PDF အကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ဆောင်ခဲ့မှု
သတင်းများပါဝင်သည့် စာရွက်များ လူမှုကွန်ယက်ပေါ်
တွင် ပြန့်နှံ့လာခဲ့
ထန်တလန်၊ ဇန်နဝါရီ ၁၁
ချင်းပြည်နယ် ထန်တလန်မြို့တွင် PDF အကြမ်းဖက်
အဖွဲ့များမှအကြမ်းဖက်မှုလုပ်ရပ်များ ကျူးလွန်ခဲ့သည့် ဖြစ်စဉ်များကို ဖော်ပြထားသည့် စာရွက်များကို မြို့အနှံ့တွင် တာဝန်သိပြည်သူ များက လိုက်လံဖြန့်ဝေခဲ့ကြောင်းနှင့် အဆိုပါ စာရွက်ပါ အကြောင်း အရာများသည်လည လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ စာရွက်ထဲတွင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူလူထုအား အကြောက်တရားဖြင့် စိုးမိုးချုပ် ကိုင်နိုင်ရန်အတွက် ဖောက်ခွဲဖျက်ဆီးမှုများ၊ မီးရှို့ဖျက်ဆီးမှုများနှင့် ဒလန်ဟု စွပ်စွဲ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပါရှိသည်။ဒါ့အပြင် PDF အကြမ်းဖက်သမားများအနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ချောင်းမြောင်း တိုက်ခိုက်မှုများ ပြုလုပ် လျက်ရှိပြီး ၎င်းတို့ ပြန်လည်တိုက်ခိုက်ခံရပါက လူနေအိမ်များကို မီးရှို့ဖျက်ဆီးကာ အကာအကွယ်အဖြစ် အသုံးပြုသည်ဟု ဖော်ပြ ထားသည်။ PDF အဖွဲ့များသည် ၎င်းတို့ကိုယ်တိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာအစိုးရအား ပြည်သူလူထုမှ အထင်အမြင်လွဲမှား လာစေရန် ဓာတ်ပုံအတုများဖြင့် သတင်းအမှားများ ဖန်တီးလျက် သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း ပါရှိသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ်ဘ ဇန်နဝါရီလ ပထမပတ်အတွင်း PDF အကြမ်းဖက် အဖွဲ့မှ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၇၅ လုံး၊ ဆေးရုံ ၁ လုံး၊ ခရစ်ယာန်ဘုရားကျောင်း ၃ လုံး၊စျေးဆိုင်ခန်း ၇ လုံး ပျက်စီးဆုံးရှုံး ခဲ့ရပြီး တန်ဖိုးငွေကျပ် ၄၃၈၈ သိန်းခန့် ရှိကြောင်း သိရသည်။
အလားတူ ဟားခါးမြို့တွင်လည်း ချင်းဘာသာဖြင့် ရေးသားထား သည့် လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။အဆိုပါ ချင်းဘာသာ (ဟားခါး)ဖြင့် ရေးထားသည့် လက်ကမ်းစာစောင်တွင် ''NLD ၊ CRPH၊ NUG PDF အဖွဲ့စည်းများသည် အကြမ်းဖက် အဖွဲ့အစည်းများဖြစ်ကြောင်း၊ NLD ပါတီသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲခိုးခဲ့ကြောင်း၊ NUG သည်လည်း PDF ဆိုသည့် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တိုင်းပြည်ကို ဖျက်ဆီးနေကြောင်းနှင့် PDF များသည် တီးမစ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ ထန်တလန် မြို့ကိုလည်း PDF များ မီးရှို့ခဲ့သည်သာ ဖြစ်ကြောင်း၊ မင်းတပ် PDF များက ကားတစ်စီး ချောက်ထဲကျရန် ပြုလုပ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင် ဆရာတော်တစ်ပါးကို အကြမ်းဖက်သတ်ဖြတ်ခဲ့ ကြောင်းနှင့် တပ်မတော်မှ နိုင်ငံတော်တည်ငြိမ်အေးချမ်းလာအောင် ထိန်းသိမ်းစောင့်ရှောက်နေခြင်းဖြစ်ပြီး နှစ်နှစ်ပြည့်ပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည် ဖြစ်သည်" ဟု ပါရှိသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် 'အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်ကြသည့် NLD၊ CRPH၊ NUG၊ PDF တို့နှင့် ပတ်သက် ခြင်း အားပေးကူညီခြင်းများ ပြုလုပ်ပါက အရေးယူသွားမည်ဟု လည်း ပါရှိသည်။
#KDN Channel
Post a Comment