ပြည်ဖျက်မီဒီယာများတွင် မတွေ့ရသည့် သတင်းတစ်ပုဒ်
===============================
စစ်တပ်က ပြည်သူလူထုကို ပစ်ခတ်တဲ့အကြောင်း သတင်းအမှားတွေရေးသားပြီး ဝါဒမှိုင်းတိုက်နေတဲ့ ပြည်ဖျက်မီဒီယာ မဇ္ဈိမ၊ခေတ်သစ်၊ Myanmar Now၊ DVB၊ ဧရာဝတီစတဲ့ သတင်းမီဒီယာတွေက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူတွေကို စစ်တပ်က ကူညီစောင့်ရှောက်တဲ့သတင်းကို ရေသားဖော်ပြတာမတွေ့ရဘူး။
ချင်းပြည်နယ်အတွင်းရှိ မြို့ရွာတစ်ချို့မှာ PDF အမည်ခံ အကြမ်းဖက်သမားများကြောင့် တိုက်ပွဲများဖြစ်ပွားပြီး အေးချမ်းစွာနေထိုင်လို့တဲ့ ပြည်သူအချို့ မိမိတို့ရဲ့နေရပ်များကို စွန့်ခွာပြီး တိုက်ပွဲလွတ်ကင်းရာကို ရွှေ့ပြောင်း နေထိုင်ကြရပါတယ်။
ဒီလိုဖြစ်ရတာ ချင်းပြည်နယ်အတွင်း ရိုးသားတဲ့ တိုင်းရင်းသားတွေကို NUG နဲ့ အစွန်းရောက် NLD ထောက်ခံသူလော်ဘီများက ရရာလက်နက်စွဲကိုင်ပြီး တွန်းလှန်ဖို့ဆိုတဲ့ လွဲမှားတဲ့မျှော်လင့်ချက် False Hopes အမှားတွေကြောင့် ဒေသခံပြည်သူအချို့ တူမီးကိုင်ပြီး စစ်ပွဲတွေမျှော်လင့်ခဲ့လို့ ယခင်အေးချမ်းတဲ့ ချင်းတောင်တန်းပေါ်မှာ တိုက်ပွဲတွေဖြစ်ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့တာပါ။
ဒီလို အေးချမ်းမှုပျက်ပြားတဲ့ဆိုးကျိုးကိုတော့ ဒေသခံပြည်သူများ တိုက်ရိုက်ခံစားနေရပြီး အစိုးရနဲ့တပ်မတော်က အမြန်ဆုံးတည်ငြိမ်အေးချမ်းအောင် အကြမ်းဖက်သမား ရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ပေးနေတာ မြင်တွေ့ရပါတယ်။
ဆူပူသောင်းကျန်းမှုဆိုးရွားတဲ့ မြို့ရွာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တည်ငြိမ်အောင် ရှင်းလင်းပြီးနောက်မှာ အဲဒီကျေးရွားများမှာ မိုင်းရှင်းလင်းပေးခြင်း၊ တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ်တွေ ပြန်လည်ပြုပြင်ပေးခြင်း တောင်ယာလုပ်ငန်းများအပါအဝင် ဒေသခံများ လုပ်ကိုင်စားသောက်ဖို့ လိုအပ်ချက်များ စီစဉ်ပေးခြင်း လတ်တလော စားသောက်နေထိုင်ဖို့ ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဂရုတစိုက်လုပ်ကိုင်ပေးပြီး ယာယီတိုက်ပွဲရှောင်နေရတဲ့ ပြည်သူတွေကို သူတို့ရွာပြန်နိုင်ဖို့ နယ်မြေခံတပ်မတော်သားများက စက်လှေများ၊ မော်တော်ယာဉ်များနှင့် အောက်တိုဘာ ၂၆ ရက်နေ့ကစပြီး ပြန်လည်ပို့ဆောင်ပေးနေပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့အထိ ကျေးရွာပေါင်း ၉ ရွာ လူဦးရေတစ်ထောင်ကျော်ကို ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးခဲ့ပြီး နေ့စဉ် တိုက်ပွဲရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေး ဆက်လက်လုပ်ဆောင်ပေးလျက်ရှိပါတယ်။
Post a Comment