ကန့်ဘလူမြိုနယ်အတွင်း ဆရာတော်တစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးအား NLD အစွန်းရောက်များဖွဲစည်းထားသည့် PDF အကြမ်းဖက်သမားများက ရက်စက်စွာ လုပ်ကြံသတ်ဖြတ်

ကန့်ဘလူမြိုနယ်အတွင်း ဆရာတော်တစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးအား NLD အစွန်းရောက်များဖွဲစည်းထားသည့် PDF အကြမ်းဖက်သမားများက ရက်စက်စွာ လုပ်ကြံသတ်ဖြတ်

MNP ၊ ဇန်နဝါရီ ၁၇

ကန့်ဘလူမြိုနယ်၊ ပန်းကုံးသာကျေးရွာမှ ဆရာတော်ဦးပဏ္ဍိတအား NLD အစွန်းရောက်များဖွဲစည်းထားသည့် PDF အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်သွားကြောင်း သိရသည်။
အလားတူ ကန့်ဘလူမြိုနယ်၊ မယ်ဇလီကုန်းကျေးရွာမှ ဦးအောင်ကျော်သူရဆန်း အား ၁၅ - ၁ - ၂၀၂၂ ရက်နေ့ညက NLD အစွန်းရောက်များ ဖွဲစည်းထားသည့် PDF အကြမ်းဖက်သမားများက ရက်စက်စွာ ခေါင်းဖြတ်သတ်သွားခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။
ဆရာတော်ဦးပဏ္ဍိတ လုပ်ကြံအသတ်ခံရခြင်းနှင့် ပတ်သက်၍ ဆရာတော်က ကျောင်းအနီးရှိ ဆိုင်ကယ်ဝပ်ရှော့မှ ပုဂ္ဂိုလ်က လက်နက်များ လုပ်ပေးနေသည်ကို သိရသဖြင့် မလုပ်ဆောင်ရန် တားမြစ်ခဲ့သည်ကို ဆိုင်ကယ်ဝပ်လျှော့မှ ပုဂ္ဂိုလ်က PDF များနှင့် ပူးပေါင်းကာ လုပ်ကြံသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော်ဦးပဏ္ဍိတနှင့် ဦးအောင်ကျော်သူရဆန်းအား လုပ်ကြံသတ်ဖြတ်သွားသည့် NLD အစွန်းရောက်များ ဖွဲစည်းထားသည့် PDF အကြမ်းဖက်သမားများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
NLD အစွန်းရောက်များ ဖွဲစည်းထားသော PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆရာတော်ဦးပဏ္ဍိတ အပါအဝင် သံဃာတော် ၁၉ပါးအထိ ဆုံးရှုးခဲ့ရသည်။

https://t.me/MyanmarNationalPost
www.mnpnewsagency.com

Post a Comment

Previous Post Next Post