PDFတွေကဘယ်သူရိုးသားလို့လဲ


အွန်လိုင်းပေါ်က တော်လှန်ရေးဗန်းပြ 
အုပ်စုလိုက် လိမ်လည်မှု

စစ်တပ်ကို လက်နက်ကိုင်၍ 
ဟတိုက်ခိုက်ရန် လေ့ကျင့်ရေးဆင်းနေပုံများ၊ 
သေနတ်ကိုင်ထားသည့် ဓာတ်ပုံများ၊ 
ခက်ခက်ခဲခဲ စားသောက်နေရပုံများကို 
ဖော်ပြပြီး အမှန်တကယ် 
တော်လှန်ရေးလုပ်နေသယောင် 
ဟန်ဆောင်ကာ အွန်လိုင်းပေါ်တွင် 
လိမ်လည်နေသည့် အဖွဲ့တစ်ခု
ရှိနေသည်။ 

၎င်းတို့အဖွဲ့မှာ 
အကောင့်တုများအပါအဝင် 
နာမည်အမျိုးမျိုးပေးထားသည့် 
Page အတု စုစုပေါင်း ၁၀၀ နီးပါး 
ဖွင့်ထားပြီး ပီဒီအက်ဖ် တပ်ဖွဲ့ဝင် 
အမျိုးသားငယ်၊ အမျိုးသမီးငယ်များ
အပြင် ၎င်းတို့နှင့်သိရှိသည့် 
ဆရာဝန်အယောင်ဆောင် 
အကောင့်တုများနှင့် 
ချိတ်ဆက်ထားကြသလို 
အွန်လိုင်းပေါ်တွင် တစ်ဦးနှင့်တစ်ဦး 
အပြန်အလှန် ထောက်ခံပေးကြကာ 
အစစ်အမှန်သဖွယ် 
ဟန်ဆောင်ထားကြသည်။

၂၀၂၁ ဧပြီဝန်းကျင်တွင် 
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ 
မြေအောက်တော်လှန်ရေးအုပ်စုများ 
အပြိုင်းအရိုင်း ပေါ်ပေါက်ခဲ့သည်။ 
စစ်တပ်ကို ဆန့်ကျင်ကြသူအများစုမှာ 
လူငယ်များဖြစ်သည့်အလျောက် 
ဆိုရှယ်မီဒီယာပေါ်တွင် 
၎င်းတို့၏ လုပ်ဆောင်မှုများကို 
ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြမှုများ 
ရှိလာခဲ့ကြသည်။

Post a Comment

Previous Post Next Post