အကြမ်းဖက်သောင်းကျန်းသူ KKOခွဲထွက်နှင့် PDFအဖွဲ့မှ ဓားပြတိုက်ပြီး ယာဥ်အားမီးရှို့

ဇန်နဝါရီလ ၂၇ရက်နေ့ည ၉ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်၊ ချောင်းတောင်ရွာအထွက် ​မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီး ပေါ်တွင်စားသောက်ကုန်များသယ်ဆောင်မောင်းနှင်လာသော ၆ဘီးယာဥ်တစ်စီးအား အကြမ်းဖက်သောင်းကျန်းသူ KKOခွဲထွက်နှင့် PDFအဖွဲ့မှ ဓားပြတိုက်ပြီး ယာဥ်အားမီးရှို့ခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။ 
ယာဥ်ပိုင်ရှင်မှာ မြဝတီမြို့၊ မွေးမြူရေးဇုန်တွင်နေထိုင်သူ ဦးသိန်းဇံဖြစ်ပြီး၊ ကုန်ပစ္စည်းများအား မြဝတီမှတစ်ဆင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံသို့ပေးပို့ရန်အတွက် ယာဥ်မောင်း ဦးဇော်ဇော်ဦးနှင့်ဇနီးတို့အားစေလွှတ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ယာဥ်ချောင်းတောင်ရွာအနားရောက်ရှိချိန်တွင် အကြမ်းဖက်အဖွဲ့မှ ခရီးသွားပြည်သူဟန်ဆောင်ကာလက်ပြတားလို့ကားရပ်ပေးတဲ့အခါမှာ လမ်းဘေးတွင်ပုန်းခိုနေတဲ့အဖွဲ့မှ သေနတ်ဖြင့်ချိန်၍ကားပေါ်မှဆင်းစေပြီး ပါလာသည့်ရွှေ၊ငွေ၊ လက်ဝတ်လက်စားနှင့် တစ်နိုင်သယ်နိုင်သည့်စားစရာများအားယူဆောင်ကြသည်။ ၎င်းနောက် ကားပေါ်တွင်ပါလာသည့်အရန်ဓာတ်ဆီပုံးမှဓာတ်ဆီများဖြင့်လောင်းကာ ယုတ်မာကောက်ကျစ်စွာ မီးရှို့ထားခဲ့သည်။ 
အဆိုပါအကြမ်းဖက်အဖွဲ့အား နယ်မြေခံလခရအဖွဲ့မှ တောနင်းပြီးလိုက်လံရှင်းလင်းနေကြောင်းသိရှိရသည်။

Post a Comment

Previous Post Next Post