မိုးကုတ်မြို့အနီးမှ ကျေးရွာများအတွင်းသို့ PDF အကြမ်းဖက်သမားများက လက်နက်များဖြင့် ဝင်ရောက်ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများ ဆက်သွယ်ပြောဆို

မိုးကုတ်မြို့အနီးမှ ကျေးရွာများအတွင်းသို့ PDF အကြမ်းဖက်သမားများက လက်နက်များဖြင့် ဝင်ရောက်ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများ ဆက်သွယ်ပြောဆို

MNP ၊ ဖေဖော်ဝါရီ ၁၄

ယနေ့မနက် မိုးကုတ်မြို့အနီးတဝိုက်ရှိ ဂွေးပင်ကျေးရွာ၊ ကျောက်ပြတ်သတ်ရွာ အစရှိသော ကျေးရွာများအတွင်း PDF အကြမ်းဖက်သမားများက ဝင်ရောက်ပစ်ခတ်မှုများ ပြလုပ်လျက်ရှိသည်ဖြစ်ရာ သေဒခံများ ထွက်ပြေး ပုန်ရှောင်နေကြရကြောင်း သိရသည်။

ဒေသခံတစ်ဦးက "မိုးကုတ်မှာ အခြေနေမကောင်းတော့ဘူး ဂွေးပင်မှာမနက်လေးနာရီကနေစတိုက်တာ။ pdf နဲ့ သူပုန်တွေတဲ့ ၃ဖွဲပေါင်းပစ်နေတာတဲ့။ ကျောက်ပြတ်သတ်ရွာထဲထိ လက်နက်ကြီးတွေကျနေတာတဲ့။ မောင်လေးတွေဂူထဲပုန်းနေရတယ်။ မိုးကုတ်မြို့နဲ့နီးလာနေပြီ။ အင်တာနက်တွေဖြတ်ထားတော့ဘာမှမသိရဘူး။ ဖုန်းဆက်ပြောလာလို့သိရတာ။ သူ့တို့ဘက်ကအင်အား ၅၀၀ လောက်ရှိတယ်" ဟု ပြောသည်။

PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပြစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည့်အပေါ် ဒေသခံများအနေဖြင့် စိုးရိမ်မှုမြင့်တက်လျက်ရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

Post a Comment

Previous Post Next Post