ထီးချိုင့်မြို့နယ်၊မယ်ဇလီကျေးရွာ၊အ-လ-က ကျောင်း(ခွဲ)ပိတ်ထားသည့် စာသင်ကျောင်း၌ အခြေပြုသည့် PDF စခန်း ရှင်းလင်းခံခဲ့ရ
ထီးချိုင့်၊ဇန်နဝါရီ-၁၆(PeopleMedia)
ယနေ့ နံနက် ၉နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊မယ်ဇလီကျေးရွာ၊အ-လ-က ကျောင်း(ခွဲ)ပိတ်ထားသည့် စာသင်ကျောင်း၌ အခြေပြုသည့် PDF စခန်း ရှင်းလင်းခံခဲ့ရသည်။
"ကျောင်းက ပိတ်ထားတဲ့ကျောင်းပါ။မနက်ကတော့ သေနတ်သံတွေ ကြားရပါတယ်။ဘာတွေ ဆက်ဖြစ်ကြလည်းတော့ သေချာမသိဘူး။သေနတ်သံတွေကတော့ ကြားရတယ်"လို့ ဒေသခံ တစ်ဦးက ပြောသည်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထီးချိုင့်မြို့နယ်ရှိ စာသင်ကျောင်းများ၌ အခြေပြု လှုပ်ရှားသည့် PDF စခန်းများ ရှင်းလင်းခံခဲ့ရသည်။
လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦး၊ဒီပဲယင်း၊ခင်ဦးမြို့နယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ မြို့နယ်များတွင် နှစ်ဘက်တိုက်ပွဲများကြောင့် ဒေသခံများ ဘေးကင်းရသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
Photo-မယ်ဇလီကျေးရွာ၊အ-လ-က ကျောင်း(ခွဲ)ဧရိယာ မြင်ကွင်း
#PeopleMedia #ပညာရေး #ထီးချိုင့်မြို့
Post a Comment