KNU အဖွဲ့ထဲမှာ ခေါင်းဆောင်အများစုက ငြိမ်းချမ်းရေးကိုလိုလားကြပီး NCA လမ်းကြောင်းအတိုင်း တွေ့ဆုံဆွေးနွေးရေးမူကိုသာ လက်ခံကြတယ်... ဥက္ကဌကြီး မူတူးဆေးဖိုးတို့ စစ်ဦးစီးချုပ် ဂျော်နီတို့က အစပေါ့...
ဒါပေမယ့် စုံးပြူးကတော့ပါတတ်စမြဲဆိုတဲ့အတိုင်း ဒုစစ်ဦးစီးချုပ်လုပ်တဲ့ ဘောကျော်ဟဲက ဒီအချိန်က စားပွဲဝိုင်းမှာ ထိုင်ဆွေးနွေးရမယ့်အချိန်မဟုတ်တော့ဘူး... ကော်သူလေးကို အရောက်သွားရတော့မယ့်အချိန် ... ငါတို့ကိုင်ထားတဲ့ သေနတ်တွေက ဘာလုပ်ဖို့လဲ... စသည်ဖြင့် NCA တွေ့ဆုံဆွေးနွေးရေးလမ်းစဥ်ကိုသွေဖီပီး ပဋိပက္ခကိုငြိမ်းချမ်းစွာမဖြေရှင်းပဲ လက်နက်ကိုင်လမ်းစဥ်ဖြင့်သာ ဖြေရှင်းဖို့ ကြိုးစားခဲ့လေသည်...
အကြမ်းဖက် NUG အစိုးရနဲ့ PDF အဖွဲ့ပေါင်းများစွာကို တပ်မဟာ ၅၊ ၆ စတဲ့နေရာတွေမှာ လက်ခံထားပီး အကြမ်းဖက်ဖောက်ခွဲရေးပညာနှင့် စစ်သင်တန်းများပို့ချပေးကာ တိုင်းပြည်ဆူပူအောင် အဓိကလုပ်ဆောင်ခဲ့သည်... ပြည်တွင်းရှိ pdf အကြမ်းဖက်အဖွဲ့များထံသို့လည်း လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများကို တပ်မဟာ ၆ နယ်မြေမှတဆင့်မြောက်များစွာ တင်သွင်းခဲ့သည်... ထိုသို့တင်ဆောင်နိုင်သည့်အတွက် အနောက်နိုင်ငံများထံမှ မြိုးမြိုးမြက်မြက်ရသည်ဟု ကြားသိရသည်...
အကျိုးဆက်ကတော့ တပ်မဟာ၅ ဖာပွန်ခရိုင်နှင့် တပ်မဟာ ၆ လက်အောက်က လေးကေကော်ဒေသတွေမှာ အကြမ်းဖက်အဖွဲ့များ မခိုအောင်းနိုင်အောင် တပ်မတော်မှ နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်လာရတော့တယ်... အေးချမ်းနေတဲ့ ကရင်ပြည်ကြီးမှာ သေနတ်သံတွေ ထပ်ကြားလာရပီ... ကရင်လူမျိုးတွေ အရင်လို စစ်ဘေးရှောင်နေကြရပီ... အနောက်နိုင်ငံတွေရဲ့ အထောက်အပံကို မျှော်ကိုးပီး အကြမ်းဖက် pdfကို လက်ခံအားပေး၊ NCA လမ်းစဥ်ကို ချိုးဖောက်နေတဲ့ ဘောကျော်ဟဲရဲ့ စနတ်တွေကြောင့်ပေါ့...
ဘောကျော်ဟဲ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားတာလား... မိသားစုကောင်းစားရေးအတွက် ကရင်ထုကို ချနင်းလိုက်တာလား ဆိုတာတော့ ကရင်လူထုကိုယ်စား ဘောကျော်ဟဲကို မေးလိုက်ချင်ပါတယ်....
Post a Comment