ရှမ်းနီကျေးရွာကို လုံခြုံရေးလုပ်ပေးတဲ့ ရဲကင်းစခန်းကို KIA တိုက်ခိုက်မှုရဲ့ အလားအလာ

ရှမ်းနီကျေးရွာကို လုံခြုံရေးလုပ်ပေးတဲ့ ရဲကင်းစခန်းကို KIA တိုက်ခိုက်မှုရဲ့ အလားအလာ
===============================
-ကချင်ပြည်နယ်၊ မိုးညှင်းမြို့နားက မော်ဟန်ရဲစခန်းကို
KIA ကတိုက်ခိုက်ခဲ့တဲ့သတင်း
ကြားလိုက်ရတော့ အံ့ဩမိပါတယ်။
-ဘာကြောင့်လဲဆိုတော့ မော်ဟန်ရွာဆိုတာ 
ရှမ်းနီလူမျိုးအများစုနေပြီး ဘယ်တုန်းကမှ KIA ကို .
အားမပေးခဲ့တဲ့ ရွာကြီးဖြစ်လို့ပါ။
-နာမည်ကျော် နမ့်မချီးမှော်တစ်ဝိုက် 
KIA လှုပ်ရှားမှုရှိပေမယ့် 
မော်ဟန်ရွာနား ကပ်လို့မရခဲ့ပါဘူး။
-အခုတော့ ရှမ်းနီအများစုနေတဲ့ 
ရွာထိပ်က အင်အား ၁၀ ယောက်ကျော်သာရှိတဲ့
ရဲစခန်းငယ်လေးကို KIA
အင်အား ၁၀၀ ‌ကျော်က လက်နက်ကြီးတွေ ပစ်ခတ်ပြီး
ဝင်တိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးမှုတွေ 
ရှိခဲ့တယ်လို့သိရပါတယ်။
-KIA တွေ အင်အား အများအပြားနဲ့ ရွာနားကပ်လာတာကို
သတင်းမပေးတဲ့ မော်ဟန်ရွာသား(ရှမ်းနီ)တွေ KIA နဲ့ ပူးပေါင်းသွားပြီလားလို့ စိတ်ပူမိပါတယ်။
-မော်ဟန်ရွာသား ရှမ်းနီတွေက 
မိမိရွာကို စောင့်ရှောက်ပေးနေတဲ့ 
လုံခြုံရေးစခန်းကို 
KIA က တိုက်ခိုက်ခဲ့ခြင်းအပေါ် 
ဝမ်းပန်းတသာ အားပေးနေတဲ့ 
မော်ဟန်ရွာသားတစ်ချို့ကိုလည်း 
စိတ်မကောင်းစရာမြင်တွေ့နေရပါတယ်။
မော်ဟန်ရွာရဲ့ အေးချမ်းလုံခြုံမှုအတွက်လည်း ရင်လေးမိပါတယ်။
-KIA ရဲ့ ကောက်ကျစ်ယုတ်မာမှုကို 
တစ်သက်လုံးလက်မခံခဲ့တဲ့ ရှမ်းနီလူမျိုးတွေကို
KIA က ဘယ်လောက်အထိ လုံခြုံမှုပေးနိုင်မလဲဆိုတာ
စဉ်းစားစရာမလိုအောင် အဖြေကရှင်းပါတယ်။
-နမ့်ချီမှော်နားက KIA ကို စစ်တပ်က  
အပြတ်ရှင်းလင်းလို့ တိုက်ပွဲတွေပြင်းထန်လာရင် 
အထိနာမှာကတော့ မော်ဟန်ရွာပဲဖြစ်မယ်ထင်ပါတယ်။
-ကချင်ပြည်နယ်မှာ ရှမ်းနီနဲ့ကချင်လူမျိုးဆိုတာ 
သမိုင်းကြောင်းအရ ရန်ကြွေးရှိခဲ့လို့ 
စစ်တပ်နဲ့KIA အကြား
KIA နဲ့ ရှမ်းနီတွေအကြား 
ဖြစ်လာမဲ့ တိုက်ပွဲတွေမှာ 
မော်ဟန်ရွာကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။

Post a Comment

Previous Post Next Post