ခုတစ်လော … တပ်မတော်ကနေ ခွင့်မဲ့ပျက်ကွက်ဖြစ်နေတဲ့ ညီသုတ၊ လင်းထက်အောင် တို့ကို NGO တွေ မီဒီယာတွေက ဇောင်းပေးပြီး အင်တာဗျူးတာတွေ လုပ်လာတယ်။ Sponsor ကောင်း ကောင်းကိုပေးပြီးလုပ်တာ။ ဘာကိုဗျူးလဲ .. တပ်ကို သွေးခွဲနေကြ ထုံးစံအတိုင်း အထက်/အောက် မညီမျှပါဘူး။ အရာရှိတွေက ဘယ်လို အခွင့်အရေးတွေယူပြီး အောက်ခြေက ဘယ်လိုဖြစ်နေပါတယ်။ တပ်ထဲမှာ ဘယ်လိုတွေ နိုပ်စက်နေပါတယ် စတဲ့ အရာတွေပါပဲ။ အဓိက တပ်မတော်ဆိုတဲ့ Institution ကွဲထွက်သွားမှာ သူတို့ လုပ်ချင်တာလုပ်လို့ရမှာလေ။ ဒီနိုင်ငံမှာ တပ်မတော် ဆိုတဲ့ အဖွဲ့အစည်းရှိနေသမျှ နိုင်ငံကို စိတ်ကြိုက်ခြယ်လှယ်လို့မရဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုဆွဲချင်တိုင်းဆွဲ မရဘူးဆိုတာ သိနေတဲ့ နိုင်ငံရေးသမားတွေ သုံးနေတဲ့ ဒီ နည်းဗျူဟာက ၁၉၅၀ ပြည့်နှစ် ကာလတွေကတည်းက သုံးတာပါ။ ဒါပေသိ .. ၁၉၈၈ နောက်ပိုင်း မှာ ပိုပြင်း ပြင်းထန်ထန် သုံးလာပြီး ခု ၂၀၂၁ ကာလမှာတော့ မီးကုန် ယမ်းကုန် ကိုသုံးလာပါ တော့တယ်။
ဒီတော့ … သူတို့ပြောနေတဲ့အချက်တွေကို တကယ်ရော ဟုတ်ရဲ့လား။ မဟုတ်ပါဘူး .. လုံးဝမဟုတ်ပါဘူး။ သူတို့ ခဏခဏပြောနေတဲ့ အချက်ဖြစ်တဲ့ အရာရှိနဲ့ အခြားအဆင့် တွေကို ခွဲခြားထားတယ်ဆိုတာ စပြန်ရှင်းမယ် .. နားထောင်။
အဖွဲ့အစည်းတိုင်းမှာ တာဝန်ယူရတဲ့ ရာထူးအလိုက် အဆင့်အတန်းကွာခြားမှုရှိ တယ်။ ဒါက မြန်မာပြည်က တပ်မတော်မှာမှမဟုတ်ဘူး။ အမေရိကန် တပ်မတော်မှာ လည်း ထိုနည်းလည်းကောင်းပဲ။ ဆိုမာလီ စစ်တပ်လည်းထိုနည်းလည်းကောင်းပဲ။ ဘာလို့လဲ .. သူက ရာထူးအပေါ်မူတည်ပြီး တာဝန်ယူမှု တာဝန်ခံမှုကွာတယ်လေ။ အဲ့တော့ ကွာတဲ့အလိုက် ခံစားမှုလည်းကွာတာပေါ့။ ဥပမာဗျာ .. ခင်ဗျားတို့ သိပ် အထင်ကြီးနေတဲ့ အမေရိကန်တပ်မတော်မှာ ဗိုလ်ချုပ်ကြီးနဲ့ ရဲဘော် ရုံးခန်းချင်းတူလို့ လား။ ကြယ်ငါးပွင့်အဆင့်ရ ဗိုလ်ချုပ်ကြီးနဲ့ ရဲဘော် စီးတဲ့ကားချင်းတူလို့လား။ ဒါ .. လူ့အခွင့်အရေးဆိုတာ အာဂုံဆောင်ထားတဲ့ နိုင်ငံက စစ်တပ်နော်။
စစ်တပ်မှာမှ မဟုတ်ဘူး … ကုမ္ပဏီတွေမှာလည်း ထိုနည်းလည်းကောင်းပဲ။ ဥပမာဗျာ … ဧရာဝတီဘဏ်က မန်နေဂျာနဲ့ သန့်ရှင်းရေးအလုပ်သမားကော လစာနဲ့ ခံစားခွင့်တူလို့လား။ ဒါတွေရှင်းပြနေရတာ လက်ပေါက်ကပ်ပါတယ်။ ခင်ဗျားတို့က သိသိကြီးနဲ့ တပ်ကို သွေးခွဲအောင် ဖင်ပိတ်ငြင်းနေတာ။ တပ်မတော်မှာ စစ်သည် တစ်ယောက်ရဲ့ တာဝန်ယူမှု တာဝန်ခံမှုက အဆင့်အတန်းလိုက်ကွာတယ်။ ဥပမာဗျာ … စစ်သည် တစ်ယောက် အပြင်မှာပြသနာတက်လာတယ်။ အဲ့မှာ စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့စစ်တယ်။ အဲ့မှာ အပြစ်ရှိတဲ့ စစ်သည် ရဲ့ အဆင့်အတန်းပေါ်မူတည်ပြီး သူ့ကို တာဝန် ယူရတဲ့ အရာရှိ တွေပါ ပြသနာတက်ကုန်တာပဲ။ တပ်ရင်းမှာ ပြသနာ တစ်ခုခုဖြစ်တယ်။ ပြသနာအပေါ်မူတည်ပြီး တပ်ရင်းမှူး ဆိုတဲ့ ပုဂ္ဂိုလ် က အမှု တန်းတက်တာ။
နောက်တစ်ချက် .. တပ်ထဲမှာ ရိုးရိုးသားသားကျင့်ကြံနေထိုင်ပြီး ရတဲ့ ငွေကြေး လေးစုကာ အရာရှိတွေကိုတောင် ပိုက်ဆံချေးနိုင်တဲ့ စစ်သည်တွေရှိတယ်။ တပ်ရင်း တစ်ရင်းကို အဲ့လို အခြားအဆင့်တွေ ၁၀ ယောက်လောက်ရှိတယ်။ မယုံရင်သွားကြည့် .. ဒီတော့ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပိုက်ဆံရှိခြင်း၊ မရှိခြင်းက လူနဲ့ပဲဆိုင်တယ်။ ပခုံးပေါ် သုံးပွင့်တင်ပြီး အကြွေးတင်နေတဲ့ အရာရှိတွေလည်း ဒုနဲ့ဒေးပဲ။
ပြောချင်တဲ့ဟာကတော့ ခု တပ်မှာ ဖြစ်နေတဲ့ ရာထူးအဆင့်အတန်းလိုက် ခွဲခြား တာက တစ်ကမ္ဘာလုံး လက်ခံထားတဲ့ Logic။ ဒါကို လက်မခံဘဲ ပြောနေတာကို အထူး အဆန်းလုပ်ပြီး HighLight လုပ်နေတာ အတော်အံ့သြဖို့ကောင်းပါတယ်။
Logic ကျကျ တွေးပြပြီးပြီဆိုတော့ တပ် အပေါ် တကယ်ချစ်မချစ် ဆိုတာလေး ဆက်သုံးသပ်ကြည့်ရအောင်။
နဝတ၊ နယက အစိုးရခေတ်ကတော့ ပွင့်လင်းတဲ့ခေတ်မဟုတ်လို့ ထားလိုက်ပါ တော့။ အွန်လိုင်းလည်းမရှိဘူးလေ။ အဲ့နောက်ပိုင်း ၂၀၁၀ ဦးသိန်းစိန် အစိုးရခေတ် ကနေပြန်ကြည့်ရအောင်။ ဦးသိန်းစိန် ခေတ် မှာ ဖြစ်ခဲ့တဲ့ စစ်ဆင်ရေးတွေအထဲ ထင်ရှား တာက လောက်ကိုင် စစ်ဆင်ရေး။ အရှေ့မြောက် စစ်ဒေသမှာ ဖြစ်ခဲ့တယ် လို့ပြောရမှာပေါ့။ MNDAA နဲ့ တပ်နဲ့ အသည်းအသန် တိုက်ကြတာ။ တိုက်ပွဲတွေ လနဲ့ချီဖြစ်ပွားခဲ့တဲ့အချိန်မယ် တပ်က ထိခိုက် ကျဆုံး တာတွေဖြစ်ပြီ ဆိုရင် Facebook ပေါ်တက်ပျော်ခဲ့တာ အနီကြောင်တွေပဲ။ ဒေါ်စု Profile တွေနဲ့ပဲ။ ဘာတဲ့ .. ရမခ တံဆိပ်ကို အစွဲပြုပြီး ကြက်ဥကြော်တွေဆိုပြီးတောင် ပြောင်ခဲ့ကြတာမို့လား။ နောက်ရှိသေးတယ် .. သင်္ကြန် သံချပ်တွေမှာ လောက်ကိုင်မှာလေ အတုန်းအရုန်းဆိုပြီး အော်ခဲ့ကြတာလည်း ဒီ လူတစ်စုပဲ။ ထားပါလေ .. အဲ့တုန်းက သူက အတိုက်အခံ ကို။ ဒီတော့ မကောင်းပြောတာဖြစ်မှာပေါ့ဆိုပြီး နားလည်ပေးလိုက်တယ်။
ဆက်မယ် .. အဲ့ကနေ NLD ပါတီ အစိုးရဖြစ်လာတယ်။ အဲ့အချိန်မှာ ရော တပ်ကို အကောင်းပြောလား။ No .. မပြောဘူး။ မပြောတဲ့အပြင် ICJ မှာ အင်းဒင် ကိစ္စနဲ့ ထောင်ကျသွားတဲ့ အရာရှိ/စစ်သည် တွေကို တပ်ချုပ်က လွတ်ငြိမ်းနဲ့ လွှတ်ပေး လိုက်လို့ နားမလည်ရတဲ့အကြောင်း ရှောင်လွဲချက်မှာ တခုတ်တရ ထည့်ပြောသွား သေး တယ်။ မပြောလည်းဘာမှမဖြစ်တာကို သိုင်းဝိုင်းပြီးပြောသွားတာ။ တပ်အပေါ် ဘယ်လို ဖြစ်နေလဲ စဉ်းစားသာကြည့်တော့။ လွှတ်တော်မှာရော အဆင်ပြေလား။ မပြေဘူး .. ပြေအောင်လည်း မကြိုးစားဘူးလေ။ တပ်ဘတ်ဂျတ်တွေလျှော့ဖို့ပြောတယ်။ တပ်က လွှတ်တော်ကိုယ်စားလှယ်ပြောတာကို မိုက်ပိတ်ပစ်တယ်။ ခြေဥပြင်ဖို့ ဆွေးနွေးတဲ့အထဲ တပ်ကိုယ်စားလှယ်ပြောတာကို စာပိုဒ် တစ်ပိုဒ်လုံးဖြုတ်ချပစ်တယ်။ ခြေဥပြင်ဖို့ အချေ အတင်ပြောကြတဲ့အချိန်မှာ တပ်မတော် ကို မျိုးစုံပုတ်ခတ်ပြီးပြောတယ်။ လွှတ်တော် ထဲမှာရော အစိုးရမှာရော အကောင်း မပြောတော့ ပန်ဆယ်လို တို့ မောင်မောင်အေး တို့ ဆိုတဲ့ Influencer တွေက အွန်လိုင်းမှာ ဒဲ့တစ်မျိုး တွတ် တစ်မျိုး စော်ကားတယ်။ ဒါတွေကို ၅ နှစ်လုံးလုံး ခံစားခဲ့ရ တဲ့ တပ်နဲ့ တပ်မိသားစုဝင် တွေ အသိဆုံးပါ။
အဲ့ကနေ ဖေ ၂ မှာ တပ်က အာဏာထိန်းတယ်။ မှားတာမှန်တာတခဏထား။ အာဏာထိန်းပြီးတော့ ပိုသိသာသွားတယ်။ ဆဲလိုက်ကြတာ ဆိုလိုက်ကြတာဆိုတာ။ အဲ့လို ခေတ်အဆက်ဆက် စနစ်အဆက်ဆက် က ဆဲခဲ့ ဆိုခဲ့ကြတဲ့ လူတွေ တပ်မတော်နဲ့ တပ်မတော်သားမိသားစုဝင်တွေကို တကယ်ချစ်ပါတယ် လို့ ပြောတာကို ဘယ်လိုယုံပေးရမှာလဲဗျ .. ဟမ်း
မင်းထက်ကျော်ဇော
တပ်မတော်ကိုချစ်ပါသတဲ့လား ….
(Zawgyi Version)
ခုတစ်လော … တပ်မတော်ကနေ ခွင့်မဲ့ပျက်ကွက်ဖြစ်နေတဲ့ ညီသုတ၊ လင်းထက်အောင် တို့ကို NGO တွေ မီဒီယာတွေက ဇောင်းပေးပြီး အင်တာဗျူးတာတွေ လုပ်လာတယ်။ Sponsor ကောင်း ကောင်းကိုပေးပြီးလုပ်တာ။ ဘာကိုဗျူးလဲ .. တပ်ကို သွေးခွဲနေကြ ထုံးစံအတိုင်း အထက်/အောက် မညီမျှပါဘူး။ အရာရှိတွေက ဘယ်လို အခွင့်အရေးတွေယူပြီး အောက်ခြေက ဘယ်လိုဖြစ်နေပါတယ်။ တပ်ထဲမှာ ဘယ်လိုတွေ နိုပ်စက်နေပါတယ် စတဲ့ အရာတွေပါပဲ။ အဓိက တပ်မတော်ဆိုတဲ့ Institution ကွဲထွက်သွားမှာ သူတို့ လုပ်ချင်တာလုပ်လို့ရမှာလေ။ ဒီနိုင်ငံမှာ တပ်မတော် ဆိုတဲ့ အဖွဲ့အစည်းရှိနေသမျှ နိုင်ငံကို စိတ်ကြိုက်ခြယ်လှယ်လို့မရဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုဆွဲချင်တိုင်းဆွဲ မရဘူးဆိုတာ သိနေတဲ့ နိုင်ငံရေးသမားတွေ သုံးနေတဲ့ ဒီ နည်းဗျူဟာက ၁၉၅၀ ပြည့်နှစ် ကာလတွေကတည်းက သုံးတာပါ။ ဒါပေသိ .. ၁၉၈၈ နောက်ပိုင်း မှာ ပိုပြင်း ပြင်းထန်ထန် သုံးလာပြီး ခု ၂၀၂၁ ကာလမှာတော့ မီးကုန် ယမ်းကုန် ကိုသုံးလာပါ တော့တယ်။
ဒီတော့ … သူတို့ပြောနေတဲ့အချက်တွေကို တကယ်ရော ဟုတ်ရဲ့လား။ မဟုတ်ပါဘူး .. လုံး၀မဟုတ်ပါဘူး။ သူတို့ ခဏခဏပြောနေတဲ့ အချက်ဖြစ်တဲ့ အရာရှိနဲ့ အခြားအဆင့် တွေကို ခွဲခြားထားတယ်ဆိုတာ စပြန်ရှင်းမယ် .. နားထောင်။
အဖွဲ့အစည်းတိုင်းမှာ တာ၀န်ယူရတဲ့ ရာထူးအလိုက် အဆင့်အတန်းကွာခြားမှုရှိ တယ်။ ဒါက မြန်မာပြည်က တပ်မတော်မှာမှမဟုတ်ဘူး။ အမေရိကန် တပ်မတော်မှာ လည်း ထိုနည်းလည်းကောင်းပဲ။ ဆိုမာလီ စစ်တပ်လည်းထိုနည်းလည်းကောင်းပဲ။ ဘာလို့လဲ .. သူက ရာထူးအပေါ်မူတည်ပြီး တာ၀န်ယူမှု တာ၀န်ခံမှုကွာတယ်လေ။ အဲ့တော့ ကွာတဲ့အလိုက် ခံစားမှုလည်းကွာတာပေါ့။ ဥပမာဗျာ .. ခင်ဗျားတို့ သိပ် အထင်ကြီးနေတဲ့ အမေရိကန်တပ်မတော်မှာ ဗိုလ်ချုပ်ကြီးနဲ့ ရဲဘော် ရုံးခန်းချင်းတူလို့ လား။ ကြယ်ငါးပွင့်အဆင့်ရ ဗိုလ်ချုပ်ကြီးနဲ့ ရဲဘော် စီးတဲ့ကားချင်းတူလို့လား။ ဒါ .. လူ့အခွင့်အရေးဆိုတာ အာဂုံဆောင်ထားတဲ့ နိုင်ငံက စစ်တပ်နော်။
စစ်တပ်မှာမှ မဟုတ်ဘူး … ကုမ္ပဏီတွေမှာလည်း ထိုနည်းလည်းကောင်းပဲ။ ဥပမာဗျာ … ဧရာ၀တီဘဏ်က မန်နေဂျာနဲ့ သန့်ရှင်းရေးအလုပ်သမားကော လစာနဲ့ ခံစားခွင့်တူလို့လား။ ဒါတွေရှင်းပြနေရတာ လက်ပေါက်ကပ်ပါတယ်။ ခင်ဗျားတို့က သိသိကြီးနဲ့ တပ်ကို သွေးခွဲအောင် ဖင်ပိတ်ငြင်းနေတာ။ တပ်မတော်မှာ စစ်သည် တစ်ယောက်ရဲ့ တာ၀န်ယူမှု တာ၀န်ခံမှုက အဆင့်အတန်းလိုက်ကွာတယ်။ ဥပမာဗျာ … စစ်သည် တစ်ယောက် အပြင်မှာပြသနာတက်လာတယ်။ အဲ့မှာ စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့စစ်တယ်။ အဲ့မှာ အပြစ်ရှိတဲ့ စစ်သည် ရဲ့ အဆင့်အတန်းပေါ်မူတည်ပြီး သူ့ကို တာ၀န် ယူရတဲ့ အရာရှိ တွေပါ ပြသနာတက်ကုန်တာပဲ။ တပ်ရင်းမှာ ပြသနာ တစ်ခုခုဖြစ်တယ်။ ပြသနာအပေါ်မူတည်ပြီး တပ်ရင်းမှူး ဆိုတဲ့ ပုဂ္ဂိုလ် က အမှု တန်းတက်တာ။
နောက်တစ်ချက် .. တပ်ထဲမှာ ရိုးရိုးသားသားကျင့်ကြံနေထိုင်ပြီး ရတဲ့ ငွေကြေး လေးစုကာ အရာရှိတွေကိုတောင် ပိုက်ဆံချေးနိုင်တဲ့ စစ်သည်တွေရှိတယ်။ တပ်ရင်း တစ်ရင်းကို အဲ့လို အခြားအဆင့်တွေ ၁၀ ယောက်လောက်ရှိတယ်။ မယုံရင်သွားကြည့် .. ဒီတော့ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပိုက်ဆံရှိခြင်း၊ မရှိခြင်းက လူနဲ့ပဲဆိုင်တယ်။ ပခုံးပေါ် သုံးပွင့်တင်ပြီး အကြွေးတင်နေတဲ့ အရာရှိတွေလည်း ဒုနဲ့ဒေးပဲ။
ပြောချင်တဲ့ဟာကတော့ ခု တပ်မှာ ဖြစ်နေတဲ့ ရာထူးအဆင့်အတန်းလိုက် ခွဲခြား တာက တစ်ကမ္ဘာလုံး လက်ခံထားတဲ့ Logic။ ဒါကို လက်မခံဘဲ ပြောနေတာကို အထူး အဆန်းလုပ်ပြီး HighLight လုပ်နေတာ အတော်အံ့သြဖို့ကောင်းပါတယ်။
Logic ကျကျ တွေးပြပြီးပြီဆိုတော့ တပ် အပေါ် တကယ်ချစ်မချစ် ဆိုတာလေး ဆက်သုံးသပ်ကြည့်ရအောင်။
န၀တ၊ နယက အစိုးရခေတ်ကတော့ ပွင့်လင်းတဲ့ခေတ်မဟုတ်လို့ ထားလိုက်ပါ တော့။ အွန်လိုင်းလည်းမရှိဘူးလေ။ အဲ့နောက်ပိုင်း ၂၀၁၀ ဦးသိန်းစိန် အစိုးရခေတ် ကနေပြန်ကြည့်ရအောင်။ ဦးသိန်းစိန် ခေတ် မှာ ဖြစ်ခဲ့တဲ့ စစ်ဆင်ရေးတွေအထဲ ထင်ရှား တာက လောက်ကိုင် စစ်ဆင်ရေး။ အရှေ့မြောက် စစ်ဒေသမှာ ဖြစ်ခဲ့တယ် လို့ပြောရမှာပေါ့။ MNDAA နဲ့ တပ်နဲ့ အသည်းအသန် တိုက်ကြတာ။ တိုက်ပွဲတွေ လနဲ့ချီဖြစ်ပွားခဲ့တဲ့အချိန်မယ် တပ်က ထိခိုက် ကျဆုံး တာတွေဖြစ်ပြီ ဆိုရင် Facebook ပေါ်တက်ပျော်ခဲ့တာ အနီကြောင်တွေပဲ။ ဒေါ်စု Profile တွေနဲ့ပဲ။ ဘာတဲ့ .. ရမခ တံဆိပ်ကို အစွဲပြုပြီး ကြက်ဥကြော်တွေဆိုပြီးတောင် ပြောင်ခဲ့ကြတာမို့လား။ နောက်ရှိသေးတယ် .. သင်္ကြန် သံချပ်တွေမှာ လောက်ကိုင်မှာလေ အတုန်းအရုန်းဆိုပြီး အော်ခဲ့ကြတာလည်း ဒီ လူတစ်စုပဲ။ ထားပါလေ .. အဲ့တုန်းက သူက အတိုက်အခံ ကို။ ဒီတော့ မကောင်းပြောတာဖြစ်မှာပေါ့ဆိုပြီး နားလည်ပေးလိုက်တယ်။
ဆက်မယ် .. အဲ့ကနေ NLD ပါတီ အစိုးရဖြစ်လာတယ်။ အဲ့အချိန်မှာ ရော တပ်ကို အကောင်းပြောလား။ No .. မပြောဘူး။ မပြောတဲ့အပြင် ICJ မှာ အင်းဒင် ကိစ္စနဲ့ ထောင်ကျသွားတဲ့ အရာရှိ/စစ်သည် တွေကို တပ်ချုပ်က လွတ်ငြိမ်းနဲ့ လွှတ်ပေး လိုက်လို့ နားမလည်ရတဲ့အကြောင်း ရှောင်လွဲချက်မှာ တခုတ်တရ ထည့်ပြောသွား သေး တယ်။ မပြောလည်းဘာမှမဖြစ်တာကို သိုင်းဝိုင်းပြီးပြောသွားတာ။ တပ်အပေါ် ဘယ်လို ဖြစ်နေလဲ စဉ်းစားသာကြည့်တော့။ လွှတ်တော်မှာရော အဆင်ပြေလား။ မပြေဘူး .. ပြေအောင်လည်း မကြိုးစားဘူးလေ။ တပ်ဘတ်ဂျတ်တွေလျှော့ဖို့ပြောတယ်။ တပ်က လွှတ်တော်ကိုယ်စားလှယ်ပြောတာကို မိုက်ပိတ်ပစ်တယ်။ ခြေဥပြင်ဖို့ ဆွေးနွေးတဲ့အထဲ တပ်ကိုယ်စားလှယ်ပြောတာကို စာပိုဒ် တစ်ပိုဒ်လုံးဖြုတ်ချပစ်တယ်။ ခြေဥပြင်ဖို့ အချေ အတင်ပြောကြတဲ့အချိန်မှာ တပ်မတော် ကို မျိုးစုံပုတ်ခတ်ပြီးပြောတယ်။ လွှတ်တော် ထဲမှာရော အစိုးရမှာရော အကောင်း မပြောတော့ ပန်ဆယ်လို တို့ မောင်မောင်အေး တို့ ဆိုတဲ့ Influencer တွေက အွန်လိုင်းမှာ ဒဲ့တစ်မျိုး တွတ် တစ်မျိုး စော်ကားတယ်။ ဒါတွေကို ၅ နှစ်လုံးလုံး ခံစားခဲ့ရ တဲ့ တပ်နဲ့ တပ်မိသားစု၀င် တွေ အသိဆုံးပါ။
အဲ့ကနေ ဖေ ၂ မှာ တပ်က အာဏာထိန်းတယ်။ မှားတာမှန်တာတခဏထား။ အာဏာထိန်းပြီးတော့ ပိုသိသာသွားတယ်။ ဆဲလိုက်ကြတာ ဆိုလိုက်ကြတာဆိုတာ။ အဲ့လို ခေတ်အဆက်ဆက် စနစ်အဆက်ဆက် က ဆဲခဲ့ ဆိုခဲ့ကြတဲ့ လူတွေ တပ်မတော်နဲ့ တပ်မတော်သားမိသားစု၀င်တွေကို တကယ်ချစ်ပါတယ် လို့ ပြောတာကို ဘယ်လိုယုံပေးရမှာလဲဗျ .. ဟမ်း
မင်းထက်ကျော်ဇော
==================================
Post a Comment