လောကသဘာဝ အဖြစ်အပျက်တိုင်းဟာအချည်းနှီး ဘာတခုမှ မရှိဘူး

.......
သီတဂူကို. မလှူကြနဲ့
ရွှေတိဂုံ မဖူးကြနဲ့
စစ်တပ်အားပေးမို့လို့ အမိအဖကို ဆွေခန်းမျိူးခန်းဖြက်တာတို့
....လူမူ့ကွန်ယက်ပေါ် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး
တွေ့မြင်ရလေတိုင်း....
...
စစ်မှန်တဲ့ ဘာသာတရားက
..မသန့်စင်တဲ့ လူတချိူ့ မကိုးကွယ်ရုံနဲ့. သာသနာဟာ
တစုံတရာ သိက္ခာကျမသွားပါဘူး...

သီတဂူကိုမလှူနဲ့ တဲ့
.မလှူချင်ရင်နေပေါ့..မရမက မဲဆွယ်ပြီး
အတင်းလိုက်အလှူခံနေတာလဲ မဟုတ်ဘူး
သီတဂူက CRPH မဟုတ်ဖူး..
.....သီလတန်ခိုး မေတ္တာတန်ခိုးနဲ့ သီတဂူစန်းလ
ဘယ်တော့မှ ခန်းကျမသွားဘူး...
ယုံကြည်ချက်မခိုင်မာတဲ့သူတွေ တပြားတချပ်မလှူလို့
သီတဂူ ယန္တယားကြီး ရပ်တန့်မသွားပါဘူး
....ဆရာတော်ကြီးရဲ့ သီလဂုဏ် သမာဓိအား 
မေတ္တာတရားတွေကြောင့်
.....သီတဂူဟာ အရောင်မမှိန်ပါဘူး

မိဘကမွေးလို့ လူ့လောကကြီးထဲ
အသက်ရှင်ခွင့်ရတာ
ဒီအမိကမွေး ဒီအဖကကြွေးလို့ လူစဉ်မှီလာတာ
မိဘကို သေခန်းရှင်ခန်းဖြက်တော့
မိဘက ဘာဖြစ်မှာလဲ
မိဘဆိုတာ..ပေးဆပ်ခြင်းနဲ့ သားသမီးတွေကို ချစ်တာ
...မိဘကို မထောက်ပံ့တော့လို့
အမိအဖက ဘာမှ အပြစ်မဆိုပါဘူး
.....ဒါပေမဲ့...

မစော်ကားသင့်သူကို စော်ကား
မလုပ်အပ်တာကို လုပ်ကြ
မပြောသင့်တာကို ပြောကြ
......ပြီးရင်.... မဖြစ်သင့်တာတွေ ဖြစ်ကြတော့မှာ
အခုလဲ ဖြစ်နေကြတာပဲ
ဒါပေမဲ့.. အသိ မဝင်ကြဘူး
ဆက်ပြီး မိုက်နေကြဆဲ...

လောကသဘာဝ အဖြစ်အပျက်တိုင်းဟာ
အချည်းနှီး ဘာတခုမှ မရှိဘူး
.....အသွားရှိလို့..အပြန်တခေါက်လှည့်လာတယ် လို့ မှတ်ကြပါ...

 မူရင်းပိုင်ရှင်အား လေးစားလျှက်
  မေတ္တာဖြင့်ပြန်လည်မျှဝေသည်

Post a Comment

Previous Post Next Post