- ကချင်ပြည်နယ်၊ မိုးညှင်းမြို့နားက မော်ဟန်
ရဲစခန်းကို KIA ကတိုက်ခိုက်ခဲ့တဲ့သတင်းကြားလိုက်
ရတော့ အရမ်းအံ့ဩမိတယ်။
-ဘာကြောင့်လဲဆိုတော့ မော်ဟန်ရွာဆိုတာ ရှမ်းနီ
လူမျိုးအများစုနေပြီး ဘယ်တုန်းကမှ KIA ကို အား
မပေးခဲ့တဲ့ ရွာကြီးဖြစ်လို့ပါ။
-နာမည်ကျော် နမ့်မချီးမှော်တစ်ဝိုက် KIA လှုပ်ရှားမှု
ရှိပေမယ့် မော်ဟန်ရွာနား ကပ်လို့မရခဲ့ပါဘူး။
-အခုတော့ ရှမ်းနီအများစုနေတဲ့ရွာထိပ်က အင်အား
၁၀ ယောက်ကျော်သာရှိတဲ့ ရဲစခန်းငယ်လေးကို KIA
အင်အား ၁၀၀ ကျော်က လက်နက်ကြီးတွေ ပစ်ခတ်
ပြီးဝင်တိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးမှုတွေ ရှိခဲ့
တယ်။
-KIA တွေ အင်အား အများအပြားနဲ့ ရွာနားကပ်လာ
တာကိုသတင်းမပေးတဲ့ မော်ဟန်ရွာသား(ရှမ်းနီ)
တွေ KIA နဲ့ ပူးပေါင်းသွားပြီလားလို့တောင်
သံသယဖြစ်မိတယ်။
-မော်ဟန်ရွာသား ရှမ်းနီတွေက မိမိရွာကို စောင့်
ရှောက်ပေးနေတဲ့ လုံခြုံရေးစခန်းကို KIA က
တိုက်ခိုက်ခဲ့ခြင်းအပေါ် ဝမ်းပန်းတသာ အားပေး
နေတဲ့ မော်ဟန်ရွာသားတစ်ချို့ကိုလည်း စိတ်မ
ကောင်းစရာမြင်တွေ့နေရတယ်။မော်ဟန်ရွာရဲ့
အေးချမ်းလုံခြုံမှုအတွက်လည်း စိတ်ပူရင်လေးမိ
တာတော့ အမှန်ပဲ။
-KIA ရဲ့ ကောက်ကျစ်ယုတ်မာမှုကို တစ်သက်လုံး
လက်မခံခဲ့တဲ့ ရှမ်းနီလူမျိုးတွေကို KIA က ဘယ်
လောက်အထိ သဘောကောင်းပေးနိုင်မလဲဆိုတာ
စဉ်းစားစရာမလိုအောင် အဖြေကရှင်းပါတယ်။
-နမ့်မချီမှော်နားက KIA ကို စစ်တပ်က အပြတ်
ရှင်းလင်းလို့ တိုက်ပွဲတွေပြင်းထန်လာရင် အထိနာ
မှာကတော့ မော်ဟန်ရွာပဲဖြစ်မယ်ထင်ပါတယ်။
-ကချင်ပြည်နယ်မှာ ရှမ်းနီနဲ့ကချင်လူမျိုးဆိုတာ
သမိုင်းကြောင်းအရ ရန်ကြွေးရှိခဲ့လို့
စစ်တပ်နဲ့ KIA အကြား၊ KIA နဲ့ ရှမ်းနီတွေအကြား
ဖြစ်လာမယ့် တိုက်ပွဲတွေမှာ မော်ဟန်ရွာ ကံကောင်း
ပါစေလို့ ဆုတောင်းပေးပါတယ်။
#PeopleVoice
Post a Comment