အခု ရပ်ကွက်တွေ ထဲမှာ နေရာ အနှံ့မှာ
ဖြစ်နေကြတာက၊ မသမာသူတွေရဲ့ ကောလဟာလ စကားတွေ နဲ့ဖုန်းထဲမှာ VPN တွေ့ရင်ဖမ်းတယ်၊
မဖမ်းရင်လည်း လုံခြုံရေးတွေက
ဒါဏ်ငွေ အဖြစ်3သိန်း 1 သိန်း စတဲ့ ငွေများတောင်းတယ်ဆိုတဲ့ ..
မဟုတ်တဲ့ ဝါဒ ဖြန့်မှုတွေကို အစိမ်း အနီ ကြားနေ စတဲ့ VPN သုံးနေကြတဲ့ သူတွေ ကြားမှာ တွင်တွင်ကျယ်ကျယ်ကို ဝါဒ ဖြန့် နေကြပါတယ်၊၊
ကိုယ်တွေ သိထားတဲ့ အမှန်တရားကဖုန်းကိုစစ်တယ် ဖေ့ဘွတ် စစ်တယ် ဗိုက်ဗာ စစ်တယ် ၊
အဲ့အချိန်မှာ အကြမ်းဖက်ကို အားပေးတဲ့ ပို့စ်၊ ဆူပူအုံကြွအောင်လှုံ့ဆော်ရေးသားတဲ့ ပို့စ့်၊အကြမ်းဖက်အဖျက်သမားတွေကို ဆက်သွယ် ထောက်ပံ့ ထားတဲ့ စတဲ့ အကြောင်းအရာတစ်မျိုးမျိုးနဲ့ ငြိရင် ဖမ်းပါတယ်၊VPNကြောင့် ဖမ်းတာ မဟုတ်ပါဘူးလို့...
အမှန်တရားကို ပြန်လည် ဖြေရှင်း ရင်တောင် ၊အဲ့စကားက မပေါက်ပဲမမှန်သတင်း တွေက ပဲ လူတွေကြားထဲပွထနေပါတယ်၊၊
မြေပြင်မှာ တာဝန်အရ လုပ်ကိုင်ဆောင်ရွက်နေကြရတဲ့ လုံခြုံရေးများရဲ့ဂုဏ်သိက္ခာ များကိုလည်း ထိခိုက်စေပါတယ်၊၊
လာမေးကြတဲ့ သူတွေက ရပ်ကွက်နေပြည်သူလူထု တွေပါ၊ တပ်မတော်နဲ့နိုင်ငံတော်အစိုးရကို ထောက်ခံအားပေးပြီး အနီတွေ အရိုင်းအစိုင်းတွေ ကြားမှာ
တပ်မတော်ကို ချစ်တဲ့စိတ် တစ်ခုထဲ နဲ့နေ ကြတဲ့ သူတွေပါ၊၊
သူတို့ရဲ့ ခံစားချက် က VPN ဖွင့်ထားလို့
ဖမ်းတာမဟုတ်၊မဟုတ်တာ လုပ်ထားကြတာ တွေ့ လို့ မိ လို့ ဖမ်း တာပါ ဆိုတာကိုတာဝန်ရှိသူတွေ က တရားဝင် ပြောစေချင်ကြတာပါ၊၊
အကြမ်းဖက်သမားတွေရဲ့ရန်ကို ကြောက်လို့သာ ငြိမ်နေကြရပေမယ့်တပ်မတော်ကို ကြိတ်ပြီး ထောက်ခံ အားပေးနေကြတဲ့ ပြည်သူလူထု တွေ
အများကြီး ရှိပါတယ်၊၊သူတို့တွေက တပ်မိသားစုတွေ စစ်မျိုးစစ်နွယ်ဝင်တွေ မဟုတ်ပေမယ့် တပ်မတော်ကိုပဲ ချစ်ကြတာပါ၊၊
အစ်မတစ်ယောက်က ပြောပါတယ်၊၊
စျေးသွားဝယ်တော့ ပိုက်ဆံရှင်းဖို့ ပိုက်ဆံအိတ် ဖွင့်တဲ့ အချိန် ဖုန်း ပါလာတာကို ရောင်းတဲ့ စျေးသယ် က မြင်တော့..ဟယ် အစ်မ ဘာလို့ ဖုန်းကို အိမ်မှာ မထားခဲ့တာလည်း အခုဆို ဖုန်းစစ်ပြီး
VPN တွေ့တာနဲ့ ဖမ်းတာ ၊ဖုန်းတွေပါ သိမ်း လို့ ၊ကျမတို့ဆို အပြင်သွားရင် ဖုန်းတွေ အကုန် အိမ်မှာပဲ ထားခဲ့ကြတယ်လို့ပြောတယ်လို့ ဆိုပါတယ်၊၊
အဲ့လိုအခြေအနေ အဲ့လိုပြောစကားတွေကို သူတို့မခံ ချင်ပါဘူး၊ အနီတွေနဲ့ တန်းတူ ဖုန်းကို ခိုးကြောင်ခိုးဝှက် သုံးရမယ့် အခြေအနေ ဖြစ်နေပြီလား၊တစ်သက်လုံး တပ်ကို ထောက်ခံပြီး VPN သုံးလို့၊သူတို့လိုဟာတွေနဲ့ အတူ အစ်မတို့ပါ ရောပြီး အရေးယူ ခံနေရတော့မှာလား ဆိုတဲ့ မေးခွန်းတွေကို မေးလာပါတယ်..
မဟုတ်ပါဘူး အစ်မတို့ မဖမ်းပါဘူး..
ထုတ်ပြန်ထားတဲ့ အမိန့်ကို ဖောက်ဖျက်
ကျူးလွန်သူတွေကိုပဲ ဖမ်းတာပါလို့
ပြန်ပြောပေးနေတဲ့ ကိုယ်တွေရဲ့ စကားတွေကလည်း.. နီပိတ်တွေရဲ့ ကောလဟာလ စကားလုံး တွေကို တိုးလို့ မပေါက်တော့ပါဘူး၊၊
ဒါကြောင့် အေးချမ်းစွာ ငြိမ်းချမ်းစွာဘနေလိုကြတဲ့ ပြည်သူလူတွေ အတွက်
အထိတ်တလန့် ဖြစ်စေမယ့် ကောလဟာလ တွေကို ချိုးဖျက်နိုင်မည့် အစိုးရ၏
သတင်းမှန် ထုတ်ပြန်မှုတွေကိုမေတ္တာရှေ့ထားပြီး အမြန် လုပ်ဆောင် ပေးစေ လိုပါတယ် ..
.
Post a Comment