွေကိုတိတိကျကျရေးထာတယ်..
--
FB ဟာ မြန်မာပြည်မှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာအရေးမှာ လူထုအကြားအမုန်းပြန့်ပွါးမှုတွေကိုမတားဆီးနိုင်ခဲ့ပါဘူးလို့ဝန်ခံခဲ့ဘူးတယ်.. 
အဲ့နောက်ပိုင်း စစ်တပ် (ဗခမကမင်းအောင်လှိုင်အပါအဝင်) နဲ့ မဘသ အကောင့်တွေကိုပိတ်ပြီးအရေးယူပြခဲ့တယ်.. 
မြန်မာ့နိုင်ငံရေးနဲ့အခြေအနေတွေကိုတကယ်တမ်းနားမလည်တဲ့ လူငယ်တချို့ကို FB teamမှာ ဆွဲခန့်ပြီးမြန်မာ posts တွေကိုစီစစ်ခိုင်းတယ်.. ဒီလူတွေထဲမှာ မြန်မာစာတောင်ကောင်းကောင်းမတတ်တဲ့သူတွေပါတယ်.. ဒီလူတွေရဲ့ အကူအညီနဲ့ AI အခြေပြုစက်မှတ်တမ်းအသိဉာဏ်တုသတ်မှတ်ချက်တွေဖန်တီးပြီး ဝါးလုံးရှည်နဲ့သိမ်းကြုံး ban တာတွေ block တာတွေ အကောင့်ပိတ်ဒဏ်ပေးတာတွေဖြစ်လာတယ်..
---
ဒါတင်ဘယ်ကမလဲ..
နောက်ပိုင်းမှာ အာဏာရအစိုးရပါတီနဲ့ FB team ပူးပေါင်းပြီး တင်သမျှ Posts တွေကို scrutinize လုပ် စိစစ်ပါတယ်ဆိုတော့ .. 
သွားပါလေရော.. နိုင်ငံရေးအကွဲအပြဲတွေကို နိုင်ငံရေးဘက်လိုက်တွန်းထိုးပေးတဲ့အခြေအနေတွေအထိရောက်လာတယ်..
အနှစ်မရှိတဲ့အပေါ်ယံအရေးယူဆောင်ရွက်မှုတွေကြောင့်ဖြစ်တယ်..
---
ပိုဆိုးလာတာကေတာ့..
အခုမြန်မာနိုင်ငံရဲ့ social media (FB) မှာဖြစ်နေတဲ့ ဒလန် ဆိုပြီးလှုံ့ဆော်သတ်ဖြတ်နေတာတွေ အကြမ်းဖက်မှုအားပေးနေတာတွေကတော့ဘယ်နေရာနဲ့မှမတူအောင်အလွန်အကျုးဖြစ်နေပါပြီ..
FB team အနေနဲ့ခါတိုင်းလို အပေါ်ယံကိုဘဲကြည့်ုပြီး AI စံနစ်ကိုသုံးမယ်.. Posts တွေမှာ ဒလန်ဆိုတဲ့ စာလုံးတွေ့တိုင်း ban မယ်ဆိုတဲ့အဆင့်လောက်နဲ့မရနိုင်တော့ပါဘူး..
မြန်မာနိုင်ငံရဲ့ လူမှုနိုင်ငံရေးအခြေခံကိုနားလည်တဲ့ မြန်မာစာသဘောကို ကျွမ်းကျင်တဲ့သူတွေနဲ့ စိစစ်ပြီး တဖြည်းဖြည်းချင်း AI စံနစ်ကပါမှတ်သားနားလည်လာအောင်လုပ်ယူမှရပါလိမ့်မယ်..
---
လက်ငင်းလုပ်သင့်တာကတော့..
Privacy ကိုယ်ရေးလုံခြုံမှုဆိုတာကိုအကြောင်းပြပြီး FB မှာ နာမည်ရင်းမဖေါ်တာကိုခွင့်မပြုသင့်ဘူး (ပုဆိုးခြုံ ထမီခြုံထဲကလက်သီး လက်ဝါးပြသူတွေသိပ်များလွန်းတယ်)
အကောင့်တုတွေကိုအကုန်ဖျက်ပစ်ရမယ်..
ဒါမှ တာဝန်မဲ့ရေးချင်တာရေးနေတာတွေ မြှောက်ထိုးပင့်ကော်လုပ်နေကြတာတွေကိုတားဆီးနိုင်မယ်..
---
အဆုံးမှာတော့..
Social media ဆိုတဲ့ FB ရဲ့မူလဝန်ဆောင်မှုရည်မှန်းချက်အတိုင်း FB ဟာ လူမှုအသိုင်းအဝိုင်းနယ်ပယ်မှာ ..
-တဦးနဲ့တဦးတကယ်သိသူအချင်းချင်း
- သိသူတွေကနေတဆင့်နောက်ထပ်ဆင့်ပွါးပြီးမိတ်ဆွေဖြစ်လာကြသူအချင်းချင်း 
ဒီလူတွေအကြားမှာဘဲရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းအသိတွေဖလှယ်ကြ ဆွေးနွေးကြတဲ့တကယ့်လူမှုကွန်ရက်တခုအဖြစ်ဆီကိုဘဲ ပြန်ကျုံ့သွားလိမ့်မယ်လို့မျှော်လင့်မိတယ်..
---
တနှစ်က အမေရိကန်အထက်လွှတ်တော်ကြားနာပွဲမှာ ဇူကာဘတ်ကို အထက်လွှတ်တော်အမတ်တယောက်ကမေးခဲ့တဲ့ရိုးစင်းတဲ့မေးခွန်းလေးတခုကိုပြန်ပြောပြမယ်..
What is Facebook?
"FB ကဘာလဲ"တဲ့ ..
သဘောကတော့ FB ဟာ သတင်းစာလား သတင်းဖြန့်ချီရေးလား ဗွီဒီယိုရုပ်ရှင်လုပ်ငန်းလား စီးပွါးရေးကြော်ငြာကုမ္ပဏီလား အရောင်းအဝယ်ကုမ္ပဏီလား ဘဏ်လုပ်ငန်းကုမ္ပဏီလား အလှုခံနဲ့အထွေထွေဝန်ဆောင်မူကုမ္ပဏီလား .. စသဖြင့်ပေါ့..
ဒီလိုလုပ်ငန်းသတ်သတ်မှတ်မှတ်ရှိမှ ဒီလုပ်ငန်းတွေနဲ့သက်ဆိုင်တဲ့ ကဏ္ဏအလိုက်စည်းမျဉ်းစည်းကမ်းတွေချမှတ်ပြီးထိန်းကျောင်းသွားနိုင်မှာဖြစ်တယ်..
---
လူမှုကွန်ယက်အမည်ခံပြီးအထိန်းအကွပ်မရှိအကုန်လျှောက်လုပ်နေလို့တော့ဘယ်ရမလဲ..
အဓိကကတော့.. 
တာဝန်မခံတဲ့ထင်ရာစိုင်းအပြောအဆိုလုပ်ရပ်တွေကိုမထိန်းနိုင်တော့ရင် အမုန်းတရားတွေပြန့်လာမယ်..
- Social Civil war လူမှုပြည်တွင်းစစ်တွေဖြစ်လာမယ်..
- Actual Civil war တကယ့်ပြည်တွင်းစစ်ကြီးတွေဖြစ်လာမယ်..
- လူမှုရေးဘောင်ကျော်ကျုးလွန်မှုတွေဖြစ်လာမယ်.. (encroachment of the social norms)
- ဘာသာတရားနဲ့ယုံကြည်မှုစံနှုန်းတွေပျက်ယွင်းလာမယ်.. (deterioation of religious and spiritual cutltures)
ကမ္ဘာကြီးပျက်သွားမယ်..
---
What a doomsday!
သန်းလွင်ထွန်း
၂၇ အောက်တိုဘာ ၂၀၂၁

1 Comments

  1. facebookb team မြန်မာဝန်ထမ်းတွေရဲ့မြန်မာပိုင်းဆိုင်ရာသုံးသပ်ပုံတွေညံ့ဖျင်းမှုတွေကြောင့် social civil war အသွင်ဆောင်လာတာကို Facebook team အနေနဲ့ပြန်လည်သုံးသပ်သင့်နေပါပြီ

    ReplyDelete

Post a Comment

Previous Post Next Post