နားလည်ချိန်တန်ပါပြီ
++++++++++++++
OICဟာ. သူ့အဖွဲ့ဝင်အာဆီယံ(၃)နိုင်ငံက တဆင့် ဘင်္ဂလီအရေးဖွတယ်။
အမေရိကန်က တရုပ်ထိန်းချုပ်ရေးအတွက် မတည်မငြိမ်ဖြစ်နေအောင်ဖန်တီးဖို့ သူ့သြဇာခံအာဆီယံနိုင်ငံတွေကိုအားပေးစည်းရုံးတယ်။
ချမ်းသာတဲ့ OICနဲ့ အင်အားကြီးတဲ့
အမေရိကန် ပူးပေါင်းပြီး အာဆီယံက
တဆင့် မြန်မာကို ဒီမိုကရေစီမျက်နှာဖုံးတပ် ဖျက်ဆီးရေးဆိုတာ ထင်ရှားနေပါတယ်။
US တပ်တွေ၊ UN တပ်တွေဝင်လာရင် ဒီမိုကရေစီရပြီလို့ထင်ပြီးမျှော်နေကြတဲ့ ပုဆိန်ရိုးတွေကလည်း အဆင်သင့်ရှိနေကြတော့ မြန်မာပြည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲရေး၊ အနာဂတ် အစ္စလမ်မစ်နိုင်ငံတည်ထောင်ရေးအတွက် ဘင်္ဂလီပြည်နယ်ရရှိရေးအတွက် အဓိကအတားအဆီးဖြစ်နေတဲ့ တပ်မတော်ကို နည်းမျိုးစုံသုံးဖြိုခွဲရေးကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။
အမေရိကန်က ဒီမိုကရေစီလူ့အခွင့်အရေး အကြောင်းပြပြီး ဝင်မွှေနှောက်ခဲ့တဲ့ အီရတ်၊ လစ်ဗျား၊ ဆီးရီယားနိုင်ငံက ပြည်သူတွေဒီကနေ့ ကြုံတွေ့နေကြရတဲ့ ဘေးဒုက္ခတွေနဲ့ သူတို့အလိုမရှိတော့တဲ့အခါ ဒီမိုကရေစီ လူ့အခွင့်အရေးက အရေးမကြီးတော့ဘဲ အာဖဂန်ပြည်သူလူထုကို တာလီဘန်အကြမ်းဖက်အဖွဲ့လက်ထဲမှာပစ်ထားခဲ့တာ တွေကို မြန်မာပြည်သူလူထု က သင်ခန်းစာယူကြဖို့လိုပါတယ်။
NLD အစိုးရငါးနှစ်ကာလအတွင်း အင်တိုက်အားတိုက် ဖော်ဆောင်ခဲ့
ကြတဲ့ ဘင်္ဂလီများနိုင်ငံသားရရေးဟာ လှေပြေးတုံးတက်ကျိုး သလို
ဖြစ်သွားရတဲ့အတွက် ရတဲ့နည်းလမ်းနဲ့ ဆက်ကြိုးစားလာတဲ့ OIC အစ္စလာမ်မိုက်ဇေးရှင်းအန္တရယ် ကိုလည်း အထူးသတိပြုကြရမယ့် အချိန်အခါဖြစ်ပါတယ်။
(မြန်မာ မတက်တဲ့ အာဆီယံအစည်းအဝေးမှာ မလေးရှားဝန်ကြီးချုပ် ကမြန်မာပြည် ဘင်္ဂလီ အရေးကိုပြောကြားသွားခဲ့ပါတယ်)
OIC နဲ့အမေရိကန်တို့ရဲ့ အာဆီယံကတဆင့် မြန်မာကိုပြဿနာရှာ
ခြင်းဟာ အောင်ဆန်းစုကြည်လွတ် မြောက်ရေးလည်းမဟုတ်၊ မြန်မာ
ပြည် ဒီမိုကရေစီရရေးလည်း မဟုတ်ဘဲ လစ်ဗျား ဆီးရီးယားလို ပြည် တွင်းစစ်မီးကြီးနဲ့ တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးရေးသာဖြစ်ပါတယ်။
Sit Nyein
crd....
Post a Comment