တွေးကြည့်ရင်တစိမ့်စိမ့်ရင်နာ


NLD ပါတီအာဏာဆုံးလို့အရူးမီးဝိုင်းဖြစ်ကာစမှာ
ကျန်းမာရေးဝန်ထမ်းတွေကို CDM အလုပ်ခိုင်းတယ်

ငွေမက်တဲ့စိတ်နဲ့လူ့အသက်ကယ်ဖို့အကြောင်းပြပြီး
ဆေးပညာလောကထဲ ဝင်လာသူတွေက သွေးအေး
လူသတ်သမားတွေဖြစ်ကုန်တယ်။

ဘယ်လောက်သွေးအေးတဲ့လူသတ်သမားတွေလဲ
ဆိုတာ သိရင် တကယ်ကြေကွဲဝမ်းနည်းစရာလည်း
ကောင်းသလို သူတို့ကို လူကောင်းလို့ သတ်မှတ်လို့
မရေတာ့ဘူး

ပြည်သူဆေးရုံကြီးတွေဆိုတာ လူနာမျိုးစုံရှိတဲ့နေရာ
ပါ။
လူနာတွေထဲမှာလည်း ကျန်းမာရေးအခြေအနေအရ
စိုးရိမ်ရတဲ့သူတွေ
အရေးပေါ်ခွဲစိတ်ရမယ့်သူတွေ
ခွဲစိတ်ပြီး နောက်ဆက်တွဲကုသရမယ့်သူတွေ
အထူးကြပ်မတ်ကုသရမယ့်သူတွေ
အစုံရှိကြတာပါ။

တာဝန်ရှိ ဆရာဝန်တွေအနေနဲ့ ကိုယ့်ဆေးရုံမှာ
အသက်ရှင်ကျန်းမာဖို့ မျှော်လင့်ပြီးအားကိုးလို့
လာကြတဲ့ ဝေဒနာရှင်တွေကို ဘယ်လိုစိတ်နဲ့
ပြစ်ထားခဲ့ကြသလဲ ဆိုတာတော့ သူတို့အသိဆုံး
ပါ၊
လူနာတွေသေတော့ သူတို့အားပေးတဲ့ NLD ပါတီ
က အာဏာရေရာလား

ပါတီတစ်ခုအာဏာရဖို့ရာအတွက် ဘာမှမသိတဲ့
လူနာတွေကို ရက်ရက်စက်စက် စွန့်ခွာထားခဲ့ကြ
တဲ့ ခများတို့ကို ဆရာဝန် သူနာပြု နာမည်တွေ
တပ်ပြီးခေါ်နေကြတာကို အရမ်းရင်နာရတယ်။

NLD အတွက်မကလို့ NLZ အတွက်ပဲလုက်လုပ်
ပါတီနိုင်ငံရေးအတွက် လုပ်ချုင်တာများ လုပ်ကြ
စမ်းပါ
လူ့အသက်ကယ်တဲ့နေရာမှာ ဟန်ဆောင်ပြီး လူနာ
တွေကို မသတ်ကြပါနဲ့။

အကြမ်းဖက်ပါတီက CDM လုပ်ဖို့ နည်းမျိုးစုံနဲ့
ဖိအားပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရော
ကိုယ်တိုင်က ဆရာဝန်စိတ်မရှိကြလို့ရော
ရက်စက် ယုတ်မာ အောက်တန်းကျတဲ့အသိုင်း
အဝိုင်းက လာသူတွေဖြစ်တဲ့အတွက်ကြောင့်ရော
ဦးနှောက်မဲ့တဲ့အတွက်ကြောင့်ရော
လူနာတွေ ထောင်ချီရာချီ ပြည့်နေတဲ့ ဆေးရုံကြီး
တွေကိုစွန့်ထားခဲ့ကြတယ်။

လူနာရှင်တွေကိုယ်တိုင် ဘယ်လိုမှမစဉ်းတတိကြ
တော့ဘူး

ဆေးရုံမှာ ဆရာဝန်မရှိဘဲ ငုတ်တုတ်ထိုင်ပြီး
သေချိန်ကိုစောင့်နေကြရတာ့မလား
ကိုယ့်အ်မ်ကိုပြန် ဆေးမြီးတိုနဲ့ကုကြရတော့မလား
ခံစားရတဲ့ရောဂါတွေက တိုးတိုးလာကြပါတယ်
အားကိုးရာမဲ့ ပြောစရာစကားရှာမရတဲ့ မျက်နှာ
တွေနဲ့ ဆေးရုံတွေက ပြန်သွားကြရရှာတယ်၊

ကျွန်တော်တာဝန်ကျတဲ့ဆေးရုံမှာ ဆရာဝန်
သူနာပြု ၂၈ ဦးသာရှိပါတယ်။

အကြမ်းဖက်မိစ္ဆာဆိုးက (၂၂)ကောင်ပါ ပါတယ်။
ဆရာဝန်စိတ်ရှိသူ (၆)ယောက်သာကျန်ပါတယ်

CDM လည်း လူစုံသလောက်ရှိတော့
အိန္ဒိယနယ်စပ်က ပြန်ဘာတယ်ဆိုတဲ့
သူတွေက ကိုဗစ်တတိယလှိုင်းကိုသယ်လာတယ်
ပြည်တွင်းကကောင်တွေက ပိုးဖြန့်သပိတ်လုပ်တယ်
အောက်ဆီဂျင် ပြတ်အောင်လုပ်တယ်
ကိုဗစ်ဂိတ်တွေကို ဗူံးခွဲတယ်
ဆရာဝန်တွေကိုသတ်တယ်
ဆေးရုံမတက်ဖို့ ခြောက်ကြတယ်
အပြင်မှာ လူနာတယောက် သိန်း ၅၀/၁၀၀
ယူပြီးဆေးကုတယ်
အောက်ဆီဂျင်အိုး သိန်း ၂၀ ကျော်ရောင်းတယ်
အောက်ဆီဂျင်အတုထည့်ရောင်းတယ်
လေထိုးကျွတ်ဖာအိုးကို အောက်ဆီဂျင်အိုးလို့
ပြောပြီးလိမ်ရောင်းကြတယ်
သေကြတယ်
မီဒီယာက လူတွေမသာပေါ်နေပြီလို့ဝါဒဖြန့်တယ်

ကျွန်တော့်ဆေးရုံမှာ
လူနာ ၁၈၀၀ ကျော် လက်ခံကုသခဲ့တယ်
တပြိုင်နက်ထဲက လူနာ ၂၀၀ ကျော်တယ်
ဆရာဝန်က ကျွန်တော်နဲ့မှ (၇) ဦး
စေတနာ့ဝန်ထမ်း တပ်မိသားစုတွေထဲက
ဇနီးတွေ သမီးတွေကို လုပ်အားပေးလွှတ်ပေးတယ်
လူနာအဖိတ်အစင်မရှိခဲ့ပါဘူး

၃ လကြာတော့
ဆရာဝန် ၃ ဦး ကိုဗစ်ထိတယ်
အခြား ၃ ဦးနဲ့ ကျွန်တော်ဘဲ ကျန်တယ်။

ပင်ပမ်းပါတယ်
မငြီးငြူပါဘူး

သို့သော်
ရက်စက်ယုတ်မာတဲ့ကောင်တွေအကြောင်း
တွေးမိတိုင်းတစိမ့်စိမ့်ရင်နာရတယ် 

- ဒေါက်တာ စိုးဝင်းကျော် 
နှလုံးအထူးကု

Post a Comment

Previous Post Next Post