စစ်ကိုင်း တိပိဋက ဆရာ​တော်၏ရုပ်ကလာပ်ကို နက်ဖန်တွင် ဘန်​ကောက်မှ မန္တ​လေး​လေဆိပ်သို့ ပင့်​ဆောင်လာမည်

စစ်ကိုင်း တိပိဋက ဆရာ​တော်၏ရုပ်ကလာပ်ကို နက်ဖန်တွင် ဘန်​ကောက်မှ မန္တ​လေး​လေဆိပ်သို့ ပင့်​ဆောင်လာမည်ဖြစ်သည်။
အန္တိမစျာပန အကြိုအစည်း​ဝေးကို မုံရွာ မြို့ သဒ္ဒမ္မဇောတိကသုဗောဓာရုံကျောင်းတိုက်တွင် နက်ဖန် ည​နေ ၃နာရီတွင် ပြုလုပ်ပြီးပါက စျာပန အစီစဥ်များ သိရမည်ဖြစ်သည်။

ဆရာ​တော် ကြိုးစား ဆွတ်ခူးခဲ့​သော ဘွဲ့များမှာ
ဓမ္မာစရိယ (၁၀)ဘွဲ့၊ပါဠိပါရဂူ (၃)ဘွဲ့၊ 
ဝိဒူ(၅)ဘွဲ့၊မဟာဝိဒူ(၅)ဘွဲ့နှင့် 
အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့များ အပါအဝင် ဘွဲ့တံဆိပ်ပေါင်း (၄၇)ဘွဲ့ရ
 မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓါရုံကျောင်းတိုက်၊ 
ဒွါဒသမ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
တို့ဖြစ်သည်။

Post a Comment

Previous Post Next Post