ဘီးလင်းမှာ တိုက်ပွဲ ပြင်းထန်၊ ကား ရာနဲ့ချီ ပိတ်မိနေ

ဘီးလင်းမှာ တိုက်ပွဲ ပြင်းထန်၊ ကား ရာနဲ့ချီ ပိတ်မိနေ

မော်လမြိုင်၊ ဖေဖေါ်ဝါရီ ၃ 

ဘီးလင်းမြို့နယ်နဲ့သထုံမြို့နယ်ကြားထဲ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နေ့လည်ပိုင်းက တိုက်ပွဲဖြစ်နေတာကြောင့်  ခရီးသွားကား ရာချီ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နေ့လည်ပိုင်း  ၂နာရီဝန်းကျင်ခန့်က ဘီးလင်းမြို့နယ်နဲ့သထုံမြို့နယ်အစပ်နေရာ အနီးမှာ လက်နက်ကြီးသံတွေ အဆက်မပြတ်ကြားနေရပြီး လက်နက်ငယ်သံတွေလဲ ကြားနေရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်သံတွေကြောင့် ဘီးလင်းအဝင်နား ရန်ကုန်-မော်လမြိုင်ကားလမ်းနဲ့သိမ်ဆိပ်-လေးကေး ကားလမ်း ၂ ခုကို ပိတ်ထားတဲ့အတွက် လမ်းသွားလမ်းလာ ခရီးသွားယာဉ်တွေပိတ်မိနေတာဖြစ်ပါတယ်။

"ဘီးလင်းအဝင်နားမှာ လမ်းတွေကို ပိတ်ထားတယ်။ လက်နက်ကြီးသံတွေ အဆက်မပြတ်လဲ ကြားနေရတယ်။ ကားတွေလဲ အများကြီးလမ်းမှာ ပိတ်မိနေတယ်။ သိမ်ဆိပ်-လေးကေလမ်းလဲ ပိတ်ထားတယ်။ ယာဉ်တွေသွားလာလို့မရသေးဘူး''လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လတ်တလောအခြေနေမှာ စစ်ကောင်စီတပ်တွေနဲ့ မည်သည့်အဖွဲ့တွေနဲ့ပစ်ခတ်မှုဖြစ်ပွားနေတယ်ဆိုတာ မသိရသေးပါဘူး။ 

အဲဒီတိုက်ပွဲအတွင်း လက်နက်ကြီး‌တွေကို ဘီးလင်းအခြေစိုက် ဇီးဝန်းကျေးရွာအနီးရှိ အမှတ်(၃၁၄)အမြှောက်တပ် နဲ့ပိန္နဲတောအခြေစိုက် တပ်စခန်းကနေ ပစ်ခတ်တာ‌တွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Post a Comment

Previous Post Next Post