နိုင်ငံနှင့်လူမျိုးမပျောက်စေဖို့အခြေခံ မျိုးချစ်စိတ်ရှိကြစေချင်🇲🇲


၁။  မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်ရာတွင် "မျိုးချစ်စိတ်"သည် အခြေခံကြပြီး                         အရေးကြီးပေသည်"မျိုးချစ်စိတ်မရှိသူများ သည်           မိမိတို့လူမျိုး၊ယဉ်ကျေးမှုနှင့် သာသနာကို                                             ကာကွယ် စောင့်ရှောက်လိုစိတ်မရှိကြပေ။                     ကိုယ်ကျိုးအတ္တ တခုတည်းကိုရှေ့တန်းတင်ပြီး
မိမိနှင့် မိသားစု ကောင်းစားရေး တခုတည်းကိုသာ အလေးထားကြသည်။
၂ ။  မိမိတိုင်းရင်းသားနိုင်ငံသားမဟုတ်သူများကို         တည်ဆဲ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်မညီဘဲ    ငွေကြေးမြောက်များစွာ ရယူပြီး စာရွက်စာတမ်း မိတ္တူ အတုများဖန်တီးကာ အထက်/အောက် ညှိနှိုင်းလာဘ် လာဘ ယူ၍ နိုင်ငံမှတ်ပုံတင်များထုတ်ပေးခဲ့သည့်    သတင်းများ ကို ခေတ်အဆက်ဆက် ကြားခဲ့ရသည်။ 
၃။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အရ နိုင်ငံ သားဖြစ်ခွင့်ရရန်မှာ~~
  # '(က)မိမိတို့တိုင်းရင်းသား ၁၃၅မျိုးနှင့် ၄င်း တို့မှ မွေးဖွါးခဲ့သူတိုင်းသည် အလိုအလျှောက် နိုင်ငံသား။
   (ခ) ၁၉၄၈ခု ဇန်နဝါရီ(၄)ရက်လွတ်လပ်
ရေးရသည့်နေ့မတိုင်မှီ (၅)နှစ်ကမိမိနိုင်ငံ
ကိုရောက်ရှိကာ ထိုအချိန်ကအစိုးရ၏ ဧည့်နိုင်ငံသား/နိုင်ငံသားပြုခွင့် ရခဲ့သူနှင့်
၄င်းတို့ကမွေးဖွါးခဲ့သူနင့် မိမိတိုင်းရင်း
သား တဦးဦးနှင့် လက်ထပ်ခဲ့၍မွေးဖွ့ါးလာ
ခဲ့သူများ သည် ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရသည်။
၄။  မြန်မာတိုင်းရင်းသား တစ်ဦးဦးနှင့် နိုင်ငံခြားသား    တစ်ဦးဦးတို့လက်ထပ်ခဲ့သူသည် နိုင်ငံသားမဖြစ်နိုင်သလို၊            ၄င်း တို့မှမွေးဖွါးလာသူသည် အလိုအလျှောက်
နိုင်ငံသားဖြစ်ခွင့်မရ ပေ။ ထို့ကြောင့် လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံအတွင်း ခိုးဝင်လာသူများသည် မိမိနိုင်ငံသားဖြစ်ခွင့် မရှိနိုင်သလို ခိုးဝင်လာသူများနင့် မိမိတိုင်းရင်းသား တဦးဦးတို့ လက်ထပ်ခဲ့၍ မွေးဖွားလာသူများသည်လည်း နိုင်ငံသား
ဖြစ်ခွင့် မရှိပေ။
၅။   ထို အခြေအနေကြောင့် မိမိတိုင်းရင်း
သားမဟုတ်သူများနှင့် မိမိနိုင်ငံအတွင်း
ခိုးဝင်လာသူများသည် ၁၉၈၂  ခုနှစ်   နိုင်ငံ
သားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်မရကြ၍  "လဝက" ဝန်ထမ်းများကို ငွေကြေးမြောက်
များစွာပေး၍ စာရွက်စာတမ်းအတုများ ဖန်တီးတင်ပြကာ မှတ်ပုံတင်ရရှိရေး
ကျိုးပမ်းခဲ့ကြသည်။  ဥပမာ ~~စာရွက်စာ
တမ်းကို မိဘနှစ်ပါး၏ မှတ်ပုံတင်မိတ္တူ
တင်ပြရာတွင် မိခင်သည်မိမိတိုင်းရင်းသား  ဖြစ်နေ၍   မူလကပင် မှတ်ပုံတင်ရှိပြီးဖြစ်သော်လည်း၊                           ဖခင်က တိုင်းရင်းသားမဟုတ်သူဖြစ်၍                  မှတ်ပုံတင်မရခဲ့သူဖြစ်ပါကစာရွက်
မိတ္တူအတုဖန်တီးကာ ခရိုင်အဆင့်/တိုင်းအ
ဆင့် ဝန်ထမ်းများကို လာဘ်ပေး၍ မှတ်ပုံတင်          ရအောင်ယူတတ်ကြသည်။                                        ဝန်ထမ်းက "မျိုးချစ်စိတ်" မရှိ၍ ငွေမျက်နှာတည်း  ကြည့်ကာ အမျိုးသားရေးကို သစ္စာဖေါက် တော့သည်။
၆။    တက္ကသိုလ်တွင် ဥပဒေပညာ ကို သင်ကြားနိုင်ရန်အတွက် မိမိတို့တိုင်း  ရင်းသားများကို ဦးစားပေး သင်ယူခွင့်ရသည်။ သို့သော် ယခုအခါ ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ် "' သန်လျှင်" တွင်  Law.Major ကျောင်းသားများ၏  ၇၀%ကျော်သည် မိမိတို့တိုင်းရင်းသားမဟုတ်  သူများ တက်ရောက်နေသည်ကို ကြားသိရပေသည်။ ထူးခြားနေသည်မှာ၄င်း
ကျောင်းသားများသည် မိမိနိုင်ငံသားမှတ်ပုံ
တင် ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူများ
ဖြစ်နေပေသည်။
၇။   ထိုအခြေအနေများကိုလေ့လာပါက မိမိနိုင်ငံနှင့် လူမျိုးဘာသာအတွက် အရေးကြီးသည့် " မျိုးချစ်စိတ်' မရှိသူတွေ
များလာပါက နိုင်ငံ၏အမျိုးသားခံတပ်ကြီး
ကျဆုံးသွားပြီး။  စစ်တိုက်သိမ်းပိုက်တာ
ထက်ပိုမိုဆိုးဝါးသည့် "'လူမျိုးရေးဝါးမျို သိမ်းပိုက်"သွားနိုင်သည်ကို  အသိ/သတိ ရှိကြစေချင်ပါသည်။           ယခင် အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ကလေးသူငယ်                အခွင့်အရေးဥပဒေကို အတင်းပြဌာန်းခဲ့ပြီး                      မိမိနိုင်ငံအတွင်း ဘယ်နေရာမွေးမွေး ကလေးမွေးစားခွင့်ကို အကောင်အထည်ဖော်မည့်အစီအစဉ်။                              ဘင်္ဂလီများကိုအကန့်အသတ်မရှိ                                        မိမိနိုင်ငံအတွင်းလက်ခံမည့် အစီအစဉ်။                အမျိုးသားရေးခံတပ် ဥပဒေ ဖြစ်သည့် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ ကိုပြင်၍ နိုင်ငံအတွင်းရောက်နေသည့်    မိမိ  တိုင်းရင်းသား မဟုတ်သူများကို နိုင်ငံသား
ပေးမည့် အစီအစဉ်။  မိမိနိုင်ငံ လွတ်တော်များတွင် တိုင်းရင်းသားမဟုတ်သူအများအပြားကိုရောက်အောင်  ဖန်တီးပြီး မိမိနိုင်ငံကို  တိုင်းရင်းသားမဟုတ်သူများက ရာထူးနေရာယူကာသိမ်းပိုက်မည့် အစီအစဉ်များကို အမျိုးသားရေး သတိဖြင့် မျိုးချစ်စိတ်နှင့် အချိန်မှီကာကွယ်ပေးနိုင်ခဲ့သောတိုင်းရင်းသားများဖြင့်ပါဝင်ဖွဲ့ စည်းထားသည့် "မြန်မ့ာတပ်မတော်"ကို  ကျေးဇူးအထူး
တင်မိပါကြောင်း မျိုးချစ်စိတ် ဖြင့်ဂုဏ်ပြု
တင်ပြလိုက်ရပါသည်။

   " ဥာဏ်ကျယ်လေး'.

Post a Comment

Previous Post Next Post