NLD ကို ဖျက်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆို

NLD ကို ဖျက်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆို

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကို ဖျက်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဂျပန်သတင်းဌာနဖြစ်တဲ့ Nikkei Asia က ဖော်ပြထားပါတယ်။

“ လာမယ့် ၂၀၂၃ ဩဂုတ်လရွေးကောက်ပွဲအထိNLD ကိုဖျက်သိမ်းဖို့ ကျွန်တော်တို့အစီအစဉ်မရှိပါဘူး။ရွေးကောက်ပွဲဝင်ပြိုင်တာ၊မပြိုင်တာကတော့NLDကပဲ ဆုံးဖြတ်လိမ့်မယ် ”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

စစ်တပ်အနေနဲ့ NLDအမတ်တွေနဲ့ ပါတ်သတ်ပြီး အလယ်အလတ် သ​ဘောထား နဲ့ တင်းမာတဲ့သဘောထားရှိတဲ့ အဖွဲ့နှစ်ဖွဲ့ ရှိတယ်လို့မြင်ထားကြပါတယ်။ NUGနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အမတ် အချိုးအစားက လေးပုံတစ်ပုံခန့်ပဲရှိတဲ့အကြောင်း၊ သဘောထားသင့်တင့်တဲ့ NLDအမတ်တွေကို အာဆီယံကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်ပြုဖို့ စီစဉ်နေတာတွေရှိတယ်ဆိုတဲ့အကြောင်း များကို ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောခဲ့ကြောင်းလည်း ဂျပန်သတင်းဌာနဖြစ်တဲ့ Nikkei Asia က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကိုလာတဲ့ မစ္စတာဆာဆာကာဝါနဲ့အိန္ဒိယနိုင်ငံ အစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla တို့က သူတို့ရဲ့ ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားမှုတွေ ရှိထားပေမယ့် ဘယ်သူတွေနဲ့ တွေ့ခဲ့တယ်ဆိုတာမပြောဆိုခဲ့ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုပြန်ကြားရေးကော်မတီက၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ပြီး ၂၀၂၁ ဒီဇင်ဘာလ ၃၁ နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် စုစုပေါင်းအရေအတွက်ဟာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌတွေဖြစ်ကြတဲ့ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် စုစုပေါင်း (၆၄၉) ဦးရှိကာ ပြန်လည်လွတ်မြောက်လာပြီးသူမှာ (၁၄၆) ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Telegram တွင်ဖတ်ရန် >>
https://t.me/popularjournal/5722

Photo - The Asian Age

Post a Comment

Previous Post Next Post