ယူ -၂၃ အာရှဖလားခြေစစ်ပွဲမှာ မြန်မာအသင်း က တရုတ် (တိုင်ပေ) အသင်းကို အနိုင်ရ
ယူ -၂၃ အာရှဖလားခြေစစ်ပွဲမှာ မြန်မာအသင်း က တရုတ် (တိုင်ပေ) အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သိရပါတယ်။
၂၀၂၂ အာရှ ယူ၂၃ ခြေစစ်ပွဲအုပ်စု(အိုင်) ပွဲစဉ်အဖြစ် မြန်မာ ယူ -၂၃ အသင်း နှင့် တရုတ် (တိုင်ပေ ) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတာလည်း ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းမှာ ပိုပေါ့ဗ်ကနည်းပြချုပ် ဖြစ်ပြီး အုပ်ချုပ်နည်းပြအဖွဲ့ဝင် ၁၁ ဦး၊ ကစားသမား ၂၃ဦး စုစုပေါင်း ၃၄ဦး နဲ့ ဖွဲ့စည်းထားပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့မှာ မြန်မာအသင်းအနေဖြင့် ဗီယက်နမ်အသင်း နှင့် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။
အာရှနိုင်ငံတွေက အသက် (၂၃)နှစ်အောက်အသင်းတွေက အုပ်စု (၁၁)ခုခွဲပြီး အာရှယူ-၂၃ ခြေစစ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြတာလည်း ဖြစ်ပါတယ်။
Post a Comment