လက်နက်ကိုင်ရှိတဲ့ တိုင်းပြည်ဟာ ဘယ်တော့မှ မတိုးတတ်ဘူး။ ရန်သူက NCA ကို ငါးစာအနေနဲ့ မျှားချထားပြီး စစ်အင်အားကို အကြီးအကျယ် ပြင်ဆင်ခွင့် ရနေတာပါ။ တပ်အတွက် ဘာဆုံးရှုံး နစ်နာသလဲလို့ ပြောရင် NCA ထိုးထားတဲ့ခေတ်မှာ ရန်သူက လူသစ်စုနေရင်တောင် Join ကော်မတီတွေကတဆင့်ပဲ သွားရတော့တဲ့ သဘောပါ။ ငြိမ်းချမ်းရေး လုပ်ဆောင်နေဆဲကာလမှာ နယ်စပ်က ကား without တွေ ဘယ်အဖွဲ့အစည်း နာမည်နဲ့ တင်သွင်းမှု အများဆုံးလဲ။ ငြိမ်းချမ်းရေးကို ခုတုံးလုပ်ပြီး စစ်ရေးရော၊ စီးပွားရေးရော အကုန်လုံးက လုပ်စားခဲ့ကြတာပဲ မဟုတ်ဘူးလား။
-----
လက်ရှိ အပစ်အခတ်ရပ်ထားတဲ့ နယ်မြေတွေဟာ ရွေးကောက်ပွဲ ဖြစ်ပေါ် ဖို့ အတွက် စစ်ဘောင်ကျဉ်းလိုတဲ့ ရည်ရွယ်ချက်ကြောင့် ရပ်ထားရတယ် ဆိုရင် ကောင်းပါတယ်။ ဒါပေမယ့် ဒီနေရာမှာ တရုတ်ကိုလည်း အပေးအယူ ပြတ်ပြတ်သားသား ရပ်တည်ချက်ကို ချပြနိုင်ရပါ့မယ်။ ပြည်ထောင်စု လမ်းပိုင်း ပွင့်ချင်ရုံလောက်နဲ့ ရှမ်းမြောက် လက်နက်ကိုင်တွေဟာ ဒုံရင်းက ဒုံရင်းဆ်ုရင် တချိန်ချိန် တိုက်ပွဲတွေ သေချာပေါက် ပြန်ဖြစ်ပါဦးမယ်။ ရှမ်းမြောက်လက်နက်ကိုင်တွေ လက်နက်စွန့်ပါတီထောင်ပြီး ပါတီနိုင်ငံရေးထဲ ဝင်မှသာ တရုတ်- မြန်မာ စီးပွားရေး စင်္ကြံလမ်းကလည်း ရေရှည် တည်တံ့နိုင်မှာပါ။
-------
ခု ပလောင်က မန်တုံမှာ ကျင်းပသွားတဲ့ အခမ်းအနားဟာ ဒုတိယ "ဝ" မော်ဒယ်ပါ။ တပ်က ဆုံးရှုံးထားတဲ့ ယာဉ်ယန္တရားတွေ၊ လက်နက်တွေကို ထုတ်ပြပြီး ပေါ်တင် စိန်ခေါ်သွားတဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ်။ တအိမ်တစ်ယောက် လူသစ်စုထားတဲ့ ပေါ်လစီအရ အစိုးရအနေနဲ့ ပလောင်တိုင်းကို အရပ်သားလို့ မြင်ကြည့်လို့ မရပါဘူး။ လူမျိုးစုကို အခြေခံတဲ့ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်နေတာကို ဒီအခမ်းအနားကို မြင်တဲ့သူတိုင်း ခံစားလို့ရနေပါပြီ။
ငါတို့က ဒီနယ်မြေတွေကို စစ်နိုင်လို့ ရထားတာ။ နယ်မြေပြန်လိုချင်ရင် တိုက်ယူ ဆိုတဲ့ ပလောင် ခေါင်းဆောင်တွေရဲ့ စကားဟာ ပူပူနွေးနွေး ရှိပါသေးတယ်။ မြေပြင်တပ်မ တွေ အသားစီး ရလာကာကြမှ မိုးမိတ်၊ မိုးကုတ် ထိုးအပ်ပြီး တပ်က ပလောင်နယ်မြေတွေ လေကြောင်း မတိုက်ရ၊ ထိုးစစ်မဆင်ရ ဆိုတဲ့ တရုတ်အသိသက်သေနဲ့ စာချုပ် ချုပ်ထားမှတော့ အနာဂတ်မှာ ဆုံးရှုံးထားတဲ့ နယ်မြေတွေက ဆင်နှစ်ကောင် ဟိုတယ်မှာပဲ တွေ့ပြီး အရစ်ကျ တောင်းဆိုနေကြရမှာလား ဆိုတဲ့ မေးခွန်းတွေလည်း ပြည်သူတွေဆီ ရှိနေခဲ့ကြမှာပါ။
------
အစိုးရ အသစ်အနေနဲ့ နိုင်ငံတကာ ဖိအားဆိုတာ ထက် ပြည်သူမျက်နှာ၊ စစ်ပွဲ အဓိဌာန်ရုံတွေ ကြုံခဲ့ရတဲ့ ဒေသခံ ပြည်သူတွေရဲ့ မျက်နှာကို အဓိက ထောက်ထားပြီး လက်နက်ကိုင်မရှိတဲ့ ပြည်ထောင်စု အခင်းအကျင်းသစ်ကို သေချာပေါက် သွားဖို့ လိုပါလိမ့်မယ်။ ဒီနေရာမှာ NCA ရဲ့ သက်တမ်းဟာ ၁၀ နှစ်အထိ အချိန်တွေ အလဟသ ဖြစ်ခဲ့ပြီးပါပြီ။ ငြိမ်းချမ်းရေး အတွက် ကြိုးစားခဲ့သမျှလုပ်ရပ်နဲ့ KNU ၊ ABSDF၊ CNF တို့ရဲ့ လုပ်ရပ်တွေကို နှိုင်းယှဉ်သုံးသပ်ကြည့်ရင် NCA ဟာ အရွေ့ ရှိ၊ မရှိ မြင်နိုင်တာပါပဲ။
------
ပလောင်တွေက ဘယ်နှစ်ခုနှစ်မြောက် တော်လှန်ရေးဆိုပြီး ခြိမ့်ခြိမ့်သဲ ကျင်းပနေနိုင်ပေမယ့် စစ်ဒဏ်ကြောင့် မီးရှို့ပြာကျခဲ့ရတဲ့ နောက်ချို၊ ကျောက်မဲ ဒေသက ပြည်သူ့နေအိမ်တွေကတော့ ပြန်လည် ထူထောင်ရေး ကိစ္စတွေ နှစ်ချီ လုပ်ရဦးမယ့် သဘောပါပဲ။
(နရီမိုး)
Post a Comment