အမေရိကန်၏တောင်းဆိုမှုအရ ဟက်ကာများကို ရုရှားထောက်လှမ်းရေးကဖမ်းဆီးထား

အမေရိကန်၏တောင်းဆိုမှုအရ ဟက်ကာများကို ရုရှားထောက်လှမ်းရေးကဖမ်းဆီးထား

မော်စကို၊ ဇန်နဝါရီ ၁၇

အမေရိကန်ကုမ္ပဏီများအပေါ် စိုင်ဘာတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု သံသယရှိသော ဟက်ကာအဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်များကို အမေရိကန်ပြည်ထောင်စု၏ တောင်းဆိုချက်အရ မိမိတို့ဖမ်းဆီးပေးထားကြောင်း ရုရှားထောက်လှမ်းရေးအဖွဲ့ FSB  ကပြောသည်။

RANSOMWARE ဟုခေါ်သည့် အဖျက်အမှောင့် ကွန်ပြူတာပရိုဂရမ်ကိုအသုံးပြု၍ စိုင်ဘာတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု သံသယရှိသော ရုရှားအခြေစိုက် REvil  ဟက်ကာအဖွဲ့မှ အဖွဲ့ဝင် ၁၄ ဦးကို ဖမ်းဆီးထားခြင်းဖြစ်သည်။

ယင်းတို့အနက် တစ်ဦးမှ အမေရိကန်ပိုက်လိုင်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Colonial Pipeline ကုမ္ပဏီအား ယမန်နှစ် မေလအတွင်းက စိုင်ဘာတိုက်ခိုက်မှုများပြုလုပ်ရာတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတို့ကပြောသည်။ ယင်းတိုက်ခိုက်မှုတွင် ကုမ္ပဏီ၏တန်ဖိုးရှိသော အချက်အလက်များပြန်လည်ရရှိရေးအတွက် စိုင်ဘာပြန်ပေးသမားတို့တောင်းသော ငွေကို ကုမ္ပဏီမှ ပေးခဲ့သည်။

Telegram တွင်ဖတ်ရန် >>
https://t.me/popularjournal/5367
Ref: Russia arrests hackers at us request

Post a Comment

Previous Post Next Post