ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကျေးရွာမှာ နေထိုင်နေတဲ့ အရပ်သား ကိုဖိုးအေး ကို ရွှေဘိုခရိုင် PDF ရင်း(၁)မှ ချစ်မောင် က အရက်သေစာသောက်စားမူးရူးပြီး သေနတ်နဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ကိုဖိုးအေးဟာ ဆီးခုံမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့သိရပါတယ်... ရွှေဘို PDF ရင်း(၁)ဟာ ဒေသခံတွေကို မကြာခဏအနိုင်ကျင့်နေတဲ့အပြင် မူးယစ်ရမ်းကားပြီး သေနတ်နဲ့ပစ်ခတ်တာတွေပြုလုပ်နေတာ အကြိမ်ပေါင်းမနည်းတော့ဘူးလို့ သိရပါတယ်... အခုဖြစ်စဉ်မှာလည်း ကိုဖိုးအေးကို အကြောင်းမဲ့ပစ်ခတ်တဲ့အပြင် ဒလန်လို့လုပ်ကြံစွပ်စွဲနေတာကြောင့် ရွာသားတွေက မကျေနပ်ဖြစ်ပြီး ဘာမှတာဝန်ယူမှုမရှိတဲ့ NUGကို တိုင်ကြားစာပို့ထားတယ်ဆိုပဲ... ကြာလာတာနဲ့အမျှ မင်းတို့တော်လှန်ရေးကြီး မြောင်းထဲရောက်တော့မှာပဲ...
Tags:
ဆောင်းပါး
Post a Comment