အမုန်းစကားနှင့် မြန်မာနိုင်ငံအစိုးရကြား ဆက်စပ်မှုကို သက်သေမပြနိုင်တဲ့ ဂမ်ဘီယာ (ICJ နိုင်ပြီ​လေ)

မြန်မာနိုင်ငံသည် ဘင်္ဂါလီများကိုဖိနှိပ်ရန် အမုန်းစကားဖြန့်ချိမှုအား အစိုးရ(သို)တပ်မတော်က ဦးစီးဆောင် ရွက်ခဲ့ခြင်းမှာ ဘင်္ဂါလီများကိုမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိကြောင်း ဂမ်ဘီယာ၏လျှောက်လဲမှုနှင့်ပတ်သက်၍ မြန်မာ၏ရှေ့နေ Mr. Stefan Talmon ကတုံပြန်ချေပခဲ့ခြင်းဖြစ်သည်။
-
အမုန်းစကားကို သမားရိုးကျပြုလုပ်လေ့ရှိသည့် အမုန်းစကားနှင့် လူမျိုးရေးခွဲခြားရန်(သို)အကြမ်းဖက်တိုက် ခိုက်မှုဖြစ်ပေါ်စေရန်နှင့် လူမျိုးသုဉ်းစေရန် ရည်ရွယ် ချက်ဖြင့် လှုဆော်မှုရှိရန်လိုအပ်ကာ လူမျိုးသုဉ်းစေရန် လှုဆော်သည်ဆိုပါက ရည်ရွယ်ချက်ရှိသည်ကိုပြသနိုင် ရမည်ဖြစ်ပြီး အမုန်းစကားဟုဆိုတိုင်း လူမျိုးသုဉ်းစေရန်ရည်ရွယ်ချက်ရှိသည်ကိုမဆိုနိုင်ဟု တုံပြန်ချေပခဲ့သည်။
-
ထိုပြင် ဂမ်ဘီယာ ကိုးကားထားသော အမုန်းစကားဟု ဆိုသည်များ၏ အနက်အဓိပ္ပာယ်များ၊ ဂမ်ဘီယာက လိုရာဆွဲပြောမှုများကို မှန်ကန်သည်ဟုမဆိုနိုင်ဘဲ ဥပမာအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ပြောကြားချက်များကို လိုရာပုံသွင်း၍ အနက်အဓိပ္ပာယ်ဖော်သည်ကိုတွေ့ရှိရကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အပြုသဘောနှင့်ပြောကြားချက်များကို ဘင်္ဂါလီများအား လူမျိုးသုဉ်းစေရန်ရည်ရွယ်လှုဆော်သည့်အ သွင်ဖန်တီးထားခြင်းကိုတွေ့ရသည်ဟု တုံပြန်ချေပခဲ့သည်။
ဂမ်ဘီယာအနေဖြင့် အမုန်းစကားအချိုသည် လူမျိုးသုဉ်းစေလိုသောရည်ရွယ်ချက်ရှိကြောင်းပြသနိုင်သည့်တိုင် မြန်မာနိုင်ငံနှင့် သက်ဆိုင်ခြင်းရှိ/မရှိကိုသက်သေ ပြနိုင်ရမည်ဖြစ်ပြီး အမုန်းစကားကို တပ်မတော်နှင့်ချိတ်ဆက်၍မရနိုင်ဘဲ ပုဂ္ဂိုလ်တစ်ဦးချင်း၏ပြောဆိုရေးသားချက်များသည် နိုင်ငံနှင့်ချိတ်ဆက်နေသည့်တိုင် နိုင်ငံကလူမျိုးသုဉ်းစေလိုသည့် ဆန္ဒမရှိပါက နိုင် ငံတော်ကိုတာဝန်ရှိသည်ဟုဆို၍မရဟု တုံပြန်ချေပခဲ့သည်။
-
ထိုကြောင့် ဂမ်ဘီယာကစွပ်စွဲသကဲ့သို အမုန်းစကားနှင့် မြန်မာက လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်ရှိသည် ဆက်စပ်သည်ဟုမဆိုနိုင်ဘဲ စနစ်တကျ ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်သည်ဟု ကောက်ချက်ချနိုင်မှသာ လူ မျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိသည်ဟုဆိုနိုင်ပြီး အမုန်းစကား၊ အမုန်းစကားကို ခွင့်ပြုထားသည့်နိုင်ငံအနေဖြင့် လူမျိုးသုဉ်းစေရန်ရည်ရွယ်ချက်ရှိသည်ဟု ဆို၍မရဟု တုံပြန်ချေပခဲ့သည်။
-
ဂမ်ဘီယာကစွပ်စွဲသကဲ့သို “ရိုဟင်ဂျာများကို ဆန့်ကျင်သည့် အမုန်းစကား”သည် လူမျိုးသုဉ်းစေလိုသည့် ရည် ရွယ်ချက်နှင့်ချိတ်ဆက်လိုပါက အဆိုပါ အမုန်းစကားများကို ပြောဆိုဖော်ပြသူများသည် လူမျိုးသုဉ်းစေလိုသည့်ရည်ရွယ်ချက်ရှိကြောင်း၊ “ရိုဟင်ဂျာများကို ဆန့် ကျင်သည့် အမုန်းစကား”သည် လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်နှင့်ချိတ်ဆက်၍ရသည့်တိုင် မြန်မာနိုင်ငံနှင့် သက်ဆိုင်ခြင်းရှိ/မရှိ သက်သေထူနိုင်ရမည်ဖြစ်သော်လည်း ဂမ်ဘီယာအနေဖြင့် ပြသနိုင်ခြင်းမရှိဟု မြန်မာ၏ရှေ့နေ Mr. Stefan Talmon ကတုံပြန်ချေပခဲ့သည်။
-
🇲🇲 We stand with Agent of Myanmar 🇲🇲
-
ICJ .. 🇲🇲 နိုင်ပြီလေ
-

Post a Comment

Previous Post Next Post