-“ငါနဲ့မတူ ငါ့ရန်သူ” အယူအဆနဲ့ NLD မထောက်ခံသူတွေကို အကုန်Tတ်။
-စစ်တပ်ထောက်ခံသူအားလုံးကို ရန်သူလို့သတ်မှတ်လို့ ပြည်သူတွေစိတ်ဝမ်းကွဲ။ (မသိရင် ပြည်သူတစ်ရပ်လုံးက သူတို့ကို ထောက်ခံတယ်ပေါ့။ ပြည်သူကြားမှာ စစ်တပ်ထောက်ခံသူတွေရှိလို့သာ သူတို့လိုတာ ဖြစ်မလာလို့ အရပ်ဘက်ပစ်မှတ်တွေကို ပစ်ခတ်ပြီး ခြိမ်းခြောက်နေရတာမဟုတ်လား)
-စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီး၊ ဗုံးခွဲတိုက်ခိုက်၊ ခြိမ်းခြောက်ပိတ်ပင်လို့ နိုင်ငံ့အနာဂတ်ဖြစ်တဲ့ ကျောင်းသား/သူလေးတွေရဲ့ ပညာသင်ကြားရေးရပ်ဆိုင်း။
-ရန်ညှိုးရန်စမရှိဘဲ CDM မလုပ်လို့ ဆရာ၊ ဆရာမ တွေသတ်ဖြတ်ခံရတယ်။
-ကျန်းမာရေးကဏ္ဍကိုပါမချန် ကိုဗစ်-၁၉ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ နှောင့်ယှက်တိုက်ခိုက်ခံရတယ်။
-လူနာတင်ကား၊ လူမှုဝန်ထမ်းကားတွေ ဗုံးထောင်ပစ်ခတ်တိုက်ခိုက်ခံရ။
-ပရဟိတသမားတွေကို လုပ်ကြံ Tတ်ဖြတ် ခြိမ်းခြောက် ဖမ်းဆီး (နောက်ဆို ပရဟိတ ဆိုတာ ဘာလဲလို့ မေးရတဲ့အထိ ပျောက်ကွယ်သွားမလားလို့တောင် ထင်ရ)
-မီးသတ်ကားတွေကိုလည်း ချောင်းမြောင်းတိုက်ခိုက်။
-အရပ်ဘက်ကုန်စည်ပို့ဆောင်ရေး၊ ခရီးသည်ပို့ဆောင်ရေးယာဉ်တွေကို ဗုံးထောင်၊ ပစ်ခတ်တိုက်ခိုက်။
-ဘုန်းတော်ကြီးတွေကို ပုတ်ခတ် ပြောဆို လုပ်ကြံ သတ်ဖြတ်တဲ့အပြင် သာသနာ့အဆောက်အဦဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေကိုပါ မီးရှို့ဖျက်ဆီး။ ( မယောင်ရာဆီလူး အလုပ်တွေကို အသိဉာဏ်မဲ့စွာ လုပ်ဆောင်နေပြီး သာသနာကိုပါ မှေးမှိန်သွားစေချင်တာလား ဆိုတာတော့ ကျူးလွန်တဲ့ ကာယကံရှင်တွေပဲသိမှာပဲ)
အဲ့ဒါတွေက NUG၊ PDF ရဲ့ အကြမ်းဖက် လုပ်ရပ်တွေ မဟုတ်ဘူးလား။ စကစ အုပ်ချုပ်တာကို မကြိုက်ဘူးဆိုရင်လည်း စကစနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ရပါတယ်။ ဒါပေမဲ့လည်း တာဇံတွေကတော့ မိန်းမစိတ်နဲ့ သေနတ်ကိုင်ပြီး လက်ညိုးကွေးနေတယ် ထင်ပါတယ်။ ဒါကတော့ ဒီမိုနောက်လိုက်နေပါတယ်ဆိုတဲ့ နုဂျီနဲ့ ခနပတွေ စိတ်ကြိုက် ကျုံးအော်နေတဲ့ “ဓမ္မ” ဟုတ်ရဲ့လားဆိုတာ သက်သေပြ ပြောရင်တောင် ယုံဖို့တော်တော်ခဲယဉ်းနေပါတယ်။ “ဓမ္မ” လား “အဓမ္မ” လားဆိုတာတော့ ခေါင်းရှိရင် ခွဲခြားနိုင်ကြမှာပါ။
Post a Comment