ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆင်ဘိုဒေသရှိ ဒေသခံရှမ်းလူမျိုးတွေကို ယခုရက်ပိုင်းအတွင်း KIA နှင့် PDF ပူးပေါင်းအကြမ်းဖက် အဖွဲ့မှ မူးယစ်ဆေးသုံးသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် KIA နှင့် PDF ပူးပေါင်း အကြမ်းဖက်အဖွဲ့သည် ကချင် ပြည်နယ် မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့ နယ်ရှိ ညောင်ပင်သာကျေးရွာသို့ ရောက်ရှိလာပြီး ဒေသခံရှမ်း လူမျိုး လူငယ် ၈ ဦးကို မူးယစ်ဆေးသုံးသည်ဟု စွပ်စွဲ၍ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ အလားတူ ဇန်နဝါရီ လ ၂၅ ရက်နေ့တွင်လည်း အဆိုပါ ပူးပေါင်းအကြမ်းဖက်အဖွဲ့မှ ညောင်ပင်သာကျေးရွာသို့ ထပ်မံရောက်ရှိ လာပြီး ဒေသခံ ရှမ်းလူငယ် ၂ ဦးအား ထပ်မံ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း အဆိုပါ ဒေသခံတွေက ပြောပါ တယ်။
" အခုရက်ပိုင်း ရွာကို ခဏခဏလာပြီး လူငယ်တွေကိုပဲ ရွေးခေါ်သွား တာ။ သူ့တို့ပြောတာတော့ ကလေးတွေက ဆေးသုံးလို့တဲ့။ ဒီကလေး တွေက ရိုးရိုးသားသားလေးတွေ ဒါ့ကို မဟုတ်မမှန် စွပ်စွဲပြီး ခေါ်သွား တာတော့ မကောင်းဘူးပေါ့ဗျာ။ တကယ့်ကို အောက်တန်းကျတဲ့ လုပ်ရပ်ပဲ။ပြီးတော့ ဒီဒေသက သူ့တို့ နှိပ်စက်သမျှ အမြဲခံနေရတာ။ လူသစ်စုလဲ ပေးလိုက်ရတာပဲ။ ဆက်ကြေးငွေဆိုလဲ ပေးလိုက်ရတာပဲ။ ဆန်လို ဆန်။ အရက်လို အရက်ပေးနေရတာ။ ဒီလောက်ပေးနေရတာကို ပြန်မကြည့်ပဲ အခုလို လူဖမ်းလိုက်နဲ့ ပြီးရင် ငွေနဲ့ ပြန်ရွေးခိုင်းတာတော့ မလုပ်သင့်ဘူးပေါ့ဗျာ " ဟု ပြောသည်။
KIA နှင့် PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဒေသခံလူငယ်များကို မကြာခဏ ဖမ်းဆီးခေါ်ဆောင်မှုများကြောင့် ဒေသခံပြည်သူများမှာ နောက်ထပ် လာဖမ်းမည်ကို စိုးရိမ်ထိတ်လန့် လျက် ရှိနေကြောင်း သိရပြီး အချို့မှာ ဖမ်းခံရမည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေရမှုများလည်း ရှိနေကြောင်း သိရသည်။
ယခင်ကလည်း KIA အနေဖြင့် ရှမ်းလူမျိုးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း များအပြင် လူငယ်များကို လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်မှုကြောင်း ရှမ်းလူမှုအဖွဲ့အစည်းများရဲ့ မကြာခဏ ဆန့်ကျင်ကန့်ကွက်ရှုတ်ချမှုများကို ခံနေရသည်။
Post a Comment