#ဒါလေးကခင်ဗျားနဲ့လည်းဆိုင်မယ်
နစက က internet ကို whitelist နဲ့ပဲ ပေးသုံးတော့မယ် ဆိုတဲ့သတင်းတွေ တော်တော်များများ ထွက်လာနေပါပြီ။ Operator တွေ အများစုက ပြောတာဆိုတော့ သေချာသလောက်တော့ ရှိပါတယ်။ ဘယ်နေ့ဘယ်ရက်မှာ စပြီး အတည်ပြုမယ် လို့ မကြေညာသေးတဲ့အတွက် မနက်ဖြန်လည်း ဖြစ်သွားနိုင်သလို သဘက်ခါလည်း ဖြစ်သွားနိုင်ပါတယ်...
whitelist ဆိုတာကိုသိပ်ပြီး နားမလည်သေးတဲ့သူတွေအတွက် ထပ်ရှင်းပြရရင်...
whitelist ဆိုတာက သူတို့(နစက) ပေးသုံးတဲ့ Application or website ပဲ သုံးခွင့်ရပါမယ်။ မဖြစ်မနေသုံးရတဲ့ Banking app တွေ၊ Operator App တွေ နဲ့ တခြား website အနည်းငယ်ကိုပဲ သုံးခွင့်ရတော့မှာပဲ။
Facebook, Twitter တို့လို Social media App တွေကို ကျိမ်းသေ ပိတ်ပါမယ်။ VPN ကျော်လည်း မရပါဘူး။
ဒါပေမယ့် ရုရှားနိုင်ငံက VK နဲ့ မြန်မာနိုင်ငံက OKPar လို Social App တွေကို ပိတ်ဖို့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ ချုပ်ကိုင်နိုင်လို့ပါ၊
ဒီတော့ Facebook အနေနဲ့ ဘာတွေ နစ်နာသွားမလဲဆိုတော့...
၁- အောင်ဆန်းစုကြည်ပေးထားတဲ့ သိန်းပေါင်းခြောက်သောင်းလေးထောင် ထပ်ရဖို့ မရှိတော့ပါဘူး...
၂-မြန်မာနိုင်ငံမှာရှိတဲ့ Facebook Account သန်း(၄၀) လောက် ဆုံးရှုံးပါမယ်
၃-နှစ်စဉ်ဝင်နေတဲ့ Sponsor နဲ့ ကြော်ငြာခ ဒေါ်လာ Million နဲ့ချီပြီး ဆုံးရှုံးပါမယ်
၄-ရှယ်ယာတန်ဖိုး အနည်းငယ် ကျနိုင်ပါတယ်...
မြန်မာပြည်ကလူတွေအနေနဲ့ ဘာဖြစ်လာနိုင်လဲဆိုတော့...
၁-Digital Marketing သမားတွေ Content Writer တွေ အလုပ်ပြုတ်ပါမယ်
၂-Traditional Marketing က ခေတ်နောက်ကျနေတဲ့အတွက် Billboard ထောင်တာတွေ ပြန်ခေတ်စားလာနိုင်ပါတယ်။ ဖွင့်ပေးထားတဲ့ web တွေမှာ ကြော်ငြာထည့်ဖို့ တိုးဝှေ့နေရပါတော့မယ်။
၃-Online Shopping သမားတွေ တိုင်ပတ်ပါပြီ
၄-Delivery Company တွေ ငုပ်တုပ်မေ့ပါတော့မယ်...
NUG,CRPH ထောက်ခံတဲ့သူတွေအတွက်ကတော့...
၁-Radio ဝယ်ထားကြပါ
၂-Radio ဝယ်ထားကြပါ
၃-မဇ္ဇိမ, DVB, VOA,RFA,BBC တို့ကပြောတဲ့ အခြေအမြစ်မရှိတဲ့ ပေါက်ကတွေပဲ ထိုင်နားထောင်ကြပါ...
ဒါပါပဲ....
Crd. .Dr Kyaw Swe...(copy)
Sittway Thitsar ...ကရင်ပြည်နယ်
Post a Comment