ခေါင်းဆောင်ငယ်တွေမှတ်သားကြစေဖို့

■ နောင် ဒီနိုင်ငံကို အုပ်ချုပ်ကြမဲ့
အရပ်သားဖြစ်ဖြစ်၊ စစ်သားဖြစ်ဖြစ်...
ခေါင်းဆောင်ငယ်တွေမှတ်သားကြစေဖို့ပါ။
တနေ့က အာဆီယံ အထူးသံ ကိစ္စ
ဘာလို့ ပျက်ပြယ်သွားတာလဲလို့ မေးရင်
နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာကို 
ပြည်ပနိုင်ငံအနေနဲ့တိုက်ရိုက်ထိပါးခဲ့လို့ပါဆိုတဲ့
အဖြေတစ်ခုတည်း ပေးဖို့ရှိပါတယ်။
■ ပွင့်ပွင့်လင်းလင်းပြောရရင်....
မင်းတို့ ဒါကို  မဖြစ်မနေလုပ်ပေးဆိုတဲ့
အထက္စီးက ဗိုလ္က်ဆက္ဆံတဲ့ 
နိုင်ငံရေးအပေးအယူကိစ္စပါပဲ။ 
မလုပ်ပေးရင်မတတ်နဲ့ဆိုတဲ့အနေအထားတစ်ခုမှာ
အိမ်စောင့် အစိုးရအနေနဲ့....
"မလုပ်ပေးနိုင်ဘူးကွာ"ဆိုပြီး 
ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ 
ဆိုလိုချင်တာက  ရွေးချယ်ခွင့် က
ကိုယ့်ရဲ့လက်ထဲမှာသာရှိခဲ့တယ်ဆိုတာ
သိစေချင်လို့သာဖြစ်ပါတယ်။ 

■ အာဆီယံ အနေနဲ့ကတော့
ထုတ်ပြန်ထားတဲ့ ကိုယ်ပဋိညာဉ်ကို 
ကိုယ်တိုင်ဖောက်ဖျက်ပြလိုက်တာပါပဲ။
အာဆီယံ အဖွဲ့အစည်းထဲမှာ တင်
ရွေးကောက်ခံအစိုးရမဟုတ်တဲ့ 
ဘရူနိုင်း၊ လာအိုနဲ့ဗီယမ်နမ်တို့ရှိသလို
အဖေပြီးရင် သားအုပ်ချုပ်တဲ့ စင်ကာပူနဲ့
တပါတီးတည်း ကြီးစိုးတဲ့ ကမ္ဘောဒီယားတို့ရှိပါတယ်။
မကြာခဏ စစ်တပ်က အာဏာသိမ်းပြီး
ရွေးကောက်ပွဲလုပ် အုပ်ချုပ်နေတဲ့
ထိုင်းနိုင်ငံတို့ ရှိသလို .....
လွှတ်တော်ထဲမှာ စစ်တပ်ကိုထည့်ထားတဲ့
အင်ဒိုနီရှားကလည်း ထူးမခြားမနားကိစ္စပါပဲ။
သိပ်ပြီး အထင်ကြီးစရာမရှိပါဘူး။ 

■ အထူးသံလာမဲ့ကိစ္စရဲ့နောက်ကွယ်မှာ
၅၄ နဲ့ ပေးတွေ့ဖို့ တောင်းဆိုချက်တွေအပြင်
ရှောင်တာနယ်နဲ့ US သတင်းထောက်ကိစ္စတွေပါ
တောင်းဆိုခဲ့တာ ရှိခဲ့ဟန်တူပါတယ်။ 
နိုင်ငံခြားရေးဝန်ကြီးရဲ့ထုတ်ပြန်ချက်ထဲမှာ
ဘရူနိုင်းနဲ့ အပြန်အလှန်ပေးပို့ခဲ့တဲ့စာအရ
နောက်ဆုံးအချိန်ထိ နစက အနေနဲ့
အလျော့ပေးလိုက်လျောခဲ့တယ်လို့
ယူဆ လို့ရခဲ့ေပမဲ့....
နိုင်ငံတစ်ခုရဲ့ တရားစီရင်ရေးကိစ္စအပေါ်မှာ
ဆီပေးမှ ဆန်ဝေမဲ့ အနေအထားထိ
အထက်စီးက ချုပ်ကိုင်လာမှုအပေါ်မှာ 
နောက်ဆုံး အချိန်မှာတော့
ပြတ်ပြတ်သားသားငြင်းပယ်ခဲ့ပြီး 
အာဆီယံ အစည်းအဝေးတက်ခွင့်ကို
ကိုယ်တိုင်က  ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

■ ဒီနေ့ လွှတ်ပေးခဲ့တဲ့ အမှုအခင်းကိစ္စတွေနဲ့
အနုပညာရှင်ကိစ္စတွေကလည်း 
တရားသေ ကွင်းလုံးကျွတ်ပုံစံနဲ့ 
လွှတ်ပေးခဲ့တာမျိုးမဟုတ်သလို
လူသတ်မှု၊ ဗုံးခွဲမှု၊ ဗုံးလုပ်မှု၊လက်နက်မှု ၊အကြမ်းဖက်ပူးပေါင်းပါဝင် သူတွေကို 
လွှတ်ပေးခဲ့ခြင်းမျိုးလည်းမဟုတ်ပါဘူး....။
သာမန်ဆန္ဒပြဆူပူမှုတွေမှာ  
ပါဝင်ပတ်သက်ခဲ့သူတွေနဲ့ Influencer များတဲ့
Social ကျော်ကြားသူတွေကို အဟန့်သဘော
၅၀၅ ထုတ်ထားရာကနေ ဖြေလျော့ပေးခဲ့တဲ့
သဘော သပ်သပ်ပါပဲ.......။
အရပ်စကားနဲ့ ပြောရင်တော့ ....
ကြိုးချည်ပြီးတော့လွှတ်ပေးခဲ့ခြင်းသာဖြစ်ပါတယ်။
နောင်တကြိမ် ထပ်မံ ပြစ်မှုကျူးလွန်ခဲ့ရင်
နဂို ပြစ်ဒဏ်ပါ ထပ်ပေါင်းခံရမှာဖြစ်လို့....
"ဇ"ရှိတဲ့သူတွေ ထပ်ပြီး ပြစ်မှုလုပ်ပါစေ...
သူတို့ရဲ့  နောက်တကြိမ်အတွက်
သက်သေအပြည့်အစုံ က 
ကိုယ်တွေလက်ထဲရှိနေဖို့ပဲလိုပါတယ်။

■ ထောက်ခံသူတွေ သတိပြုရမဲ့အချက်က
နိုင်ငံရေးနယ်ပယ်တစ်ခုကို ဝင်ရောက်တဲ့အခါ
စစ်ရေးခေါင်းဆောင် စွမ်းရည်တစ်ခုတည်းနဲ့
တုံးတိုက်တိုက်ကျားကိုက်ကိုက်လုပ်လို့မရသလို
တချို့ ကိစ္စတွေက  စစ်သားတစ်ယောက်ရဲ့
အတွေးအမြင်တစ်ခုတည်းနဲ့ 
ဆုံးဖြတ်လို့မရဘူးဆိုတာကို 
သတိပြုရမှာဖြစ်ပါတယ်။

■ ဒီကနေ့ လွှတ်ပေးလိုက်တဲ့အထဲမှာလည်း
အရမ်းကြီး ထိလွယ်၊ရှလွယ်တဲ့သူတွေ
မပါဘူးဆိုတာ မမေ့ကြဖို့လည်းလိုပါတယ်။
နိုင်ငံရေး သဘောသဘာဝအရ
Mine Game လေးတွေ ကစားကြပါစေ....
အချိန်တန် ကျော်ဟိန်းက ကျော်ဟိန်းပဲဖြစ်ပါတယ်...။

#ဖိုးစီ
            ကပ္ပတိန် ဘစီ
#DGF

Post a Comment

Previous Post Next Post