ဆူဒန်တွင် အင်တာနက်ဖြတ်တောက်မှု ဆက်လက်ရှိနေဆဲဖြစ်
ခါတွန်၊ အောက်တိုဘာ ၃၀
ဆူဒန်နိုင်ငံတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံအား အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့သည့် အောက်တိုဘာ ၂၅ ရက်မှ ယနေ့အထိ အင်တာနက်ဖြတ်တောက်မှု ဆက်လက်ရှိနေဆဲဖြစ်သည်။
Cloudflare နှင့် Netblocks တို့၏ သတင်းပေးပို့ချက်အရ ဆူဒန်နိုင်ငံတစ်ဝန်းလုံး အင်တာနက်ပြတ်တောက်နေလျှက်ရှိပြီး ပြည်သူ ၄၃ သန်းတို့ အင်တာနက်အသုံးမပြုနိုင်ဖြစ်နေကြကြောင်းသိရသည်။
မူလက မိုဘိုင်းဖုန်းလိုင်းများကိုပါ ဖြတ်တောက်ခဲ့သော်လည်း ပြီးခဲ့သည့် အင်္ဂါနေ့ဖြစ်သည့် အောက်တိုဘာ ၂၆ ရက်နေ့ကမူ မိုဘိုင်းဖုန်းများပြန်လည်ဆက်သွယ်ခွင့်ပြုခဲ့သည်။ သို့သော် မိုဘိုင်းဒေတာဖြင့် အင်တာနက်သုံးခြင်းကိုမူ ဖြတ်တောက်ထားဆဲဖြစ်သည်။
ဆူဒန်နိုင်ငံစစ်ဦးစီးချုပ်သည် နိုင်ငံအား အရေးပေါ်အခြေအနေကြေညာခြင်း၊ အသွင်ကူးပြောင်းရေးအစိုးရအားဖျက်သိမ်းခြင်းနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများအား အလုပ်နှင့်တာဝန်မှ ရပ်နားခြင်းတို့ကို အောက်တိုဘာ ၂၅ ရက်ကတည်းက ကြေညာခဲ့သည်။
ယင်းတို့ကို လက်မခံသည့် ဆူဒန်ပြည်သူများက လမ်းမများပေါ်တွင် ဆန္ဒပြမှုများပြုလုပ်ကာ၊ အရပ်သားအစိုးရတစ်ရပ်ဖွဲ့စည်းပေးရန် တောင်းဆိုခဲ့ကြသည်။ လက်ရှိတွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ခြင်းကြောင်း သေဆုံးဒဏ်ရာရမှုအချို့ရှိနေကြောင်းသိရသည်။
ကိုးကား
Post a Comment