မြန်မာတို့၏ အမျိုးသား​ရေးတာဝန်တစ်ရပ်အဖြစ် ICJ​ရောက် မြန်မာ့ကိုယ်စားလှယ်အဖွဲ့အား ဝန်းရံရမည်

ICJ တွင် တက်ရောက်နေသော မြန်မာကိုယ်စားလှယ်အဖွဲ့အား ပြည်သူလူထုအားလုံး အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဝန်းရံကြပါစို့

ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းရင်ဆိုင်လျက်ရှိပါသည်။ ဤတိုက်ပွဲသည် ရှေ့နေများ၊ ကိုယ်စားလှယ်များ၏ တိုက်ပွဲသာမက မြန်မာပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သည့် "အမျိုးသားရေးတာဝန်" တစ်ရပ်ပင် ဖြစ်ပါသည်။
-
မမှန်ကန်သော ဝါဒဖြန့်မှုများကို အမှန်တရားဖြင့် တုံ့ပြန်စို့
မျက်မှောက်ခေတ်တွင် စစ်မြေပြင်တိုက်ပွဲများထက် ပြင်းထန်သည်မှာ "သတင်းအမှား" များဖြင့် တိုက်ခိုက်သည့် မီဒီယာစစ်ပွဲပင် ဖြစ်သည်။ အချို့သော ပြည်ပမီဒီယာများသည် ကျွန်ုပ်တို့၏ ကိုယ်စားလှယ်အဖွဲ့ဝင်များကို သိက္ခာကျစေရန် AI နည်းပညာသုံး ဓာတ်ပုံအတုများ၊ လူသားတို့၏ သဘာဝဖြစ်စဉ်ဖြစ်သော မျက်တောင်ခတ်သည့် ခဏတာရိုက်ချက်များကို အသုံးချ၍ ပုံဖျက်တိုက်ခိုက်နေကြသည်။
-
လူတစ်ဦးသည် တစ်မိနစ်လျှင် အနည်းဆုံး အကြိမ် ၂၀ ခန့် မျက်တောင်ခတ်ရခြင်းမှာ သဘာဝဖြစ်သကဲ့သို့၊ ဥပဒေပညာရှင်များအနေဖြင့် ရှုပ်ထွေးသော လျှောက်လဲချက်များကို အာရုံစူးစိုက်နားထောင်ရာတွင် မျက်စိမှိတ်၍ အာရုံယူလေ့ရှိခြင်းမှာ ပညာရှင်တို့၏ ဓလေ့ပင်ဖြစ်သည်။ ဤအချက်များကို လိုရာဆွဲ၍ တိုက်ခိုက်နေမှုများကို ပြည်သူများအနေဖြင့် အသိဉာဏ်ဖြင့် ခွဲခြားသိမြင်ပြီး အမှန်တရားဘက်မှ မားမားမတ်မတ် ရပ်တည်ပေးကြရန် လိုအပ်ပါသည်။
တရားဥပဒေစိုးမိုးရေးအပေါ် ခိုင်မာသော ယုံကြည်ချက်
မြန်မာနိုင်ငံသည် ICJ ၏ တရားစီရင်မှုအဆင့်တိုင်းတွင် အပြုသဘောဖြင့် ပါဝင်ရင်ဆိုင်နေခြင်းမှာ နိုင်ငံတကာဥပဒေနှင့် တရားမျှတမှုအပေါ် အလေးထားခြင်းကြောင့်ဖြစ်သည်။ ဂမ်ဘီယာနိုင်ငံ၏ အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ခိုင်မာသည့် သက်သေအထောက်အထားများ၊ ကျိုးကြောင်းဆီလျော်သည့် ဥပဒေကြောင်းအရ လျှောက်လဲချက်များဖြင့် တုံ့ပြန်နေသည့် မိမိတို့အဖွဲ့အား ဝန်းရံပေးခြင်းသည် နိုင်ငံချစ်စိတ်ကို ပြသခြင်းပင် ဖြစ်သည်။
-
သင်၏ Click တစ်ချက်သည် ထိရောက်သော အားအင်တစ်ခုဖြစ်သည်။ ယနေ့ခေတ် Digital ကမ္ဘာတွင် သင်၏ ဖုန်းမျက်နှာပြင်ပေါ်မှ လုပ်ဆောင်ချက်တိုင်းသည် နိုင်ငံတော်အတွက် အင်အားဖြစ်စေပါသည်။ Share တစ်ခုသည် အမှန်တရားကို ကမ္ဘာကသိအောင် ဖြန့်ဝေပေးခြင်း ဖြစ်သည်။ Like တစ်ချက်သည် နိုင်ငံတော်အတွက် ပေးဆပ်နေသူများကို "ငါတို့ မင်းတို့နဲ့အတူ ရှိနေတယ်" ဟု အသိပေးလိုက်သည့် ခွန်အားတစ်ရပ် ဖြစ်သည်။ Comment တစ်ခုသည် သတင်းတု၊ သတင်းမှားများကို တန်ပြန်တိုက်ဖျက်နိုင်သည့် လက်နက်တစ်ခု ဖြစ်သည်။
-
ပြည်ပသတင်းဌာနများ၏ ယုတ်မာသော ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသည့် AI ပုံရိပ်အတုများကို သင်၏ Share ဖြင့် ဖယ်ရှားပြီး၊ အမှန်တရားနှင့် နိုင်ငံတော်၏ ကြိုးပမ်းမှုများကို ကမ္ဘာက မြင်တွေ့အောင် ဝိုင်းဝန်းလုပ်ဆောင်ပေးကြပါရန် တိုက်တွန်းလိုပါသည်။
-
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ICJ တွင် ဥပဒေကြောင်းအရ ရင်ဆိုင်နေချိန်တွင် ပြည်တွင်းရှိ ပြည်သူများကလည်း မီဒီယာကဏ္ဍမှနေ၍ အမျိုးသားရေးစိတ်ဓာတ်ဖြင့် တစ်ခဲနက် ဝန်းရံကြပါစို့။
-
"အမှန်တရားသည်သာ နောက်ဆုံး၌ အောင်နိုင်ရမည်" 🇲🇲

#MKMgMoe2026
photo- ICJ Press

Post a Comment

Previous Post Next Post